- နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
- နှစ်ကျောင်းသုံးကျောင်းပြောင်းသော ရဟန်း၊
- နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
- The woman , who changes two or three husbands,
- The priest, who changes tow or three monasteries,
- The bird which escapes from traps twice or thrice,
These may have many deceits.
- ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
- မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
- မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
- အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
- The wicked may be tamed by beating,
- The bad friend by quitting,
- The bad wife by not giving wealth,
- The greedy by reduction of food.
- လရောင်မှ ကင်းသော ညသည် မတင့်တယ်။
- လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
- ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
- လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။
- The night without moon is disgraceful.
- The ocean without waves is disgraceful.
- The pond without ducks (Hamza) is disgraceful.
- The maiden without husband is disgraceful.
အားလုံးကိုချစ်ခင်လေးစားလျှက်...

လိုချင်တာလေး ယူသွားပါတယ်
ReplyDeleteပျော်ရွှင်ပါစေ ...
မှတ်သားစရာတွေ လေ့လာ မှတ်သားသွားပါတယ်။
ReplyDeleteနောက်ဆုံး အပိုဒ်က လေးကြောင်းလုံး နှစ်သက်လို့ ကူးသွားတယ် အမရေ..။
ခင်မင်လေးစားလျှက်
လောကနီတိဆိုတာ လောကမှာ ဖြစ်လေ့ဖြစ်တတ်တဲ့ သဘောတရားလေးတွေကို ဖော်ပြပေးတဲ့ နီတိတွေဘဲ မဟုတ်ပါလား။ တကယ်အကျိုးရှိပြီး ကောင်းမွန်လှတဲ့ စာပေတွေပါဘဲ။
ReplyDeleteပန်းကဗျာ မတရားဘူးထင်တယ်နော်--
ReplyDeleteနှစ်လင် သုံးလင်ပြောင်းသော မိန်းမ မာယာများ၏တဲ့
မိန်းမ နှစ်ယောက် သုံးယောက်ပြောင်းသော ယောက်ျားကား အဘယ်သို့ရှိအံ့နည်း? ဟီးးးးးးးးးး
တန်ဖိုးရှိတဲ့ စာသားလေးတွေပြန်ဖတ်ခွင့် ရလို့ ကျေးဇူးပါ။
ReplyDeleteအပေါ်ကတစ်ယောက်ပြောတာလည်းဟုတ်နေတာပဲးp
သာယာချမ်းမြေ့ပါစေနော်
မိုး