ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလိမ္မာကြယ်စွာ စကားပြောတတ်အောင် သင်ပါ.



ဘုရင်တစ်ပါးသည် အိပ်မက်တစ်ခုကို မက်ပြီးနောက် ထိုအိပ်မက်ကို အဓိပ္ပါယ်ဖော်ဆောင်ရန် သူ၏ ပညာရှိအမတ်ကြီးတစ်ပါးကို ဆင့်ခေါ်လိုက်ပါသည်. . အမတ်ကြီးက အောက်ပါအတိုင်း အဓိပ္ပါယ်ဖော်လိုက်ပါသည်. .

"အရှင်မင်းကြီး ကံဆိုးစွာပင် အရှင်မင်းကြီးရဲ့ မွေးချင်းသားချင်း အားလုံးအရှင်မင်းကြီးရဲ့ အရင်ကွယ်လွန်ကုန်ပြီး အရှင်မင်းကြီး၏ မိသားစုတွင် အရှင်မင်းကြီးတစ်ပါးတည်းသာလျှင် နောက်ဆုံး ကြွင်းကျန်မည်ဟု အဓိပ္ပါယ်ရပါသည်. . အရှင် . . . "

ဘုရင်ကြီးသည် ထိုကဲ့သို့သော ဟောကိန်းကို အလွန်ဒေါသဖြစ်သွားပြီး ထိုသို့ ဟောလိုက်သူကို ကွပ်မျက်လိုက်ပါသည်. . . . နောက်များမကြာမီတွင် သူသည် ထိုအိပ်မက်ကိုပင် ထပ်မံမက်၍ အခြားမင်းတိုင် ပင်အမတ်တစ်ဦးကို အဓိပ္ပါပယ် ဖော်ခိုင်းလိုက်ပြန်သည်. . ..

" အရှင်မင်းကြီးသည် အလွန်ကံကောင်းသူ ဖြစ်ပါသည် ဟူသော နိမိတ်ကို ဤအိပ်မက်ကဆောင်ပါသည် အရှင်မင်းကြီးသည် အရှင်မင်းကြီး၏ ဆွေမျိုးသားချင်း အားလုံးထက် ကုသိုလ်ကံကောင်းအသက်ရှည်ပါမည် ဟု လျှောက်တင်လိုက်ပါသည်. . . " ဘုရင်မင်းကြီးသည် အလွန်ပင်ကျေနပ်သွားပြီး ထိုသူကို သူ၏၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါသည်. .

အချိန်အခါများစွာပင် ကျွန်တော်တို့ပြောသည့် အရာထက် ကျွန်တော်တို့ ပြောသည့်ပုံက အရေးပါလှပါသည်. . . အခြေအနေ မည်သို့ပင် ဖြစ်နေပါစေ. . ယဉ်ကျေးသိမ်မွေ့ခြင်းကြောင့် ဆုံးရှုံးရသည်ဟူ၍ မရှိပါချေ. . .

"လူတစ်ယောက်သည် လူတစ်ယောက်ကို ထိုးနှက်ခွင့်မရှိသလို ရိုင်းစိုင်းစွာ ပြောဆိုခွင့်လည်း မရှိပါ. . . . "

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

13 comments:

  1. စကားပြောအရာမှာလည်း လိမ္မာပါးနပ်မှုက တကယ်လိုအပ်တယ်နော်။ ပုံပြင်လေးကို ဖတ်ပြီး မှတ်သားသွားပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ခွိ..

