ဇီဝဗေဒ ပညာရှင်ကြီးတစ်ယောက်က ရုံးကနေပြီး အိမ်သို့ ဖုန်းလှမ်းဆက်သည်. .
"မိန်းမရေ အရေးတကြီး ကိစ္စတစ်ခု ပေါ်လာလို့ကွာ၊ လုပ်ငန်းခွင် ရှိရာကို မနက်ဖြန်အားလပ်ရက်ကစပြီး ငါ တစ်ပတ်တိတိ ညအိပ်ညနေ ခရီးထွက်ပြီး ကွင်းဆင်း စစ်ဆေးရလိမ့်မယ်. . . ဒါကြောင့် တစ်ပတ်စာ အ၀တ်အစားတွေကို ခရီးသွား သေတ္တာထဲ ထည့်ထားပေးစမ်းကွာ၊ လုပ်ငန်းခွင်သုံး ကိရိယာ တန်ဆာပလာ သေတ္တာကိုလည်း အသင့်ပြင်ထားပေးဟေ့ . . . ငါ့ရဲ့ အပြောရောင် ပိုးသား ညအိပ် ၀တ်စုံကလေးပါ ထည့်ပေးလိုက်ဖို့ မမေ့နဲ့ဦး. . . . တော်ကြာ ငါအိမ်ကို နာရီဝက်လောက် ပြန်လာချိန်ရလိမ့်မယ်. . . အိမ်ကနေ ခရီးအထွက် တစ်ခါတည်း ဆွဲထွက်သွားလို့ရအောင်လို့ပါကွာ. . . "
သည်လိုနှင့် ပညာရှင်ကြီး ကွင်းဆင်းခရီးထွက်သွားခဲ့လေသည်. . . တစ်ပတ်အကြာမှာ ပင်ပန်း နွမ်းလျစွာ ပြန်ရောက်လာလေ၏. . . .
"ဘယ်လိုလည်း ဆရာကြီး ကွင်းဆင်းစစ်ဆေးခရီးလေး ဖြောင့်ဖြူးသာယာပါလေစ. . . ." ဟု မိန်းမက ဆီးမေးသည်. . . .
"သြော် အေး တကယ့်ကို ကွင်းဆင်းရတဲ့ ခရီး ပီသပါပေရဲ့ကွာ. . . လုပ်လိုက်ရတဲ့ အလုပ် ၊ တစ်ပတ်လုံးလုံး အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး. . . ဒါနဲ့ ငါမှာလိုက်တဲ့ အပြာရောင် ပိုးသားညအိပ် အင်္ကျီလည်း ရှာမတွေ့ပါလား. . မင်းထည့်ပေးဖို့ မေ့သွားတယ် ထင်ပါ. . . "
သည်တော့မှ မိန်းမ ပြန်ပြောလိုက်တော့မှ ပညာရှင်ကြီး အလုပ်လုပ်သည့် ခရီးဟုတ်မဟုတ် အတိုင်းသားပေါ်တော့သည်. .
"ဘာလို့ ထည့်မပေးလိုက်ရမှာလဲ. . ဘာဖြစ်လို့ ကျွန်မကမေ့သွားရမှာလည်း . . . . အဲဒီဝတ်စုံကို လုပ်ငန်းခွင်သုံး တန်ဆာပလာ ပစ္စည်းသေတ္တာထဲမှာကို ထည့်ပေးလိုက်တာ တော်ရေ့. . . ."
အားလုံးကိုချစ်ခင်လေးစားလျှက်...
:P လိမ်ချင်ဦးဟဲ့ ကိုယ့်မိန်းမကိုယ်း)
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
ဖြစ်ရမယ် ....း)
ReplyDeleteကျားရှေ့ဟတ်ထိုးလဲတာပဲ ...
ReplyDeleteတယ်တော်တဲ့မိန်းမ...
ReplyDeleteဟဲဟဲ...
တော်တော် ပညာပါတဲ့ ..မိန်းမ..ပဲ..
ReplyDeleteကိုယ့်ဆရာတော့ ခံသွားရတာပေါ့လေ..း )
ပျော်ပါစေ
*.*.*
စာလာဖတ်သွားပါတယ်။
ReplyDeleteး)))))))))))))))))))))))))))
သာယာချမ်းမြေ့ပါစေနော်
မိုး
မှတ်သွားပါသည် ပညာရှင်ကြီးလည်း လိမ်တတ်သည်
ReplyDeleteဒေါ်မေ၁၆လည်း - - -
ရေးတတ်သည်လို့ ဒီ
စာလာဖတ်သွားတယ်နော်
ReplyDeleteတော်တော် ပညာပါတဲ့ ..မိန်းမ..ပဲ..ကောင်းဒယ်
ReplyDelete