"မြတ်မိခင်၏ သားအချစ်နှင့် မျိုးချစ်မာန"
ကျောမှာ ဒဏ်ရာ၊ မပါရလို့
မွေးမေနှုတ်က ၊မှာလိုက်တယ်၊
မလှကြမ္မာ၊ ဒဏ်ရာရပေါ့
ခါခါရင်ဝ၊ ရပါ့ကွယ်၊
မေမေ့သံသာ ၊ ပဲ့တင်ထပ်လို့
စစ်မြေရပ်က ၊ ကြားရတယ်၊
သားတို့သင်ရာ ၊စစ်ကျောင်းကြီးက
သေနတ်ပြီးဆေး၊ ပေးလိုက်တယ်၊
ပြီးဆေးကိုယ်စီ၊ ဗျူဟာများနဲ့
သတ္တိကိုးစား၊ တိုက်ပါ့မယ်၊
ကျောနဲ့ရင်မှာ၊ အနာကင်းလို့
အောင်မြင်ခြင်းနဲ့၊ ပြန်ခဲ့မယ်၊
တိုက်မယ်တိုက်မယ်။
ကျော်ဇောဟန်
(၆၅နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဟိုး ..ငယ်ငယ်ကတော့ တပ်မတော်နေ့ဆိုရင် သွားသွားကြည့်ဖြစ်တယ်၊ ကြည့်တိုင်းလဲ အားကျဂုဏ်ယူမိတယ်... အခုတော့.... ရွံကြောက်မုန်းကြီးကို ဖြစ်လို့....။
ReplyDelete