မျက်စိကုဆေးဆရာ
အဘွားတစ်ယောက်ရဲ့ မျက်စိကို မျစ်စိကုတဲ့ ဆေးဆရာဆီမှာ အခပေးလျက် ကုသစေတယ်. . .
သူ့မျက်လုံးကို ဆေးလိမ်းရမှာကို ဆေးလိမ်းတဲ့အကြိမ်တိုင်းမှာ မျက်လုံးကို ပိတ်ထားရမယ်လို့ ဆေးဆရာက ပြောပြီး ဆေးလိမ်းပေးပါတယ်. . . .. မျက်လုံးပိတ်ထားတုန်းမှာ ဆေးဆရာက အဘွားရဲ့ ပစ္စည်းတွေကို ခိုးယူနေတာကိုး . . .
မျက်စိအမြင်ပြန်လည်ကောင်းမွန်သွားတဲ့အခါ စည်းထားတဲ့ ပတ်တီးကို ခွာလိုက်ပြီး . . . ပြောထားတဲ့ ဆေးဖိုးဝါးခ အတိုင်းတောင်းလေရောတဲ့ . . . အဲဒီမှာ အဘွားက ဆေးကုသခကို မပေးတော့ဘူး. . . ဒါကြောင့် ဆေးဆရာက တရားရုံးမှာ တိုင်တန်းပါတယ်. . .
အဘွားက ဆေးကုသကို မပေးရတဲ့ အကြောင်းကတော့ မျက်စိမြင်ရဖို့ အခပေးကာ ဆေးကုသစေခဲ့တာ ဟုတ်ပါတယ်. . . . ဒါပေမယ့် ဆေးကုသပြီးပါမှ မျက်စိဟာ အရင်ကထက် ပိုဆိုးနေကြောင်းကို ပြောပြပါတယ်. . .
သူဆေးမကုခင်ကမှ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို မြင်နိုင်ပါသေးတယ်. . . အခုမှ အိမ်က ပစ္စည်းတွေကို မတွေ့မမြင်ရတော့ဘူးတဲ့. . . ဒါကြောင့် မျက်စိ ဆေးကုသခကို သူ မပေးနိုင်ပါဘူးလို့ ဆင်ခြေပေးလိုက်ပါတယ်. .
(အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်)
အီစွတ်ပုံပြင်
ွ
အားလုံးကိုချစ်ခင်လေးစားလျှက်...
Subscribe to:
Post Comments (Atom)
သူများပစ္စည်းကို အချောင်လိုချင်၊ မရိုးသားနဲ့ နည်းနဲ့ လိုချင်ကြတော့ ဆုံးရှုံးရစမြဲပါ။ ဒီပုံပြင်လေးက စိတ်ထဲ တခုခုလိုအပ်နေသလိုပဲ မျက်စိမမြင်တဲ့အဖွားအတွက် အမှန်တရားက ဘယ်မှာတုန်း....... သူ့ပစ္စည်းတွေ ခိုးခံလိုက်ရတာ..... ဒါဟာ သူ့ရဲ့မျက်လုံးအတွက် တန်ဖိုးလားးးးးးးးးး သိပ်တော့ နားမလည်နိုင်ဘူး... နောက်ဆုံး
ReplyDelete(အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်) အဲ့ဒါလေးပဲ မှတ်သွားတယ်း) ကျေးဇူး
လေးစားလျက်
တောင်ပေါ်သား
ကြေရောပေါ့းဝ
ReplyDeleteသူများ မကောင်းကြံ ကိုယ့်ဘေးဒဏ်...ဆိုတာလေး
ReplyDeleteသွားသတိရမိတယ်.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းနိုင်ကြပါစေ...
အပြုသဘောဆောင်တဲ့ ပုံပြင်လေးမို့ ကြိုက်ပါ၏..
ပျော်ပါစေခင်ဗျာ
*.*.*
ဧရာဝတီရေ ပုံပြင်လေးအတွက်ကျေးဇူးပါ......
ReplyDeleteကိုယ်ပြုလိုက်တဲ့ မကောင်းတဲ့လုပ်ရပ် ကိုယ့်စီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတဲ့ သဘောပေါ့နော်
ReplyDeleteမကောင်းတာလုပ်က မကောင်းတာ ခံရဧ။် ...
ReplyDeleteဟုတ်တယ် ကောင်းတယ်။
ReplyDeleteဒါ မကောင်းကြံ ဘေးဒဏ်ထိ ဆိုတာလေး ကိုအမှတ်ရစေတယ်။ ဆင်ခြင်စရာပဲနော်။ ကောင်းတယ် မ။ ကျေးဇူးပါ။