ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အချိန်ကုန်ငွေကုန်သက်သာစေဖို့



ကြက်ဥပြုတ်တွေမကွဲရအောင်

ကြက်ဥပြုတ်အိုးတည်ထားပြီး မေ့နေရင် ကြက်ဥတွေ အကျက်လွန်တဲ့အခါ အခွံတွေ အက်ကွဲလာပြီး ကြက်ဥ အကာတွေ ထွက်လာတာမျိုးရှိပါတယ်. . ဒီလိုမဖြစ်ရအောင် အိုးထဲကို ရေများများနဲ့ ဆားအနည်းငယ်ထည့်ပြီး ပြုတ်မယ်ဆိုရင် ကြက်ဥတွေ အကျက်လွန်သွားလည်း အခွံတွေ မအက်ကွဲတော့ပါဘူး.

စွပ်ပြုတ်တွေ ငန်သွားရင်

ဆားအထည့်လွန်ပြီး သောက်မရအောင် ငန်သွားတဲ့ စွပ်ပြုတ်ရည်ထဲကို အာလူး အစိမ်းတွေကို ထက်ခြမ်းခြမ်းပြီး စွပ်ပြုတ်ထဲ ထည့်ချက်လိုက်တဲ့အခါမှာ အာလူးတွေက ဆားရဲ့ အငန်ဓာတ်တွေအားလုံးကို စုပ်ယူသွားတာမို့ ငန်နေတဲ့ စွပ်ပြုတ်အိုါ် အဆင်ပြေသွားမှာပါ. . .

အနံ့မွှေးတဲ့ ဟင်းတစ်ခွက်ရဖို့.

တရုတ်နံနံရွက်တွေကို စက္ကူသန့်သန့်တစ်ခုပေါ်တင်ပြီး နေခြောက်လှန်းပါ. . . ပြီးရင် ပုလင်းထဲထည့်ပြီး သိမ်းထားပါ. . . စွပ်ပြုတ်၊ အသုပ်နဲ့ တခြား ဟင်းလျာများ ချက်တဲ့အခါမှာ တရုတ်နံနံပင်ခြောက်ကို မွမွခြေပြီး ထည့်ပေးပါ. . ထူးကဲတဲ့ အနံ့နဲ့ နှစ်သက်စရာကောင်းတဲ့ အရသာကို ပေးပါတယ်.

ချိုးကပ်နေတဲ့ ကိတ်မုန့်တွေ ကို လွယ်လွယ်ခွာရအောင်

မုန့်ဖုတ်တဲ့အိုးမှာ ကိတ်မုန့်လွှာတွေ ကပ်ကျန်နေတဲ့အခါ မီးအရှိန်နည်းနည်းနဲ့ အနွေးဓာတ်ရှိနေတဲ့ မုန့်ဖုတ်ဖိုမှာ အိုးကို ခဏလေးတင်လိုက်ပါ. . .ချိုးကပ်နေတဲ့ ကိတ်မုန့်တွေ အလိုလို ကွာလာပါလိမ့်မယ်. . . ဒါမျာ မဟုတ် မုန့်ဖုတ်ဒယ်အိုးမှာဖယောင်း စက္ကူလေးခံပြီးတော့ မုန့်ဖုတ်ရင်လည်း ချိုးတွေ မကပ်တော့ပါဘူး. ..


အားလုံးကိုချစ်ခင်လေးစားလျှက်...





5 comments:

  1. အင်း... စမ်းကြည့်မယ်.... ကိုယ်ကိုယ်တိုင်ချက်စားနေရတာဆိုတော့.....

    ReplyDelete
  2. ညီမရေ.. တကယ် ဗဟုသုတရတယ်။ ကြက်ဥပြုတ်ရင် အဲသလိုဖြစ်တတ်လို့ အမြဲသတိထားနေရတယ်။ ညီမပြောတဲ့နည်းစမ်းကြည့်ရမယ်။ လွယ်လွယ်လေးနဲ့ ကောင်းတဲ့နည်းလေးတွေမို့ ကျေးဇူးပါ။

    ReplyDelete
  3. ကြက်ဥပြုတ်နည်း သိသွားပြီ။ အဲဒီအတိုင်းလုပ်မယ်။

    ReplyDelete
  4. ကျေးဇူးတင်လျှက်
    မနက်ကျစမ်းသပ်ခွင့်ကြုံတယ်လေ

    ReplyDelete
  5. အမပို့ စ်ဖတ်ပြီးမှမီးဖိုခန်းမှာ ကြက်ဥအိုးပြုတ်ထား
    တာသတိရလို့ ပြေးယူရသေးတယ်ဗျာ ဟီးးးးးးးးးး
    တော်သေးတယ် အကုန်မလစ်ကုန်လို့ နောက်ဆို
    ဆားလေးနဲနဲ ထည့်ပြုတ်မှ :D

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။