ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အထင်လွဲတော့ အကျိုးနည်း
ရှေးအခါက . . ဟိမ၀န္တာ တောရဲ့ အနီးမှာ ကြို့ပင်ကြီးတစ်ပင်ရှိသတဲ့. . . . ၀က်ဝံတစ်ကောင်ဟာ အစာရှာဖွေ စားသောက်ပြီးတဲ့နောက် ၊ ဗိုက်လေးလာတဲ့ အခါမှာ ကြို့ပင်ကြီးအောက် လာရောက်အိပ်နေလေ့ရှိပါတယ်. . . တစ်နေ့. . . . ကြို့ပင်ကြီးအောက်မှာ ၀က်ဝံကြီး အိပ်ပျော်နေတုန်း ခပ်ကြမ်းကြမ်း လေတစ်ချက်ဝှေ့ လိုက်တာ ကြောင့် ကြို့ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်း ကျိုးပြီး သစ်ကိုင်းကျိုးဟာ ၀က်ဝံကြီးရဲ့ ကျောကုန်းပေါ်ကျသွားပါတယ်. . . . အိပ်ပျော်နေတဲ့ ၀က်ဝံကြီးလည်း လန့်နိုးသွားတာပေါ့. . . ဒေါသလည်း ထွက် စိတ်တိုသွားတယ်. . . . ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူ့ကိုမှလည်း မတွေ့မမြင်ရဘူးတဲ့. . . .
"ဧကန္တတော့ ကြို့ပင်စောင့် ရုက္ခစိုး ငါ့အပေါ်သစ်ကိုင်း ချိုးချတာဖြစ်မယ်. . . သိကြသေးတာပေါ့ကွာ မင်းဗိမာန်ကို အမြစ်က လှန်ပစ်မယ်. . . . ၀ံကြံရင် ဘာခံနိုင်မှာ တုန်း ဟု . . . "ပြောပြီး ထွက်လာခဲ့ပါတယ်. . . .
ကာလအတန်ကြာတဲ့ အခါမှာ ကြို့ပင်အောက်မှာ ၀က်ဝံကြီး ရပ်နားနေတုန်း ဓားမ၊ ပဲခွပ်၊ ပုဆိန်တွေ ကိုင်ထားတဲံ သစ်ခုတ်သမား ပုဏား လက်သမား သုံးရောက် ကြို့ပင်နား ရောက်လာပါတယ်. . . . လက်သမားတွေကို တွေ့တဲ့အခါမှာ ၀က်ဝံဟာ ၀မ်းသာအားရဖြစ်သွားပါတယ်. . . .
"မိတ်ဆွေတို့ ဘယ်သစ်ကို ခုတ်ကြမှာတုန်း ဟု ၀က်ဝံကလှမ်းမေးကြည့်တယ်. . . ."
"မိတ်ဆွေဝက်ဝံ သင်က တောထဲမှာ နေတော့ ကျုပ်တို့ထက် သစ်အကြောင်းနားလည်မှာပေါ့. . ရထားလုပ်ဖို့ ဘယ်သစ်က ခိုင်ခံပါသလဲ . . . "ဟု ပုဏားတွေက ပြန်မေးတယ်. . .
"အဆွေလက်သမား ပိတောက်၊ ထောက်ကြံ့၊အင်ကြင်း၊ ရှားပင်တို့ဆိုတာ မခိုင်ခန့်ဘူး . . . လူတွေက မသိလိုကနာမည်ကြီးနေတာ. . . သူတို့ထက်ပိုမိုခိုင်ခန့်တဲ့ ရထားလုပ်ဖို့ ကောင်းတဲ့ ကြို့ပင်ဆိုတာ ရှိတယ်. . ."
"မိတ်ဆွေပြောတဲ့ ကြို့ပင်ဆိုတာကို ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ မြင်ရင် သိရင် ဘယ်လိုပုံစံဆိုတာ ပြောပြပေးပါအုံး . . . . "ဟု လက်သမားများက ၀က်ဝံကြီးကို ပြန်မေးပါတယ်. .
"ခု ကျုပ်ရပ်နေတဲ့ နေရာ က အပင်ဟာ ကြို့ပင်ပေါ့. . . . ရထားဘီးအတွက် အကန့်၊ ပုံတောင် ၊ ၀က်စွပ်၊ အကျပ် အကုန်လုပ်နိုင်တာပေါ့. . . . "လို့ပြောပြီး ၀က်ဝံဟာ ထွက်သွားပါတယ်. . . .
လက်သမားတွေဟာ ကြို့ပင်ကို ခုတ်ဖို့ ပြင်ဆင်လိုက်ကြတယ်. . . . ၀က်ဝံနဲ့ လက်သမားတွေပြောဆိုနေတာကို ကြားသိလိုက်ရတဲ့ ကြို့ပင်စောင့်ရုက္ခစိုး နတ်ဟာ "၀က်ဝံဟာ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ရန်ငြိုးဖွဲ့ပြီး ငါ့ရဲ့ ဗိမာန်ကို လက်သမားတွေက ဖျက်ဆီးပစ်ကြသလို ဒင်းအသက်ကိုလဲ လက်သမားတွေကပဲ ပျက်စီးအောင် လုပ်စေရမယ် . . . " ဟု ကြုံးဝါးလိုက်သည်. . .
