ကျွန်တို့ မောင်နှမတွေ တွေရုံးအားရက်တွေ ရပြီဆိုရင် အချိန်တိုတိုနဲ့ ဘယ်ကို အပန်းဖြေ ခရီးထွက်ရင်ကောင်းမလည်းဆိုတာ ခဏခဏ စဉ်းစားပါတယ်. . . ဘယ်ကိုသွားမယ် ဘယ်နှစ်ရက်ကြာမယ် ဆိုပြီးတွက်လိုက်. . . ရက်ရှည်ရင် ရုံးကခွင့်မရတာနဲ့ လက်လျှော့လိုက်ရတာတွေများပါပြီ. . ဒီလိုနဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ အချိန်တိုတောင်းစွာနဲ့ အပန်းဖြေလို့ကောင်းတဲ့ ချောင်းသာခရီးစဉ်လေးတစ်ခုကို ကျွန်မတို့ မောင်နှမတွေ ဆိုင်ကယ်နဲ့ သွားဖြစ်ခဲ့ပါတယ်. . .
ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ ချောင်းသာရွာနဲ့ ပင်လယ်ကမ်းခြေပဲ ဖြစ်ပါတယ်။ချောင်းသာရွာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့် က ယခုလို ချောင်းအထက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (မူရင်း)အမည် ချောင်းသာယာ ကနေပြီး ချောင်းသာ လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်က နေ ပုသိမ်ကို ၁၁၅ မိုင် ဝေးပြီး ပုသိမ်မြို့ရဲ့ အနောက်ဘက် ၃၈မိုင် အကွာမှာ ချောင်းသာကမ်းခြေ ရှိပါတယ်။ဒါကြောင့် ရန်ကုန်ကနေ ချောင်းသာကို ၁၅၃မိုင် ဝေးပါတယ်။
"ပုသိမ်ကြိုးတံတား"
ရန်ကုန်မြို့ မှ ချောင်းသာအထိ အဝေးပြေးကားဖြင့် တိုက်ရိုက်သွားနိုင် သလို ရန်ကုန်မြို့မှ ပုသိမ်၊ ပုသိမ်မှ ချောင်းသာသို့ တစ်ဆင့် လည်းသွားနိုင်ပါတယ်။ရန်ကုန်မြို့မှ ချောင်းသာသို့ သွားရာ လမ်းခရိးတစ်လျှောက်တွင် ယခင်က မြစ်များကိုဇက်ဖြင့် ကူး၍ ခက်ခက်ခဲခဲ သွားခဲ့ရသော်လည်း ယခုအခါ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ "ဗိုလ်မြတ်ထွန်းတံတား"နဲ့ ပုသိမ်မြို့အနောက်ဘက်မှာရှိတဲ့ "ပုသိမ်ကြိုးတံတား" လို့ခေါ်တဲ့ င၀န်မြစ်ကူးတံတားတွေ ဆောက်ပြီးတဲ့ အတွက် သွားလာရေး လွယ်ကူ နေပြီဖြစ် ပါတယ်။
"ချောင်းသာကမ်းခြေအ၀င်ဆိုင်းဘုတ်"
ချောင်းသာကမ်းခြေမှာ ပင်လယ်ကမ်းခြေကို မျက်နှာပြုပြီး ဟိုတယ်ကြီးတွေ ဘန်ဂလိုတွေ ရှိပါတယ်။ အတွင်းဘက်ကျတဲ့ ရွာထဲမှာလည်း တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။အဝေးပြေးယာဉ် ရပ်နားစခန်း၊ စာတိုက်နဲ့ တယ်လီဖုန်းရုံလည်း ရှိပါတယ်။အဆင့်အတန်းမြင့် ဟိုတယ်တွင် အဆင့်အတန်းမြင့်မြင့် တည်းခိုနိုင်သလို စရိတ်စက နည်းနည်းနဲ့လည်းတည်းနိုင်တဲ့ တည်းခိုခန်းတွေလည်း ရှိပါတယ်။
ပင်လယ်ကမ်းခြေမှာ ပင်လယ်ရနံ့ပါတဲ့ လေကို အားပါးတရ ရှုရှိုက်ရတာ စိတ်ကို လန်းဆန်းစေပါတယ်။ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် သဲဖြူကျွန်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီသဲဖြုကျွန်းကိုလည်း လည်ပတ်နိုင်ဖို့ စက်လှေများနဲ့ ၀န်ဆောင်မှု ပေးပါတယ်။ သဲဖြူကျွန်းအပြင် အောင်မင်္ဂလာကျွန်းခေါ် ဖိုးကုလားကျွန်းကိုလည်းသွားနိုင်ဖို့ စက်လှေနဲ့ ပို့ဆောင်ပေးပါတယ်။ ချောင်းသာကမ်းခြေကနေ ကျောက်မောင်နှမ ဘက် ကို စင်းလုံးငှား မော်တော် ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ကမ်းခြေရှိ ကျောက်ပုထိုး စေတီတော်မြတ်ကို လည်း ဖူးမြော်နိုင်ပါတယ်။
မနက်ဝေလီဝေလင်းကနေပြီး ညနေနေ၀င်ချိန် အထိ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြသူတွေ၊ ဘောလုံးကစား ကြသူတွေ စွန်လွှတ်ကြသူတွေ၊ မြင်းစီးကြသူတွေ၊ အလှဓာတ်ပုံရိုက်ကြသူတွေ၊ ပင်လယ်လှိုင်း စီးရင်းဆော့ကစားနေကြသူတွေနဲ့ စည်ကားလို့ နေပါတယ်။
