"အရှင်ဘုရား ၊ ခါတိုင်းထက် ရှည်ရှည်ရေစက်ချ ပေးတော်မူပါဘုရား . ." ဟု ဒကာတစ်ဦးက လျှောက်သည်. .
"ရေစက်ရှည်ရှည်ချတာ မခက်ပါဘူး. . . ဒါပေမယ့် ဥပုသ်သည်တွေထဲက ငါးချဉ်သည်ပါမပါ ကြည့်ရဦးမယ်. . "
"ရေစက်ရှည်ရှည်ချတာနဲ့ ဥပုသ်သည်တွေထဲ ငါးချဉ်သည်ပါတာ ဆိုင်လို့လား ဘုရား . . . "ဟု လျှောက်ထားပါတယ်. . . ထိုအခါ ဗန်းမော်ဆရာတော်ကြီးက ဆိုင်ပုံကို ရှင်းလင်းဟောကြားခဲ့ပါတယ်. . . .
တစ်ခါက ရွာတစ်ရွာတွင် ငါးချဉ်သည် မိအေးဆိုသူရှိသည်. . . တစ်နေ့ရွာတစ်ရွာသို့ ငါးချဉ်သွားအရောင်းတွင် အလှူတစ်ခုနှင့် ဆုံသည်. . . အလှူတွင် ထမင်းဝင်စားကြသည်. . . . စားပြီးနောက် ချက်ခြင်း ထပြန်ရန် အားနာသည်. . . . ထို့ကြောင်း တရားဝင်နာသည်. . . .
တရားဟာသော ဘုန်းကြီးမှာ အသံကလည်းကောင်းသည်. . . အဆိုအငို မြိုင်စွာနှင့် ဟောနေသော တရားဝတ္တုကြောင်းကလည်း ကောင်းသည်. . . သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေသဖြင့် နေကျမှပင် တရားချနိုင်တော့သည် . . . အလှူရှင်က ရေစက်ချပြီး "အမျှ. . . အမျှ. . . . အမျှ " ဟု အမျှဝေသည်. . . ကြားကြားသမျှ အားလုံးက "သာဓု . . . သာဓု. . . သာဓု " ဟု အနုမောဒနာ ပြုကြသည်. .
ပရိသတ်ထဲက ထပြန်ရန် အခက်တွေ့ပြီး ငါးချဉ်ရောင်းရန် စိတ်စောနေသော မိအေးက. . . "ငါးချဉ်လေးများ ၀ယ်လိုက်ကြပါဦး. . " ဟူ၍ အသံစူးစူးနှင့်ထ၍ အော်သည်. . သာဓုခေါ်သံကြားထဲက ငါးချဉ်ရောင်းသံပေါက်ထွက် လာသဖြင့် ငါးချဉ်သည် မိအေးကို အားလုံးက ၀ိုင်း၍ ကြည့်ကြသည်. . . ဤတွင် မိအေးက "တရားကလည်းကောင်း၊ ကျွန်မ ငါးချဉ်ကလည်း ကောင်းလို့ အော်ရောင်းရတာပါ . . . " ဟူ၍ အရှက်ပြေပြောလိုက်သည်. . . .
"ရေစက်ရှည်ရှည်ချတာ မခက်ပါဘူး ဒကာ ဒကာမတို့၊ တော်ကြာ မိအေးလို ငါးချဉ်သည်ပါလာရင် သာဓု မခေါ်နိုင်ဘဲ ငါးချဉ်လေးများ ၀ယ်လိုက်ကြပါဦးလို့ အော်မှာ စိုးရိမ်တာပါပဲ. . . "
ပရိသတ်အားလုံးမှာလည်း ဗန်းမော်ဆရာတော်ကြီး စကားအဆုံးမှာ အားရပါးရ ရယ်မောလိုက်ကြလေသည်. . .
ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ
အားလုံးကိုချစ်ခင်လေးစားလျှက်...
မှတ်သားစရာပါပဲ ဗျာ။
ReplyDeleteငါးချဉ်သည် လာပါဦးးဝ
ReplyDeleteဈေးသည်ခင်မျာလည်း တနေကုန်ဆိုတော့ ဈေးရောင်ချင်ဇော များနေရှာမှာပဲ။ ရယ်ပြုံးစရာပေမယ့် ကိုယ့်အပူနဲ့ ကိုယ် ဖြစ်နေကြတာကိုပါ မြင်လိုက်ရတယ်။
ReplyDeleteမှတ်သားလိုက်ပါပြီဗျာ ...
ReplyDelete