    အမှန်တရားကိုပဲ လှည့်ပတ်ပြောတတ်ဖို့လိုတာပေါ့နော်

    ReplyDelete
  3. ဟုတ်တယ်အစ်မရေ.. မှန်ပါ့ဗျာ..။
    စကားပြောတတ်ဖို့ဆိုတာအရေးကြီးပါပေတယ်..။
    မှတ်သားစရာလေးပါပဲ..။

    ReplyDelete
  4. ဟုတ်တယ်။ စကားပြောယဉ်ကျေးအောင် ကြိုးစားရဦးမယ်။
    စကားပြောကောင်းကောင်းမတတ်သေးဘူး။
    လူတွေနှင့်ဆက်ဆံတဲ့အခါမှာ အရေးပါတယ်နော်။

    ReplyDelete
  5. အလျှောက်ကောင်း အထောင်းသက်သာဆိုတဲ့စကားလိုပေါ့
    အဲဒီပုံပြင်လေးလည်းရှိတယ်နော်။ အမဖတ်ဖူးတယ်။
    ဘာပဲဖြစ်ဖြစ်ကိုယ်ပြောချင်တာကို သူတဖက်သား နားခံသာ
    ဖို့ကအရေးကြီးတယ်။ စကားပြောတာမှာလည်း ညာဏ်ပါ ဖို့လိုတယ်။
    အသိပညာရစေတဲ့ ပိုစ့်တစ်ပုဒ်ပါပဲ။

    ReplyDelete
  6. ပညာရှိဆိုတာ အဲလိုပေါ့နော်။ အဓိပ္ပာယ်ချင်း တူပေမယ့် လိမ္မာပါးနပ်စွာ ပြောတတ်တော့ အကျိုးရှိသွားတာပေါ့လေ။

    ReplyDelete
  7. စကားအပြောအဆို ဆင်ခြင်ရမယ် ဆိုတဲ့ အသိဉာဏ်လေး တိုးသွားပါတယ် အမရေ ကျေးဇူးနော်

    ReplyDelete
  8. ဟုတ်တယ်နော် စကားအရာမှ ကြွယ်ဝပြီး ပါးနပ်ဖို့ အဓိကပေါ့နော်....

    ReplyDelete
  9. “အခြေအနေ မည်သို့ပင် ဖြစ်နေပါစေ. . ယဉ်ကျေးသိမ်မွေ့ခြင်းကြောင့် ဆုံးရှုံးရသည်ဟူ၍ မရှိပါချေ. . .” တန်ဖိုးရှိတဲ့ အတွေးအသိလေးတွေကို
    မှတ်သားသွားပါတယ်မမရေ

    ဆင်ဆင်ပြေပျော်ရွှင်ပါစေ!

    ReplyDelete
  10. ဘုရင်အနားမှာခစားတယ်ဆိုတာ
    လိမ်တတ်မှ..ညာတတ်မှ..ရွှီးတတ်မှ..
    ဖြီးတတ်မှ..သူကောင်းပြုခံရတတ်တယ်
    မလိမ်တတ်..မညာတတ်..မရွှီးတတ်
    မဖြီးတတ်ရင်..ခေါင်းဖြတ်ခံရတတ်တယ်
    ဆိုတာမှတ်သားသွားပါတယ်။

    ReplyDelete
  11. အခြေအနေ ကိုလေ့လာ ပြီး လိမ္မာပါးနပ်စွာနဲ့ လိုရင်းရောက်အောင် ပြောဆိုရမည်။ စကားလုံးရွေးချယ်တတ်မှုကို ဖော်ညွန်းတဲ့ ပုံပြင်လေးနော်။ သတိထားရမှာတွေပါ။ မှတ်သားသွားပါတယ်။

    ReplyDelete
  12. ဒဲ့ပြောမယ် အဲဒီလို အကျင့်ဆိုးတွေ ရှိနေလို့ တို့တွေအခုထိ ဒုက္ခတွင်းက မတက်နိုင်သေးတာပဲ။ မင်းခယောကျာင်္း ကမ်းနားသစ်ပင်လို့ ဆိုထားပေမဲ့ အမှန်ကိုဖုံးကွယ် ထားတာတော့ မကောင်းဘူး ထင်တာပဲ။ အဲလိုလူမျိုးကို သာပေါင်းညာစား လို့ခေါ်တယ်။

    ReplyDelete
  13. အဓိပ္ပါယ်တူပေမယ့် ခံစားခွင့်တော့ ကွာသွားပါလားနော် .. နှုတ်ချိုလျှိုတပါး ဆိုသလိုပေါ့ ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။