ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လက်ပူးလက်ကြပ်



ဇီဝဗေဒ ပညာရှင်ကြီးတစ်ယောက်က ရုံးကနေပြီး အိမ်သို့ ဖုန်းလှမ်းဆက်သည်. .

"မိန်းမရေ အရေးတကြီး ကိစ္စတစ်ခု ပေါ်လာလို့ကွာ၊ လုပ်ငန်းခွင် ရှိရာကို မနက်ဖြန်အားလပ်ရက်ကစပြီး ငါ တစ်ပတ်တိတိ ညအိပ်ညနေ ခရီးထွက်ပြီး ကွင်းဆင်း စစ်ဆေးရလိမ့်မယ်. . . ဒါကြောင့် တစ်ပတ်စာ အ၀တ်အစားတွေကို ခရီးသွား သေတ္တာထဲ ထည့်ထားပေးစမ်းကွာ၊ လုပ်ငန်းခွင်သုံး ကိရိယာ တန်ဆာပလာ သေတ္တာကိုလည်း အသင့်ပြင်ထားပေးဟေ့ . . . ငါ့ရဲ့ အပြောရောင် ပိုးသား ညအိပ် ၀တ်စုံကလေးပါ ထည့်ပေးလိုက်ဖို့ မမေ့နဲ့ဦး. . . . တော်ကြာ ငါအိမ်ကို နာရီဝက်လောက် ပြန်လာချိန်ရလိမ့်မယ်. . . အိမ်ကနေ ခရီးအထွက် တစ်ခါတည်း ဆွဲထွက်သွားလို့ရအောင်လို့ပါကွာ. . . "

သည်လိုနှင့် ပညာရှင်ကြီး ကွင်းဆင်းခရီးထွက်သွားခဲ့လေသည်. . . တစ်ပတ်အကြာမှာ ပင်ပန်း နွမ်းလျစွာ ပြန်ရောက်လာလေ၏. . . .

"ဘယ်လိုလည်း ဆရာကြီး ကွင်းဆင်းစစ်ဆေးခရီးလေး ဖြောင့်ဖြူးသာယာပါလေစ. . . ." ဟု မိန်းမက ဆီးမေးသည်. . . .

"သြော် အေး တကယ့်ကို ကွင်းဆင်းရတဲ့ ခရီး ပီသပါပေရဲ့ကွာ. . . လုပ်လိုက်ရတဲ့ အလုပ် ၊ တစ်ပတ်လုံးလုံး အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး. . . ဒါနဲ့ ငါမှာလိုက်တဲ့ အပြာရောင် ပိုးသားညအိပ် အင်္ကျီလည်း ရှာမတွေ့ပါလား. . မင်းထည့်ပေးဖို့ မေ့သွားတယ် ထင်ပါ. . . "

သည်တော့မှ မိန်းမ ပြန်ပြောလိုက်တော့မှ ပညာရှင်ကြီး အလုပ်လုပ်သည့် ခရီးဟုတ်မဟုတ် အတိုင်းသားပေါ်တော့သည်. .

"ဘာလို့ ထည့်မပေးလိုက်ရမှာလဲ. . ဘာဖြစ်လို့ ကျွန်မကမေ့သွားရမှာလည်း . . . . အဲဒီဝတ်စုံကို လုပ်ငန်းခွင်သုံး တန်ဆာပလာ ပစ္စည်းသေတ္တာထဲမှာကို ထည့်ပေးလိုက်တာ တော်ရေ့. . . ."

အားလုံးကိုချစ်ခင်လေးစားလျှက်...

9 comments:

  1. :P လိမ်ချင်ဦးဟဲ့ ကိုယ့်မိန်းမကိုယ်း)

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. ကျားရှေ့ဟတ်ထိုးလဲတာပဲ ...

    ReplyDelete
  3. တယ်တော်တဲ့မိန်းမ...
    ဟဲဟဲ...

    ReplyDelete
  4. တော်တော် ပညာပါတဲ့ ..မိန်းမ..ပဲ..
    ကိုယ့်ဆရာတော့ ခံသွားရတာပေါ့လေ..း )
    ပျော်ပါစေ
    *.*.*

    ReplyDelete
  5. စာလာဖတ်သွားပါတယ်။
း)))))))))))))))))))))))))))
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  6. မှတ်သွားပါသည် ပညာရှင်ကြီးလည်း လိမ်တတ်သည်
    ဒေါ်မေ၁၆လည်း - - -


    ရေးတတ်သည်လို့ ဒီ

    ReplyDelete
  7. စာလာဖတ်သွားတယ်နော်

    ReplyDelete
  8. တော်တော် ပညာပါတဲ့ ..မိန်းမ..ပဲ..ကောင်းဒယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။