ပင်လယ်စာ ဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းတွေကို အစိမ်းလိုက် တစ်မျိုး၊ကင်လို့တဖုံ ချက်လို့တစ်နည်း ရောင်းချနေကြပါတယ်။ဈေးလည်း ပေါပါတယ်။
ကမ်းခြေအမှတ်တရ ပစ္စည်းဆိုင်လေးများမှာလည်း လက်ဆောင်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။ချောင်းသာ ဈေးထဲမှာတော့ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက်၊ မျှင်ငါးပိ၊အုန်းဆီ၊ကျောက်ပွင့်ကျောက်မှော်စတဲ့ ပင်လယ်ထွက် ပစ္စည်းတွေ ရနိုင်ပါတယ်။ ပုသိမ်မြိုမှာ ပုသိမ်ဟာလ၀ါ နာမည်ကြီးသလို ချောင်းသာမှာ သရက်တော မုန့်ကို လူသိများလှပါတယ်။
ချောင်းသာဟာ သွားရေးလာရေး လွယ်ကူပြီး ကမ်းခြေပင်လယ်ရေ သန့်ရှင်းကြည်လင်တယ်။ကမ်းခြေအနီး ပတ်ဝန်းကျင်တွင် ကျွန်းနဲ့ သန္တာ ကျောက်တန်းတွေ ရှိလို့ ငါးမန်းစတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ သတ္တ၀ါတွေ မရှိနိုင်တဲ့ အပြင် အန္တရာယ် ကင်းစွာ ရေကစားတဲ့ သူတွေကို စောင့်ရှောက်ဖို့ကမ်းခြေစောင့် အသက်ကယ် ၀န်ထမ်းတွေ ထားပေးအတွက် လာပြိးအပန်းဖြေတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်ပါတယ်။
ချောင်းသာကနေပြီး ငွေဆောင်ကမ်းခြေကို ကုန်းလမ်းဒါမှမဟုတ် ရေလမ်းနဲ့ လည်း သွားရောက်နိုင်ပါသေးတယ်။ ချောင်းသာကို အပန်းဖြေခရီးထွက်တဲ့ အတွက် ခန္ဓာကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အားအင်သစ်တွေ ရရှိလာတယ်လို့ ခံစားရပါတယ်။ ချောင်းသာခရီးစဉ်ကတော့ တကယ်ကို နှစ်သက်စရာကောင်းလှပါတယ်။
ယခုလိုခရီးသွားရာသီတွင် အပန်းဖြေသွားဖို့ အတွက် စိတ်အေးချမ်းသာစွာနဲ့ ခရီးလည်းမဝေး သက်တောင့်သက်သာနဲ့သွားရေးလာရေးလွယ်ကူကောင်းမွန် တဲ့ချောင်းသာခရီးစဉ်ကို ရေးသား လိုက်ရခြင်း ဖြစ်ပါသည်။
ချောင်းသာကို အရင်က ၃ခေါက်လောက်တော့ ရောက်ဖူးတယ် အမရေ အခု အမရေးထားတာ ဖတ်ရလို့ အိမ်ကို နောက်တစ်ခေါက် လိုက်ပို့ပေးဖို့ ပူဆာအုံးမယ် ပုသိမ်ကို ဖြတ်ရင် လာလည်မယ်နော်း)
ReplyDeleteတီတီလူဇိုးးးးးးးးးးးးး ချောင်းသာသွားတာ မက်မက်ကိုတော့ မခေါ်သွားပြီ... ဒီလိုမှန်းသိရင် အဲဒီကို သွားပြီး ရီလက်ဇ် သွားလုပ်ပါတယ်။ ဟင့်
ReplyDeleteး(
ဘာမုန့်ဝယ်လာကြလဲ ပြော.... မိးမီးအတွက် ဘာလက်ဆောင်တွေ ၀ယ်လာလဲ.....
အာဝါးးးးးးးးးးးးးးးးး
ပင်လယ်မြင်တာနဲ့ကို သွားချင်နေတယ်ဗျာ
ReplyDeleteချောင်းသာတော့ အကြောင်းကြောင်းကြောင့် ခုထိကို မရောက်ဖူးသေးဘူး။ မြန်မာပြည်ပြန်ရောက်ရင် လုပ်ရမယ့် ကိစ္စထဲမှာ ချောင်းသာ သွားဖို့လည်း ပါတယ်။ ခုတော့ ပုံလေးတွေပဲ ကြည့်သွားရတော့မယ်။
ရောက်ဖူးပေမယ့် ကမ်းခြေဆိုဘယ်ချိန်ဖြစ်ဖြစ်သွားချင် သေးတာပဲ။ ဓါတ်ပုံတွေကိုမြင်ရတော့ အဲဒီကိုသွားချင်တဲ့ စိတ်က ပိုဖြစ်တယ်။း))
ReplyDeleteတစ်ခေါက်တော့ ရောက်ဖူးတယ်။ ဒါပေမဲ့ ထပ်ကာထပ်ကာ သွားချင်နေမိသေးတယ်။
ReplyDeleteပျော်စရာကြီးနော်...........
ReplyDeleteလူစုံရင် သွားဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့လဲ မသိနော်................
လက်တို့ခေါ်မသွားတာတော့ ကွေးချင်တယ်နော်။ ဟွန့်
ခုတော့ ဓာတ်ပုံလေးတွေကြည့်ပြီး အားကျနေရတယ်။။။
ပျော်စရာကြီး...
ReplyDeleteးဝ)