ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အကောင်းဆုံးမို့ ဆွမ်းတော်တင်ထားပါတယ် . .
ရှေးတုန်းက ရွာတစ်ရွာမှာ အကောင်းမှ ကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါးရယ်၊ ဘုန်းကြီးလိုပဲ အကောင်းမှ ကြိုက်တတ်တဲ့ ကျောင်းသားတစ်ဦးရယ် ရှိသတဲ့. . . .
တစ်နေ့ ဆရာတပည့် ဆွမ်းခံထွက်လာကြသည်. . . ပထမဆယ်အိမ်လောက်မှာ လောင်းတဲ့ ဆွမ်းဟင်းများ မှာ မကောင်းပါ. . . ပဲပြုတ်၊ ချဉ်ရည်၊ ပဲရေပွများသာ လောင်းကြသည်. . . .
သို့နှင့် ရွာလည် သူကြီးအိမ်သို့ ရောက်သည်. . . သူကြီးအိမ်က ၀က်သားဟင်းတစ်ခွက်လောင်းသည်. . . အကောင်းကြိုက်သော ဆရာတစ်ပည့် နှစ်ဦးလုံး စိတ်ထဲက ကျိတ်၍ ၀မ်းသာနေကြသည်. . . .
ကျောင်းသို့ရောက်သောအခါ ဆွမ်းပွဲပြင်ပြီးကပ်သည်. . . . ဘုန်းကြီးက ဆွမ်းပွဲကို ကြည့်သည်. . ၀က်သားဟင်းခွက်မပါပေ. . .
"သာဂိ ဟိုဟင်းလဲပါမလာပါလား . . ." ဘုန်းတော်ကြီးက တပည့်ကျောင်းသားလေး သာဂိကိုမေးသည်. . .
"ဘယ်ဟင်းပါလည်း ဘုရား . . . . "
"ဟဲ့. . သူကြီးအိမ်က လောင်းလိုက်တဲ့ ဟင်းလေ. . "
"သြော်....၀က်သားဟင်းခွက်လား ဘုရား ၊မှန်လှပါ. . . ဒီကနေ့ရလာတဲ့ ဆွမ်းဟင်းတွေထဲမှာ အဲဒီဆွမ်းဟင်းက အကောင်းဆုံး ဖြစ်နေလို့ ခုပဲ တပည့်တော် ဘုရားမှာ ဆွမ်းတော်တင်ထားပါတယ် ဘုရား . . . "
ကျောင်းသားလေး သာဂိက ဖြေသည်. . .
ဘုရားမှာ ဆွမ်းတော်တင်ထားသည်ဆိုသဖြင့် မည်သို့မျှ စောဒက မတက်သာပေ. . . ဆွမ်းတော်စွန့်လျှင် သာဂိ အားရပါးရစားတော့မည်ကိုလည်း သိသည်. .
"အင်းသာဂိတို့က လူသာငယ်တာ. . ဘုရားကို ကြည်ညိုတဲ့နေရာမှာတော့ ရှားတယ်. . . စေတနာကလဲ ကောင်းပကွာလို့ ငေါ့တော့တော့နဲ့ မိန့်သတဲ့. . . . "
(မေ၁၆ လည်း သူများ မစားစေချင်ရင် ဆွမ်းတော်တင်မလို့ လို့ပြောတတ်ပါတယ် )
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဗန်းမော်ဆရာတော် ပုံပြင်များ
10 comments:
  1. ဟဟဟ မှတ်သားလောက်ပါတယ် မမရယ်..း))
    အကြံရသွားပြီ...
    ခင်မင်လေးစားလျှက်
    ReplyDelete
  2. ကုသိုလ်လည်းရတယ်လေနော်း))
    အဆင်ပြေပျော်ရွှင်ပါစေ။
    ReplyDelete
  3.ီနှစ်ချိုက်စွာရယ်မောကာ
    တနေတာအမောကိုပြေစေလို့
    ကျေးဇူး
    ReplyDelete
  4. မမရဲ့ post ကိုဖတ်ပြီး
    ညီမလေးရဲ့ အဘွားကို သွားသတိရတယ်
    သူလည်း အဲ့ လိုပဲ အသီးတွေကို
    ဆွမ်းတော်ကပ်ပြီးရင် ဘယ်တော့ မှ ပြန်မစွန့် ဘူး
    အကုန်လုံး ပုပ်အောင်ထားပစ်တာ
    အဲ့ ဒါနဲ့  ညီမလေးတို့ မောင်နှမတွေလည်း
    သူ့ ကိုနာမည်ပေးလိုက်ကြတယ်
    “သီးနှံဖျက်ပိုး”ဆိုပြီးတော့ လေ :P
    ခင်မင်စွာနဲ့ 
    ညီမလေး
    ပန်းခင်း
    ReplyDelete
  5. ဆွမ်းတော် တင်ရင်ပြောလေ လာစွန့်ပေးမယ် :P
    ReplyDelete
  6. ဓါတ်ပုံက မေ၁၆ ဆွမ်းတော်တင်ထားတဲ့ ဆွမ်းဟင်းလား
    ReplyDelete
  7. ဒါဆိုရင်လဲ အမမေစွန့်တဲ့ ဆွမ်းတော်ပဲ စားတော့မယ်လေ :)
    ReplyDelete
  8. အလျှောက်ကောင်းတော့ ..အထောင်းသက်သာရုံမက
    ဟင်းကောင်းလည်း ..စားရသပေါ့နော...း )
    ပျော်ပါစေ
    *.*.*
    ReplyDelete
  9. အစားအသောက်နဲ့ ပတ်သက်လာရင်
    ခင်မင်တဲ့
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။