ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

English Idioms



1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.
အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.
ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။

3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။
Call a spade a spade if you want to be honest.
ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။

4.Die away = အသံပျောက်သွားသည်
The noise died away.
ဆူညံသံများ ပျောက်သွားသည်။

5. Earn one's salt= ထိုက်တန်သော လခရသည်
I earned my salt regularly.
ကျွန်တော် ထိုက်တန်သော လစာကို ပုံမှန်ရနေသည်။

6.Fool around = အချိန်ဖြုန်းသည်
Don't fool around . You have to finish it up in one hour.
အချိန်ဖြုန်းမနေပါနှင့်. သင်အလုပ်ကို တစ်နာရီနှင့် အပြီးလုပ်ရဦးမည်။

7. Lead on = ကျီစယ်သည်.
Don't take it seriously; he is just leading you on.
အလေးအနက်သဘောမထားပါနှင့်၊ သူက ခင်ဗျားကို ကျီစားတာပါ.

8. On the fritz = ဖရိုဖရဲဖြစ်သည်
The book are on the fritz after the student are gone.
ကျောင်းသားတွေပြန်ပြီးနောက် စာအုပ်များ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည်.

9. Next of kin = အနီးစပ်ဆုံး ဆွေမျိုး
He died without leaving any next of kin.
သူသည် အနီးစပ်ဆုံးဆွေမျိုးမကျန်ခဲ့ဘဲ သေဆုံးသွားသည်.

10. Queer fish = စိတ်မနှံ့သူ
Your brother is a queer fish.
မင်းအကို က စိတ်မမှန်တဲ့လူပဲ.

11. In a jiffy = တစ်ပြိုင်တည်း
The cried our in a jiffy.
သူတို့ တစ်ပြိုင်တည်း ဟစ်အော်သည်။

12. Needful =ငွေ
He wants to go to the cinema but he has not the needful.
သူ ရုပ်ရှင်သို့သွားချင်သည်. သို့သော် သူ့မှာ ငွေမရှိပါ.

13. Mean well= အကောင်းပြောခြင်းဖြစ်သည်.
Don't be angry: he means well.
စိတ်မဆိုးပါနှင့် သူ က အကောင်းပြောတာပါ.

14. Well off = ချမ်းသာသည်. တောင့်တသည် အပူအပင်မရှိနေသည်. .
The owner of this store is well off.
ဤကုန်တိုက်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်းသည်။

15. Stay up = မအိပ်ပဲ နေသည်
The children want to stay up late.
ကလေးများသည် ညဥ့်နက်သည့်တိုင် မအိပ်ဘဲ နေချင်ကြသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. Idioms တွေ လေ့လာသွားပါတယ် ကျေးဇူး ဧရာဝတီ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. ပို့စ်တွေကို ခုလို ဦးဦးဖျားဖျား ဖတ်ရရင် တအားပျော်တာပဲ .... :)

    ReplyDelete
  3. ကောင်းတယ်.. အမှန်ပြောရရင် တခုမှကို မသိတာ...
    ဗဟုသုတ ရပါတယ်..

    ReplyDelete
  4. လေ့လာစရာတွေအတွက် ကျေးဇူး

    ခင်မင်တဲ့

    ReplyDelete
  5. အိမ်မှာ ဖတ်ဖို့ ကော်ပီယူသွားတယ်နော်
    ကျေးဇူးတင်တယ် အစ်မရေ

    ReplyDelete
  6. အခုလိုသာ သေချာ ရှင်းမပြရင် ဒီလိုတွေးမိမှာ...

    1.Apple-pie order = ပန်းသီးကိတ် စီသည်
    2.Bring to mind = စိတ်ရှိရာသို့ သယ်ပို့သည်
    3. Call a spade a spade = စပိတ်ကို စပိတ်လို့ ခေါ်သည်
    4.Die away = အဝေးသို့သွားကာ သေသည်
    5. Earn one's salt= ဆားရရှိသည် (တနည်း - အငံစားသည်)
    6.Fool around = ပတ်လည်ရိုက်၍ ရူးသွပ်သည်

    စသည်ဖြင့်ပေါ့...

းဝ)

    ReplyDelete
  7. waaaaaaaah... great job..

    ဖတ်ဖူးတဲ့ ဟာသတစ်ခု တည်း ကလို ..

    free burma = မြန်မာပြည်ကြီးအလကား ယူသွား ပါ..တော့မလုပ်နဲ့ နော်.. ဟီး..
    တားတား ကြောက်ကြောက်....။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။