ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ကျရောဂါ ကာကွယ်နည်းများ



မိမိကိုယ်တွင် စိတ်ကျရောဂါ မ၀င်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မ၀င်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .

ယင်းနည်းလမ်းကောင်းများမှာ-

၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။

၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။

၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။

၎။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။

၅။မိမိရရှိထားသောဘ၀နှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုးထောင်ပါ။

၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။

၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၈။မိမိဘ၀ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘ၀အခြေအနေ ကို ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဖြစ်သမျှ ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။

(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ်ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ၀မ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။

(၁၀) စိတ်ကူးယဉ်ဘ၀ထက် လက်တွေ့ဘ၀ကို စိတ်ဝင်စားပါ။

(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။

သို့မှသာလျှင် ရခဲလှစွာသော လူ့ဘ၀ကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...





12 comments:

  1. တော်တော်လေး ကို အကျိုးရှိတဲ့ စာစုပါပဲ
    အထူးသဖြင်း ယနေ့ခေတ်မှာပေါ့...
    အဖြစ်များတယ် မဟုတ်လား....
    ပျော်ပါစေ
    *.*.*

    ReplyDelete
  2. မှတ်သားထားပါတယ် ကျေးဇူးအထူးတင်ပါတယ်
    ကျန်းမာခြင်းသည် လာဒ်တပါးး)

    စိတ်ကျတာတော့ ကျနော်တို့ မြန်မာတွေမှာ အဖြစ်နည်းမယ်နဲ့ တူတယ်နော့် ထူးတော့ ထူးဆန်းတယ် တော်ယုံ မြန်မာတွေ စိတ်ဓါတ်ကျတာ မြင်ခဲတယ်း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. နံပါတ် ၈ ကို အကြိုက်ဆုံး သဘာအတူညီဆုံးပါပဲဗျာ

    ReplyDelete
  4. အကျိုးတော်တော်ရှိပါတယ် ...
    ဒီအချက်တွေအားလုံးသာ လိုက်နာနိုင် လုပ်ဆောင်နိုင်ခဲ့ရင် အရမ်းကောင်းမှာပဲ ...
    ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ ...

    ReplyDelete
  5. နံပါတ် ၁၁ လိုက်နာနိုင်ရင်ကို တော်တော်ဟုတ်နေပြီထင်တယ်နော်.......
    ကျေးဇူး မမ

    ReplyDelete
  6. ဒီပိုစ့်လေး ဖတ်လိုက်ရတာ အရမ်းကို အဖိုးတန်တယ် မမရယ်..။ ကျေးဇူးလည်း တင်မိပါတယ်။ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါ အတ္တတွေနဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်မှ ဖြစ်မယ်နော်။ မမပြောသလို လောကဓမ္မတာသဘောကို လက်ခံနိုင်အောင် လေ့ကျင့်ရမယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. စိတ်ရောဂါ ဆရာဝန်ကြီးရေ--
    စိတ်ရောဂါကုထုံးတွေ ကောင်းပါတယ်၊ စိတ်ဆိုတာ မတည်ငြိမ်တဲ့ သဘောပဲ၊ လုပ်လုပ်ရွရွ ဖြစ်နေတဲ့ စိတ်ကို သတိနှင့်ကပ် အသိဥာဏ်နှင့်ယှဉ်ပြီး ထိမ်းထားနိုင်မှ တော်ရုံကျမယ်။ နို့မိုဆို စိတ်သွားတိုင်းသာ ကိုယ်ပါနေရင် ရူးသွားနိုင်တယ်။ ဟီးးးးးးးးးး

    ReplyDelete
  8. ဒီနည်းစနစ်ကလေးတွေကို ပြုစုပျိုးထောင်ပေးရဦးမယ်။ စိတ်ဓါတ်ကျမြန်လွန်းလို့။ စိတ်ဓါတ်တက်ကြွတာလဲ မြန်တာပါဘဲလေ။ မျှမျှတတ ရှိနိုင်ရင် ပိုကောင်းတာပေါ့။

    အားလုံးမှတ်သွားလိုက်ပြီ။

    ReplyDelete
  9. မှတ်သားသွားပါတယ်ဗျို့

    ReplyDelete
  10. အမရေ မှတ်သားသွားပါတယ်။ မျှဝေပေးတာ ကျေးဇူးပါ

    ReplyDelete
  11. ကျေးဇူး အများကြီးတင်ပါတယ်...
    အခု ကိုယ်ကိုယ်ကိုယ်ကို depression ဝင်နေလို့ လိုက်ဖတ်နေတာ....
    ကျေးဇူးတင်ပါတယ်.. လိုက်နာနိုင်အောင် ကြီးစားပါမယ် အမ

    ReplyDelete


  12.ွှအိမ်ရှင်မ

    ကျေးဇူးတင်ပါတယ်...






    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။