ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တရားတော်များ



သီတဂူ တက္ကသိုလ် (ရန်ကုန်) စာသင်ကျောင်းဆောင်ကြီး အလှူတော် အတွက် သီတဂူ ဓမ္မပူဇာ အထူးတရားပွဲကို ပုသိမ်မြို့ မှာ ၃.၃.၂၀၁၀ မှ ၈.၃.၂၀၁၀ ရက်နေ့ထိကျင်းပခဲ့ပါတယ်. .

ပန်းကဗျာနဲ့ မေ16 ကတော့ ၃.၃.၂၀၁၀ ရက်နေ့ မှာ ဒေါက်တာ အရှင်ညဏိဿရ (သီတဂူဆရာတော်ကြီး) ဟောကြားတော်မူသော "ပဋိစ္စသမုပ္ပန္န" တရားတော်ကို သွားရောက် နာယူခဲ့ပါတယ်. . .

ပဋိစ္စသမုပ္ပန္န (၁)
ပဋိစ္စသမုပ္ပန္န (၂)

၎.၃.၂၀၁၀ ရက်နေ့မှာတော့ အရှင်ကာရုည ( စာချကထိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) က "ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်" တရားကို ဟောကြားတော်မူခဲ့ပါတယ်. . .


ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၁)
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၂)

ကျန်တရားပွဲရက်များဖြစ်တဲ့ ၅.၃.၂၀၁၀ ရက်နေ့ကစပြီး တရားပွဲပြီးတဲ့အထိ ပန်းကဗျာ နေမကောင်းဖြစ်နေလို့ တရားပွဲမသွားနိုင်ခဲ့ပါဘူး. . . အခွေလည်းသွားမ၀ယ်ဖြစ်ခဲ့ပါဘူး ဒါကြောင့် ကျန်တရားပွဲရက်က တရားခွေများ အခွေထွက်ရင် အလျှဉ်းသင့်သလို တင်ပေးသွားပါ့မယ်ရှင်.

စာဖတ်ပရိသတ်အပေါင်းလည်း တရားတော်များကို နာယူနိုင်ပါရန် မျှဝေပေးလိုက်ပါတယ်ရှင်...

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. အမပန်းကဗျာနဲ့အမမေတို့ရေ သာဓု သာဓု သာဓု ခေါ်ပါတယ် ။ မျှဝေပေးတာ ကျေးဇူးပါနော် အခုပြန်နေကောင်းသွားပြီလား? အမတို့ ပျော်ရွှင်ပါစေ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ရှင် ..း)
    နာပါ့မယ်
    သာဓုလည်း ခေါ်ပါတယ် ..း))

    ReplyDelete
  3. ပုသိမ်သား(SF)March 11, 2010 at 1:24 PM

    ကျေးဇူးတင်တယ် သမီးရေ...
    သာဓု..သာဓု..သာဓု...
    တရားတော် တွေကူးသွားပါတယ်...

    ReplyDelete
  4. ပုသိမ်မှာ ဒီလိုပွဲတွေ လုပ်တော့ ... အားရကျေနပ်မိတယ်.. ။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ။

    ReplyDelete
  5. ပန်းကဗျာတို့ကတော့ တရားတွေ နာပြီးရင်း နာရင်းဆိုတော့ ကုသိုလ်တွေ မနည်းရလောက်ပြီ။

    ReplyDelete
  6. 2nd part of Sidagu Sayardaw's tayar link is dead, please up load again.thanks

    ReplyDelete
  7. ဟုတ်ကဲ့ပါ ဒုတိယပိုင်းကို ပြန်ပြီး တင်ပေးထားပါတယ်ရှင်. ဒေါင်းလို့ရပါပြီ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။