အဲဒီနောက် ကြို့ပင်စောင့်နတ်ဟာ ခရီးသွား ပုဏား တစ်ယောက် အယောင်ဆောင်ပြီး လက်သမားတွေ အနား ချည်းကပ်ပြီး . . . . "မိတ်ဆွေ လက်သမားတို့ ဒီသစ်ပင် က အသားကောင်းလှချည်လား ဘာများလုပ်ဖို့တုန်း. . . " လို့ မေးကြည့်လိုက်တယ်. . .
"ရထားလုပ်ဖို့ ဖြတ်တောက်နေကြပါတယ်. . . ." ဟု လက်သမားတွေက ပြန်ဖြေကြတယ်. . . .
"မင်းတို့ ရထားလုပ်တဲ့ အခါ ၀ံသားရေကို သံပတ်လိုပတ်ပြီးလုပ်ရင် ပိုပြီး ခိုင်ခံ့လာမယ် . . . ပိုပြီးလည်း ဈေးကောင်းရမယ်. . . "
လက်သမားများက "ဒီလိုဆို ၀ံသားရေ ဘယ်ကရမှာတုန်း . . ."
"မင်းတို့ တော်တော်နသေးတာပဲ ခုနက မင်းတို့ကို ပြောသွားတဲ့ ၀က်ဝံဆီလိုက်သွားပေါ. . . . . . ၀က်ဝံကြီးကို အသင်ပြောသွားတဲ့ သစ်ပင်ကို ဘယ်လိုခုတ်ရမှာလဲလို့ မေးပြီး ပြခိုင်းလိုက်. . . . အဲဒီအခါကျမှ ဓားထက်ထက်နဲ့ ၀က်ဝံကြီး သေသွားအောင် ခေါင်းကို ခုတ်ပိုင်းလိုက်ပေါ့ . . . . အရေခွံခွာ အသားကိုချက်စားပါ. . . ပြီးမှ ကြို့ပင်ကို ခုတ်ပါလို့ . . . . " ရုက္ခစိုးက ပြောလိုက်ပါတယ်. . .
ခရီးသွား ပုဏားရဲ့ အကြံပေးချက်ကို လက်သမားတွေ နှစ်သက်သဘောကျသွားတယ်. . ဒီကနေ့ သိပ်ကံကောင်းတဲ့ နေ့ပါလား အကြံကောင်းညဏ်ကောင်းတွေရတယ် ဆိုပြီး ရုက္ခစိုး အကြံပေးတဲ့အတိုင်း ၀က်ဝံကြီး နောက် လိုက်သွားပြီး မာယာနဲ့ အကူအညီတောင်းတယ်. . . ကြို့ပင်အောင် ရောက်လာတဲ့ ၀က်ဝံကြီးကို သေအောင် သတ်ပစ်နိုင်ခဲ့တယ် . . . နောက်ကြို့ပင်ကြီးကိုလည်း ခုတ်ထစ်ပိုင်းဖြတ်ယူဆောင် သွားကြပါတယ်. . .
ဝက်ဝံကြီးဟာ သည်းခံသင့်တဲ့ အမှုကလေးကို သည်းမခံနိုင်ဘဲ အထင်လွဲပြီး စိတ်ယုတ်မာ မွေးကာ ရန်ငြိုးဖွဲ့ခဲ့တာကြောင့် အကျိုးအမြတ်မရှိဘဲ နှစ်ဦးစလုံး ဆုံးရှုံးနစ်နာခဲ့ရပါတယ်. . . .
ဒီဥပမာလေးကို ကြည့်ခြင်းအားဖြင့် စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေကို ဖြစ်ပေါ်လာတာကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်. . .
(ဖန္ဒနဇာတ်)
အားလုံးကိုချစ်ခင်လေးစားလျှက်...
17 comments:
  1. ကောင်းလိုက်တဲ့ သင်ခန်းစာလေးနော်။
    လူတွေဟာလဲ ဒီလိုပါဘဲ။ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ ပြီး ဒေါသထွက်တတ်ကြတယ်။
    ReplyDelete
  2. ဖတ်လို့ ကောင်းလိုက်တာ... တခါမှ မဖတ်ဖူးဘူး
    ဂျပန်ကောင်လေး
    ReplyDelete
  3. မှတ်သားသွားပါတယ်။
    သူဘက်ကိုယ်ဘက်ကြည့်တက်ရင် အကောင်းဆုံးပါ။
    ReplyDelete
  4. အင်း သင်ခန်းစာ ယူစရာပါပဲဗျာ
    မျှဝေပေးလို့ကျေးဇူးပါ ပန်းကဗျာနဲ့ မေ ၁၆ တို့ေ၇
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  5. စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေပဲ ဖြစ်လာမှာပါပဲ ဖတ်သွားပါတယ်း)
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  6. ကိုယ့်ရဲ့စိတ်ဓါတ် ကိုယ့်ရဲ့အတွေးကြောင့် ဒုက္ခရောက်ရတာ သင်ခန်းစာ ယူစရာပဲနော်
    မျှဝေပေးတာ ကျေးဇူးပါ
    ReplyDelete
  7. ဟုတ်ကဲ့.. ဟုတ်ကဲ့... ဟုတ်ကဲ့...... အခုအချိန်ကစလို့ စိတ်ကောင်းမွေးပါတော့မယ် ခင်ဗျား...
