ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မျက်စိကုဆေးဆရာ



အဘွားတစ်ယောက်ရဲ့ မျက်စိကို မျစ်စိကုတဲ့ ဆေးဆရာဆီမှာ အခပေးလျက် ကုသစေတယ်. . .

သူ့မျက်လုံးကို ဆေးလိမ်းရမှာကို ဆေးလိမ်းတဲ့အကြိမ်တိုင်းမှာ မျက်လုံးကို ပိတ်ထားရမယ်လို့ ဆေးဆရာက ပြောပြီး ဆေးလိမ်းပေးပါတယ်. . . .. မျက်လုံးပိတ်ထားတုန်းမှာ ဆေးဆရာက အဘွားရဲ့ ပစ္စည်းတွေကို ခိုးယူနေတာကိုး . . .

မျက်စိအမြင်ပြန်လည်ကောင်းမွန်သွားတဲ့အခါ စည်းထားတဲ့ ပတ်တီးကို ခွာလိုက်ပြီး . . . ပြောထားတဲ့ ဆေးဖိုးဝါးခ အတိုင်းတောင်းလေရောတဲ့ . . . အဲဒီမှာ အဘွားက ဆေးကုသခကို မပေးတော့ဘူး. . . ဒါကြောင့် ဆေးဆရာက တရားရုံးမှာ တိုင်တန်းပါတယ်. . .

အဘွားက ဆေးကုသကို မပေးရတဲ့ အကြောင်းကတော့ မျက်စိမြင်ရဖို့ အခပေးကာ ဆေးကုသစေခဲ့တာ ဟုတ်ပါတယ်. . . . ဒါပေမယ့် ဆေးကုသပြီးပါမှ မျက်စိဟာ အရင်ကထက် ပိုဆိုးနေကြောင်းကို ပြောပြပါတယ်. . .

သူဆေးမကုခင်ကမှ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို မြင်နိုင်ပါသေးတယ်. . . အခုမှ အိမ်က ပစ္စည်းတွေကို မတွေ့မမြင်ရတော့ဘူးတဲ့. . . ဒါကြောင့် မျက်စိ ဆေးကုသခကို သူ မပေးနိုင်ပါဘူးလို့ ဆင်ခြေပေးလိုက်ပါတယ်. .

(အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. သူများပစ္စည်းကို အချောင်လိုချင်၊ မရိုးသားနဲ့ နည်းနဲ့ လိုချင်ကြတော့ ဆုံးရှုံးရစမြဲပါ။ ဒီပုံပြင်လေးက စိတ်ထဲ တခုခုလိုအပ်နေသလိုပဲ မျက်စိမမြင်တဲ့အဖွားအတွက် အမှန်တရားက ဘယ်မှာတုန်း....... သူ့ပစ္စည်းတွေ ခိုးခံလိုက်ရတာ..... ဒါဟာ သူ့ရဲ့မျက်လုံးအတွက် တန်ဖိုးလားးးးးးးးးး သိပ်တော့ နားမလည်နိုင်ဘူး... နောက်ဆုံး
    (အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်) အဲ့ဒါလေးပဲ မှတ်သွားတယ်း) ကျေးဇူး


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. သူများ မကောင်းကြံ ကိုယ့်ဘေးဒဏ်...ဆိုတာလေး
    သွားသတိရမိတယ်.....
    လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းနိုင်ကြပါစေ...
    အပြုသဘောဆောင်တဲ့ ပုံပြင်လေးမို့ ကြိုက်ပါ၏..
    ပျော်ပါစေခင်ဗျာ
    *.*.*

    ReplyDelete
  3. ဧရာဝတီရေ ပုံပြင်လေးအတွက်ကျေးဇူးပါ......

    ReplyDelete
  4. ကိုယ်ပြုလိုက်တဲ့ မကောင်းတဲ့လုပ်ရပ် ကိုယ့်စီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတဲ့ သဘောပေါ့နော်

    ReplyDelete
  5. မကောင်းတာလုပ်က မကောင်းတာ ခံရဧ။် ...

    ReplyDelete
  6. ဟုတ်တယ် ကောင်းတယ်။
    ဒါ မကောင်းကြံ ဘေးဒဏ်ထိ ဆိုတာလေး ကိုအမှတ်ရစေတယ်။ ဆင်ခြင်စရာပဲနော်။ ကောင်းတယ် မ။ ကျေးဇူးပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။