ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြတ်မိခင်၏ သားအချစ်နှင့် မျိုးချစ်မာန



"မြတ်မိခင်၏ သားအချစ်နှင့် မျိုးချစ်မာန
"

ကျောမှာ ဒဏ်ရာ၊ မပါရလို့
မွေးမေနှုတ်က ၊မှာလိုက်တယ်၊
မလှကြမ္မာ၊ ဒဏ်ရာရပေါ့
ခါခါရင်ဝ၊ ရပါ့ကွယ်၊

မေမေ့သံသာ ၊ ပဲ့တင်ထပ်လို့
စစ်မြေရပ်က ၊ ကြားရတယ်၊
သားတို့သင်ရာ ၊စစ်ကျောင်းကြီးက
သေနတ်ပြီးဆေး၊ ပေးလိုက်တယ်၊

ပြီးဆေးကိုယ်စီ၊ ဗျူဟာများနဲ့
သတ္တိကိုးစား၊ တိုက်ပါ့မယ်၊
ကျောနဲ့ရင်မှာ၊ အနာကင်းလို့
အောင်မြင်ခြင်းနဲ့၊ ပြန်ခဲ့မယ်၊
တိုက်မယ်တိုက်မယ်။

ကျော်ဇောဟန်

(၆၅နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်)

အားလုံးကိုချစ်ခင်လေးစားလျှက်...

1 comment:

  1. ဟိုး ..ငယ်ငယ်ကတော့ တပ်မတော်နေ့ဆိုရင် သွားသွားကြည့်ဖြစ်တယ်၊ ကြည့်တိုင်းလဲ အားကျဂုဏ်ယူမိတယ်... အခုတော့.... ရွံကြောက်မုန်းကြီးကို ဖြစ်လို့....။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။