းဝ)
    ReplyDelete
  8. မထားသင့် မထားအပ်တဲ့ အငြိုးအတေးတွေကြောင့် အကျိုးမရှိ ဆုံးရှုံးကြရတယ်ဆိုတဲ့ သင်ခန်းစာလေး မှတ်သားသွားတယ် အမရေ။
    ReplyDelete
  9. အဆုံးအမ သင်ခန်းစာလေးပဲနော်။ စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုသလိုပေါ့။ စိတ်ထား မကောင်းတော့ ဆိုးကျိုးတွေပဲ ရတယ်နော်။
    ကျေးဇူးပါ မမရေ..။ မှတ်သားသွားပါတယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  10. ဘာမဟုတ်တာလေးကို ရန်ညှိုးဖွဲ့ တော့ နှစ်ဦးလုံး
    ပျက်စီးကြရတာပေါ့ဗျာ လူလောကမှာလည်း
    ဒီလိုသဘောတရားတွေအများကြီးရှိပါတယ် သင်
    ခန်းစာယူတတ်ရင် တကယ်ကောင်းတယ်ဗျာ
    ReplyDelete
  11. ကိုယ်ပိုင်ဦးနှောက်မရှိတဲ့သူတွေဒီလိုပဲသူများလိမ်လည်လှည့်စားတာကိုခံကြရတာပါ...စိတ်ထားကောင်းခြင်းမကောင်းခြင်းကြောင့်မဟုတ်ပါ...၀က်ဝံသည်တရိစ္ဆာန်မို့ ဦးနှောက်မရှိ...ရုက္ခစိုးကလည်းတရိစ္ဆာန်နဲ့ ဖက်ပြိုင်တဲ့ဘာအသိဥာဏ်မှမရှိတဲ့သတ္တ၀ါ...သနားစရာကောင်းလိုက်ပါဘိတော့တယ်...။
    ReplyDelete
  12. ကိုယ်ပိုင်ဦးနှောက်မရှိတဲ့သူတွေ
    ဒီလိုပဲသူများလိမ်လည်လှည့်စားတာကို
    ခံကြရတာပါ...စိတ်ထားကောင်းခြင်း
    မကောင်းခြင်းကြောင့်မဟုတ်ပါ...
    ရုက္ခစိုးကလည်းတရိစ္ဆာန်နဲ့ ဖက်ပြိုင်တဲ့ဘာအသိဥာဏ်မှမရှိတဲ့သတ္တ၀ါ...
    သနားစရာကောင်းလိုက်ပါဘိတော့တယ်...။
    ReplyDelete
  13. အင်း စိတ်မထားတတ်တော့ ပျက်ဆီးခြင်းကို ရောက်ကုန်တာပေါ့...
    ဗဟုသုတ ရစရာချည်းပါပဲ...
    ReplyDelete
  14. ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ လွန်းတတ်တဲ့ 
    အဖြစ်တွေက လက်ရှိ ပတ်ဝန်းကျင်မှာလည်း
    မြင်တွေ့ နေရတယ်မမရေ . . .
    ဘာပဲပြောပြော “ကိုယ်ပြုတဲ့ ကံ ပဲတင်သံ
    ကိုယ့်ထံပြန်လာ၏” တဲ့ 
    ကောင်းတာလုပ်ရင် ကောင်းတာရမယ်
    ဆိုးတာလုပ်ရင်တော့ ဆိုးတာပဲရမှာ . . . :)
    ခင်မင်စွာနဲ့ 
    ပန်းခင်းလေး
    ReplyDelete
  15. ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ လွန်းတတ်တဲ့ 
    အဖြစ်တွေက လက်ရှိ ပတ်ဝန်းကျင်မှာလည်း
    မြင်တွေ့ နေရတယ်မမရေ . . .
    ဘာပဲပြောပြော “ကိုယ်ပြုတဲ့ ကံ ပဲတင်သံ
    ကိုယ့်ထံပြန်လာ၏” တဲ့ 
    ကောင်းတာလုပ်ရင် ကောင်းတာရမယ်
    ဆိုးတာလုပ်ရင်တော့ ဆိုးတာပဲရမှာ . . . :)
    ခင်မင်စွာနဲ့ 
    ပန်းခင်းလေး
    ReplyDelete
  16. ချွန်တွန်း အလုပ်ကောင်းတာ ခံပေါ့။
    ReplyDelete
  17. မှတ်သားသွားပါတယ်အမရေ။
    လူတွေလဲဒီလိုပါပဲ။အမှန်တော့
    သီးခံခြင်းသာအောင်မြင်ခြင်းပါနော်။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။