ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အစားအသောက်များတွင် ပါဝင်သော ဓာတ်များ

နေ့စဉ်စားသောက်နေတဲ့ အစားအေသာက်တွေထဲမှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဓာတု ဒြပ်ပေါင်း ပြည့်ဝတဲ့ အစားအစာ antioxidant-rich meals တွေပါဝင်သလို အချိုဓာတ်များပြီး သွေးချိုကို မြင့်မားသွားစေနိုင်တဲ့ အစားအသာက်များလည်း ပါဝင်ပါတယ်. . မိမိနေ့စဉ် စားသောက်ရာမှာ ဘယ်အစားအစာမှာဖြင့် ဘယ်လိုဓာတ်မျိုး ပါဝင်တယ် . . . . စားသင့်၊ မစားသင့် ကျန်းမာရေးနဲ့ ကိုက်၊ မကိုက် ချင့်တွက် နိုင်ဖို့ ဓာတ်သဘာဝ အုပ်စုအလိုက် ဖော်ပြလိုပါတယ်. . .

ကောင်းသော ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများ (Good Carbohydrates)

ကညွတ် ၊ ပဲတောင့်၊ ပန်းဂေါ်ဖီစိမ်း၊ နက်ပြာရောင် ဘလူးဘယ်ရီသီး ၊ ဂေါ်ဖီထုပ်၊ သံပရာမျိုးဝင်အသီးများ ၊ သခွားမွှေးသီး၊ ကီဝီသီး၊ အစိမ်းရောက်ရှိသော ဟင်းရွက်များ၊ မက်မွန်သီး၊ သစ်တော်သီး ၊ မက်မန်းသီး၊ ဒေါက်ခွရွက်၊ ကော်ကဲ့သို့ ချွဲပျစ်မှုမရှိသော ဟင်းသီးဟင်းရွက် အမျိုးမျိုး စသည်တို့ ဖြစ်ပါတယ်. .

ဆိုးသော ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများ (Bad Carbohydrates)

ငှက်ပျောသီး၊ ပေါင်မုန့်၊ မုန်လာဥ၀ါ၊ သကြားပါသော ကွေကာအုပ်၊ ဂျုံ၊ ပြောင်း၊ အသီးဖျော်ရည်များ ၊ သရက်သီး ၊ကြက်ဥ၊ နွားနို့၊ ဂျုံမှုန့် ရောမွှေကြော်ထားသော မုန့်၊ သဘောင်္သီး ၊ အာလူး၊ ဆန်(ထမင်း)၊ သကြား၊ အီတလီခေါက်ဆွဲခြောက် ၊ အိုးကင်းနှင့် ဖုတ်ရသော မုန့် စသည်တို့ ဖြစ်ပါတယ်. .

ဓာတ်တိုးဆန့်ကျင်သည့် ဓာတုဒြပ်ပေါင်း ပြည့်ဝသည့် အစားအစာများ (Antioxidant Best Bets)

ထောပတ်သီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ သခွားမွှေးသီး၊ အစိမ်းရင့်ရောင် ရှိသော ဟင်းရွက်(ဥပမာ-ကိုက်လန်ရွက်) လိမ္မော်သီးအရောင် (အ၀ါရင့်ရောင်)ရှိသစ်သီးဖျော်ရည်များ ၊ နာနတ်သီး ၊ဆာလ်မွန်ငါး (အစိမ်း၊ အကင်၊ အပြုတ်) ၊ ခရမ်းချဉ်သီး တို့ ဖြစ်ပါတယ်. .

နန်းအိအိဇာ( Wellness)

အားလုံးကိုချစ်ခင်လေးစားလျှက်...





8 comments:

  1. မကောင်းတာတွေ ပယ်ပြီး ကောင်းတာတွေ ဆောင်ထားမှ...

    ReplyDelete
  2. ဒီအတိုင်း ချရေးပြလို့တော့ မရဘူး...

    ထမင်းဖိတ်ကျွေးဘာ...

းဝ)

    ReplyDelete
  3. ကညွတ် ၊ ပဲတောင့်၊ ပန်းဂေါ်ဖီစိမ်း၊ နက်ပြာရောင် ဘလူးဘယ်ရီသီး ၊ ဂေါ်ဖီထုပ်၊ သံပရာမျိုးဝင်အသီးများ ၊ သခွားမွှေးသီး၊ ကီဝီသီး၊ အစိမ်းရောက်ရှိသော ဟင်းရွက်များ၊ မက်မွန်သီး၊ သစ်တော်သီး ၊ မက်မန်းသီး၊ ဒေါက်ခွရွက်၊ ကော်...

    ငှက်ပျောသီး၊ ပေါင်မုန့်၊ မုန်လာဥ၀ါ၊ သကြားပါသော ကွေကာအုပ်၊ ဂျုံ၊ ပြောင်း၊ အသီးဖျော်ရည်များ ၊ သရက်သီး ၊ကြက်ဥ၊ နွားနို့၊ ဂျုံမှုန့် ရောမွှေကြော်ထားသော မုန့်၊ သဘောင်္သီး ၊ အာလူး၊ ဆန်(ထမင်း)၊ သကြား၊ အီတလီခေါက်ဆွဲခြောက် ၊ အိုးကင်းနှင့် ဖုတ်ရသော မုန့်......

    ထောပတ်သီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ သခွားမွှေးသီး၊ အစိမ်းရင့်ရောင် ရှိသော ဟင်းရွက်(ဥပမာ-ကိုက်လန်ရွက်) လိမ္မော်သီးအရောင် (အ၀ါရင့်ရောင်)ရှိသစ်သီးဖျော်ရည်များ ၊ နာနတ်သီး ၊ဆာလ်မွန်ငါး (အစိမ်း၊ အကင်၊ အပြုတ်) ၊ ခရမ်းချဉ်သီး....................

    ကိုင်း..ဈေးခြင်းတောင်း အသာမ လို့
    Shopping ထွက်မယ်ဗျား...Blogger တွေ ကျန်းမာအောင် အကုန်ရောချက်ပြီး အလှူကြီး ပေးမယ်လို့ ကြံတုန်း ဗြုန်းဆို ကုတင်ပေါ်က ပြုတ်ကျမှ အိပ်ယာ ကနိုးတော့တယ်..း )

    ပျော်ပါစေ
    *.*.*

    ReplyDelete
  4. အမရေ ပညာပေးလေးတွေ မှတ်သားလောက်တယ်နော် အကိုကြယ်ရေ အိပ်ယာက မနိုးနဲ့အုံး ဈေးအကြုံလေး မှာချင်လို့ တခါတည်း ဝယ်လာပေးပါနော်း)

    ReplyDelete
  5. ပညာပေးတဲ့လူကတော့ပေးပါရဲ့
    ကျွန်တော်လိုလူမိုက် တွေက
    လိုက်မလုပ်ဘူး
    ခက်ပ

    ReplyDelete
  6. ပညာပေးတဲ့လူကတော့ပေးပါရဲ့
    ကျွန်တော်လိုလူမိုက် တွေက
    လိုက်မလုပ်ဘူး
    ခက်ပ

    ReplyDelete
  7. အခုမှပဲ ကိုယ်စားတဲ့အထဲမှာ ဘယ်သင်းတွေပါသလဲ သိရတော့တယ်ဗျာ။ အခွင့်ရရင် .. ထပ်တင်ပေးပါဦး။

    ReplyDelete
  8. ဖွယ်၂ရာ၂ စားရဖို့
    အိမ်ရှင်မတစ်ယောက်တော့ အမြန်ရှာမှဖြစ်မယ် ..

    ခင်မင်တဲ့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။