ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဖရဲသီးချိုချို. . ..



ခုနွေရာသီရောက်လာတော့ အပြင်ထွက်ရင် ရာသီဥတုက ပူပါတယ်. . . နေပူတော့ ရင်အေးမယ့် အစားအစာတွေကို အပြင်ထွက်တိုင်း ဘယ်ဟာ စားရင် ပိုကောင်းမလည်းဆိုပြီး ရွေးဝယ်ပြီး စားဖြစ်ပါတယ်. . . အထူးသဖြင့် ရာသီပေါ်အသီးအနှံတွေက တော့ အမြဲဝယ်စားဖြစ်ပါတယ်. . . ခုလိုနွေရာသီမှာ ဇီးသီး၊ ဖရဲသီး၊ သဘောင်္သီး၊ လိမ္မော်သီးတို့ကတော့ စားလို့ အကောင်းဆုံးပါ. . . ဒီထဲမှာ ရေငတ်ပြေပြီး ဆေးဖက်လည်းဝင်တဲ့ ဖရဲသီး အကြောင်းကို ဖော်ပြလိုပါတယ်. .

ဖရဲသီးမှည့်သည် အလွန်ချို၍ အရသာရှိပါသည်. . .ပူပြင်းသော နွေရာသီတွင် ဖရဲသီးမှည့်မှည့်ချိုချိုလေးကို စားလိုက်ရပါက ရင်ထဲတွင် အေးမြပြီး လန်းဆန်းသွားပါသည်. . .

ဖရဲတွင် အချိုနှင့်အခါး ဟူ၍ နှစ်မျိုး ရှိပါသည်. နှစ်မျိုးလုံး ဆေးဖက်ဝင်သည်. . . မြန်မာ့ ဆေးကျမ်းများ၌ ဖရဲချိုသည် ချို၏ အေး၏ အားဖြစ်စေတတ်၏၊ မျက်စိကို ကြည်လင်စေ၏ ဖရဲသည် ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။

- ဆီးပူ ၊ ဆီးအောင့်၊ ဆီးချုပ်သူများ၊ ဖရဲသီးမှည့်ကို သကြားနှင့် ခေါက်စားနိုင်၏။ အသားဝါရောဂါ ဖြစ်သူများလည်း ထိုနည်းတူ စားနိုင်သည်။

- ရေငတ်၍ အာခြောက်နေသူများ ဖရဲသီးမှည့်ကို စားက ရေငတ်ပြေ၊ အာခြောက်ပြေစေနိုင်သည်။

- ကွမ်းအမြဲစားသူများ သည် ဖရဲသီးအမှည့်ကို မကြာခဏစား က ကျောက်တည်ခြင်းကို ကာကွယ်နိုင်သည်။

- ဆီးချုပ်သူများ အား ဖရဲခါးသီးကို သနတ္တော်စေးနှင့် သင့်ရုံစပ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။

- သွားနာ၊ သွားကိုက် ခံစားနေရသူများ ဖရဲခါးသီးကို အခြောက်လှန်း၍ အခိုးပြု မှိုင်းခံပေးက သက်သာ ပျောက်ကင်းနိုင်ပါသည်။

- ခန္ဓာကိုယ်ယားယံနေသူများ ဖရဲချိုစေ့ကို ဆားနှင့်သွေး၍ ဖြစ်စေ၊ ဖရဲစေံ သုံးစ၊ ဆားတစ်စကို အမှုန့်ကြိတ် အတောင့်လုပ်ပြီး ရေနှင့် သွေး၍ ဖြစ်စေလိမ်းနိုင်ပါသည်။

- အနာပဆုပ်ပေါက်လျှင် ဖရဲစေ့နှင့် ထမင်းကို စေးထန်းအောင်ထောင်း၍ အနာ၌ အုံပေးက သက်သာပျောက်ကင်းနိုင်ပါသည်။

ထို့အပြင် ဖရဲသီးအခွံသည် အပူကိုလည်း ကျစေနိုင်သည် . . . ဖရဲသီးသည် အပူဓာတ် လွန်ကဲခြင်း ၊ အပူကန်ခြင်း၊ ရင်ပူခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သွေးတိုးကိုလည်း ကျစေနိုင်ပါသည်။

ဖရဲစေ့သည် ခွန်အားကို ဖြစ်၏ ၊နှုတ်ကို မြိန်စေ၏ ၊ ဓာတ်တို့ကိုပွားစေ၏. . . မျက်စေ့မှုန်ခြင်း၊ ရေငတ်ခြင်း ဆီးပူ၊ဆီးအောင့်ခြင်းတို့ကို သက်သာစေပါသည်။

ဖရဲသည် အသီးကို သရေစာအဖြစ် စားသုံးပါက ဆေးဖက်ဝင်သည့်အပြင် ဖရဲတစ်ပင်လုံးကလည်း ဆေးဖက်၌ အသုံးဝင်လှပါသည်။

စေတနာလှိုင်(ရေစကြို)

အားလုံးကိုချစ်ခင်လေးစားလျှက်...

8 comments:

  1. ဗဟုသုတ ရစေပါတယ်....

    ReplyDelete
  2. ဖရဲသီးကြည့်သွားပါသည် ဒီ

    ReplyDelete
  3. ဖရဲသီးဆို ကြိုက်မှကြိုက်ပဲ..

    ReplyDelete
  4. ဖရဲသီးကလည်း ဆေးဖက်ဝင်သကိုးဗျ..
    ကျေးဇူးပဲ နော..
    ပျော်ပါစေခင်ဗျာ..
    *.*.*

    ReplyDelete
  5. ဖရဲသီးရဲ့ တန်ဘိုးကို သိအောင် မျှဝေပေးတဲ့အတွက် ကျေးဇူးပါ အမရေ

    ReplyDelete
  6. ဗဟုသုတလည်း ငတ်ကြီးလည်းကျသွားရတယ်ဗျာ
    ဖြစ်နိုင်ရင်လေ အဲပန်းကန်ထဲကလို အစေ့ နည်းတဲ့ 
    ဖရဲတီး လေးတွေ ပို့ ပေးပါလားဗျာ ဟီး

    ReplyDelete
  7. ဖရဲသီးစားဖြစ်အောင်စားရမယ်။ ကျန်းမာရေးအတွက်ပေါ့။

    ReplyDelete
  8. ဖရဲသီးကို ငယ်ငယ်က လုံးဝ မကြိုက်ပဲ အခုတော့ အတ်ာကြိုက်နေပြီ...


    ခင်မင်တဲ့
    ဂျပန်ကောင်လေး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။