သီတဂူ တက္ကသိုလ် (ရန်ကုန်) စာသင်ကျောင်းဆောင်ကြီး အလှူတော် အတွက် သီတဂူ ဓမ္မပူဇာ အထူးတရားပွဲကို ပုသိမ်မြို့ မှာ ၃.၃.၂၀၁၀ မှ ၈.၃.၂၀၁၀ ရက်နေ့ထိကျင်းပခဲ့ပါတယ်. .
ပန်းကဗျာနဲ့ မေ16 ကတော့ ၃.၃.၂၀၁၀ ရက်နေ့ မှာ ဒေါက်တာ အရှင်ညဏိဿရ (သီတဂူဆရာတော်ကြီး) ဟောကြားတော်မူသော "ပဋိစ္စသမုပ္ပန္န" တရားတော်ကို သွားရောက် နာယူခဲ့ပါတယ်. . .
ပဋိစ္စသမုပ္ပန္န (၁)
ပဋိစ္စသမုပ္ပန္န (၂)
၎.၃.၂၀၁၀ ရက်နေ့မှာတော့ အရှင်ကာရုည ( စာချကထိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) က "ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်" တရားကို ဟောကြားတော်မူခဲ့ပါတယ်. . .
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၁)
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၂)
ကျန်တရားပွဲရက်များဖြစ်တဲ့ ၅.၃.၂၀၁၀ ရက်နေ့ကစပြီး တရားပွဲပြီးတဲ့အထိ ပန်းကဗျာ နေမကောင်းဖြစ်နေလို့ တရားပွဲမသွားနိုင်ခဲ့ပါဘူး. . . အခွေလည်းသွားမ၀ယ်ဖြစ်ခဲ့ပါဘူး ဒါကြောင့် ကျန်တရားပွဲရက်က တရားခွေများ အခွေထွက်ရင် အလျှဉ်းသင့်သလို တင်ပေးသွားပါ့မယ်ရှင်.
စာဖတ်ပရိသတ်အပေါင်းလည်း တရားတော်များကို နာယူနိုင်ပါရန် မျှဝေပေးလိုက်ပါတယ်ရှင်...
အားလုံးကိုချစ်ခင်လေးစားလျှက်...
အမပန်းကဗျာနဲ့အမမေတို့ရေ သာဓု သာဓု သာဓု ခေါ်ပါတယ် ။ မျှဝေပေးတာ ကျေးဇူးပါနော် အခုပြန်နေကောင်းသွားပြီလား? အမတို့ ပျော်ရွှင်ပါစေ။
ReplyDeleteကျေးဇူးတင်ပါတယ်ရှင် ..း)
ReplyDeleteနာပါ့မယ်
သာဓုလည်း ခေါ်ပါတယ် ..း))
ကျေးဇူးတင်တယ် သမီးရေ...
ReplyDeleteသာဓု..သာဓု..သာဓု...
တရားတော် တွေကူးသွားပါတယ်...
ပုသိမ်မှာ ဒီလိုပွဲတွေ လုပ်တော့ ... အားရကျေနပ်မိတယ်.. ။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ။
ReplyDeleteပန်းကဗျာတို့ကတော့ တရားတွေ နာပြီးရင်း နာရင်းဆိုတော့ ကုသိုလ်တွေ မနည်းရလောက်ပြီ။
ReplyDelete2nd part of Sidagu Sayardaw's tayar link is dead, please up load again.thanks
ReplyDeleteဟုတ်ကဲ့ပါ ဒုတိယပိုင်းကို ပြန်ပြီး တင်ပေးထားပါတယ်ရှင်. ဒေါင်းလို့ရပါပြီ
ReplyDelete