ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တွေးကြည့်


နှစ်မျိုး

လူတွေမှာ အားနည်းချက် နှစ်မျိုးရှိပါတယ်. . . ပထမအားနည်းချက်က ကိုယ်တော်ကြောင်း ကိုယ်မသိဘဲ အားငယ်နေတာဖြစ်ပြီး ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .

သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်

တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊ အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်. .

အမြင်ချင်းတူမလား

အသုံးမကျတဲ့ အမူအကျင့်စရိုက်တွေကို မစွန့်ပစ်တဲ့သူဟာ လွှင့်ပစ်ရမယ့် အမှိုက်တွေကို မီးခံသေတ္တာထဲ ထည့်သိမ်းထားတာနဲ့ အတူတူပါပဲ

ဒီနေ့ကိုယ်လုပ်ရမယ့် အလုပ် ကိုယ့်ဘာသာ ကိုယ်သတ်မှတ်မထားရင် သူများတွေခိုင်းတာတွေ လုပ်ရင်း အချိန်တွေကုန်သွားလိမ့်မယ်လို့ မြင်ပါတယ်. . .

ကမ္ဘာကြီးက ရွာဖြစ်လာချိန်မှာ ကိုယ်က ရွာပြင်ထွက် အိပ်မောကျမနေသင့်ပါဘူး . . .

ဆက်တွေးပါ

ကိုယ့်ကိုယ်ကိုယ်မှ မှန်မှန်ကန်ကန် စနစ်တကျ နေထိုင်၊ ပြောဆိုလုပ်ကိုင်တတ်ဖို့ မထိန်းကျောင်းနိုင်ရင် သူများတွေကို ဘယ်လိုဦးဆောင်မှာလဲ. . . သူများတွေကို ဦးမဆောင်ချင်တာကရပါသေးတယ်. . ကိုယ့်ကိုယ်ကိုယ်မှ ကိုယ် ဦးမဆောင်နိုင်ရင်တော့ ကိုယ်ပဲ ဒုက္ခရောက်မှာပါ...

ကံချွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. ဟောဗျာ ...
    တကယ်ကို တွေးစရာပါလားဗျ ...း))

    ReplyDelete
  2. ကောင်းလိုက်တဲ့စာဗျာ..... ကြိုက်တယ်....

    ReplyDelete
  3. အောက်ဆုံးက ဆက်တွေးပါ ဆိုတာလေးကို အနှစ်သက်ဆုံးပဲ။ တကယ့်ကို မှတ်သားစရာ စကားလုံလေးတွေကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. တွေးကြည့်ဖို့လိုတာလေးတွေလာဖတ်သွားပါတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ..။

    ReplyDelete
  5. ကိုယ်ဘယ်လိုလူထဲမှာ ပါလည်း သေသေချာချာ စဉ်းစား လိုက်အုံးမယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။