ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ငွေဆောင်ကမ်းခြေ. . . .


ငွေဆောင် (၁၀) နှစ်ပြည့် အ၀င်ဆိုင်းဘုတ်


Silver View Hotle



အုန်းရေသောက်လို့လည်းရတယ်..

ကျောက်ပုဇွန်စားအုံးမလား ?


နိုင်ငံခြားသားတွေနဲ့ အတူ



လှည်းလည်းစီးလို့ရတယ်



သောင်ပြင်မှာရေကူးရင်း အပန်းဖြေနေသူများ

ချစ်သူများကျွန်း


ဧရာဝတီတိုင်းမှာရှိတဲ့ ငွေဆောင်ကမ်းခြေဟာ မြန်မာနိုင်ငံမှာ ငပလီကမ်းခြေပြီးရင် အသာယာဆုံးဖြစ်ပါတယ်။ ရန်ကုန်ကနေ ကားလမ်းနဲ့ မိုင် ၂၂၀ ကွာဝေးပါတယ်။ ရန်ကုန်ကနေ ကားနဲ့ သွားရင် ၇ နာရီလောက် မောင်းရပါတယ်။ ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀၀၀ခုနှစ်တွင် စတင်ဖွင့်လှစ် သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများ ရှိရာ နေရာ ဖြစ်သည်. . . .ကမ္ဘာလှည့်ခရီးသည်အများစု ကြိုက်နှစ်သက်တဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်. ..

ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ ကားနဲ့ သွားရင် ၂ နာရီခန့်ကြာမြင့်ပြီး ဆိုင်ကယ်နှင့်သွားပါက ၁ နာရီခွဲခန့်သာ မောင်းရပါသည်. . .အရင်ကလမ်းဆိုးပေမယ့် အခုတော့ လမ်းပြင်ဆင်မှုတွေ ပြီးသွားပြီဖြစ်တဲ့အတွက် ချောချောမောမောနဲ့ အချိန်တိုအတွင်းမှာ သွားနိုင်ပါပြီ။ ပင်ပန်းသမျှကို အနားယူအပန်းဖြေဖို့ အသင့်တော်ဆုံး နေရာလေးတစ်ခုပေါ့ . . . .

မတ် ၂၅ရက်မှ ၂၈ရက် အထိ ကျင်းပခဲ့တဲ့ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား များကို ပျော်ပွဲ ရွှင်ပွဲများ၊ ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး အစီအစဉ် များအပြင် Miss Ngwe Saung 2010 ပြိုင် ပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ပါသည်. . .ပန်းကဗျာ၊မေ16 တို့က ငွေဆောင်မှာ တာဝန်ကျနေတဲ့ဦးလေး မိသားစုတွေနဲ့ အတူ မတ်လ ၂၇ ရက်နေ့ ရုံးပိတ်ရက်မှာ ငွေဆောင်ကို တစ်ညအိပ် ခရီးသွားခဲ့ပါတယ်. .

ပန်းကဗျာတို့လည်း ပင်လယ်ကမ်းခြေမှာ မနက်ရော၊ညနေရော ရေချိုး ၊ အုန်းရေသောက် ၊ ငါးကင်တွေဝယ်စား၊ ပင်လယ်စာတွေ စားပြီး ကောင်းကောင်းကို အပန်းဖြေ အနားယူခဲ့ပါတယ်.. . ငွေဆောင်ကမ်းခြေ (၁၀) နှစ်ပြည့်စတိတ်ရှိုးကိုတော့ လူတွေအများကြီးမို့လို့မသွားဖြစ်ခဲ့ပါဘူး . . . ပင်လယ်ရေကိုရှူရှိုက်ရင်း အပန်းဖြေခဲ့ပါတယ်. . . .ငွေဆောင်ကမ်းခြေ ကနေ ချစ်သူများကျွန်းကို လည်းသွားနိုင်ပါတယ်. . . ဒါပေမယ့် ပန်းကဗျာတို့တော့ မရောက်ခဲ့ပါဘူး ရေတက်နေလို့ အဲဒီကျွန်းကိုသွားလို့မရလို့ အဝေးကပဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်. . .

ငွေဆောင်ကမ်းခြေဟာ ချောင်းသာကမ်းခြေထက် ကမ်းပိုကျယ်ပါတယ်. . . လှိုင်းလည်းပိုကြီးပါတယ်. . . ငွေဆောင်ကမ်းခြေမှာ အပန်းဖြေရင်း ၊ ကမ်းခြေအလှဓာတ်ပုံများကို စာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်. .စာဖတ်သူများလည်း ဓာတ်ပုံတွေကြည့်ပြီး ငွေဆောင်ကမ်းခြေကို သွားရောက် အပန်းဖြေနိုင်ပါစေလို့. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...





9 comments:

  1. အမရေ ငွေဆောင်ကမ်းခြေက ချောင်းသာထက်ကမ်းခြေ ထက်ပိုပြီး သာယာတယ်ဆိုတော့ ချောင်းသာကို သွားမဲ့အစား တစ်ခါမှ မရောက်ဘူးတဲ့ ငွေဆောင်ဖက် ဦးလှည့်လိုက်တော့မယ်နော် ။ ပုသိမ်ကတော့ ဖြတ်မှာပဲဆိုတော့ အမတို့ ပြေးမလွတ်ဘူးနော် :P (လောလောဆယ်တော့ ၁ရက်နေ့ကနေ သင်္ကြန်ပြီးတဲ့အထိ မေမေနဲ့ ရိပ်သာကို လိုက်ဝင်မလို့ အမရေ)

    ReplyDelete
  2. သွားချင်လိုက်တာ..

    ReplyDelete
  3. ငွေဆောင် မရောက်ဖူးသေးဘူး။ မြန်မာပြန်ရောက်ရင် သွားဦးမယ်။

    ReplyDelete
  4. ငွေဆောင်မှာ အပန်းသွားဖြေကြတယ်း) ပျော်ရွှင်ဖွယ် အနားယူရက်ကလေးဖြစ်ပါစေ တရက်ကတော့နဲလွန်းတယ်း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. ပြန်လွမ်းသွားတယ်ဗျို့ ပထမဆုံး ရောက်ဖူးတဲ့ ကမ်းခြေတခုပေါ့

    ReplyDelete
  6. မရောက်ဖူးသေးဘူးး...ဘယ်တော့ရောက်ဖြစ်မလဲတော့မသိသေးဘူးး ..:)

    ReplyDelete
  7. ဟိဟိ.. တို့တော့ ခုလေးတင်သွားခဲ့ပြီ....း))

    ReplyDelete
  8. ငွေဆောင်ခရီးကို အားကျငေးမောမိပါတယ် ညီမလေးပန်းကဗျာရေ... အုန်းရည်လေးကို လွမ်းလိုက်တာ...း)

    ReplyDelete
  9. ချောင်းသာပဲ ဒိုးဖူးတယ် ငွေဆောင်ကတော့ ငွေတော်တော် ဆောင်သွားရမယ် ကြားလို့ နောက်တစ်ခေါက်မှ လစ်တော့မယ်.. ပုံတွေက လန်းသဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။