ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပျိုမေတို့၏ အသားအရေနှင့် နေရောင်ခြည် အန္တရာယ်


ခုဆိုရင် ရာသီဥတု က နေ့ခင်းဘက် အပြင်ကို ထွက်တဲ့အခါမှာ နေရောင် အရမ်းပြင်းပါတယ်. .. . အလွန်ပြင်းပြတဲ့ နေရောင်အောက်ကို ထွက်မယ် ကြံတိုင်း . . . မိမိတို့ရဲ့ အသားအရေကို နေရောင်ခံခြင်းကြောင့် ရလာနိုင်တဲ့ အရေပြား ကင်ဆာ ဖြစ်ပွားမှုကို ထိန်းသိမ်းသင့်ပါတယ်. . . .

ပူပြင်းတဲ့နေရောင် ဒဏ်မှ ကာကွယ်ဖို့အတွက် ကျယ်ဝန်းဝိုင်းစက်သော ဦးထုပ် နားပန်းပါသော ဦးထုပ်မျိုးကို ဆောင်းဖို့ရယ်၊ အရေပြေားကို နေရောင်ကာကွယ်သော လိမ်းဆေးများ လိမ်းပေးဖို့ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်. . . .

အထူးသဖြင့် အရေပြား ကင်ဆာသည် အမျိုးသားများထက် အမျိုးသမီးများ ( အဖြူရောင် အသားအရေ) ရှိသော သူများတွင် ပိုမိုအဖြစ်များသည်ကို တွေ့ရပါသည်. . . . အမျိုးသမီးများသည် သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာ ပြီးလျှင် အဖြစ်အများဆုံးများ အရေပြားကင်ဆာဖြစ်ပါသည်. . .

အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးများသည် ပြင်းထန်သော နေရောင်ခြည်ရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိပါဘူး . . . ငယ်ရွယ်စဉ်တွင် ဆိုးဆိုး ရွားရွား နေလောင်ဒဏ် ခံထားရသော ကလေးတစ်ယောက်သည် ကြီးပြင်းလာသော အခါ သာမန်လူထက် နှစ်ဆပိုပြီး အရေပြားကင်ဆာကို ရရှိနိုင်ပါသည်. ...

ပြင်းထန်သော နေလောင်ဒဏ်ကြောင့် အရေပြားအတွင်း က ဆဲလ်များ ပျက်ဆီးသွားရာ က စပြီး အရေပြား ရှုံ့တွလာ၍ နုပျိုမှုများ ဆုံးရှုံးသွားသလို . . . ဆဲတွေပျက် စီးသွားတာက စ၍ အရေပြားကင်ဆာ စတင် ဖြစ်ပွားတတ်ပါသည်. . . . .

တစ်ဦးနှင့် တစ်ဦး နေရောင် ခြည်ရဲ့ ဒဏ်ကို ခံနိုင်မှု ကွဲပြားမှုရှိပါသည်. . .. နေပူစာ လှုံတာ လွန်ကဲခြင်း၊ မှဲ့ နှင့် မှဲ့ခြောက်များ အလွန်အကျွံရှိခြင်းများ ၊ မိသားစုထဲတွင် အရေပြားကင်ဆာ ဖြစ်ဖူးသူများ ရှိသူများ သည် အရေပြား ကင်ဆာဖြစ်ပွားရန် အကြောင်းရင်းများထဲတွင် သတိထားရမည့် အချက်များဖြစ်သည်. . .

အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်နည်းများမှာ. . . .

  • နေပူထဲသွားလျှင်နေရောင်ခြည် ကာကွယ်လိမ်းဆေးများ သုံးခြင်း
  • နေရောင် ကာ ဦးထုပ်များ ဆောင်းခြင်း
  • မျက်စိများကို ပြင်းထန်သော နေရောင်မှ ကာကွယ်ရန် နေကောမျက်မှန်တပ်ခြင်း
  • ဆုံးရှုံးသွားသော အရေပြား၏ စိုထိုင်းမှု များ ပြန်ရအောင် moisturiser များကို သုံးခြင်း

တို့ဖြင့် အရေပြားကင်ဆာ ဖြစ်ပွားမှု မှ ကာကွယ်နိုင်ပါသည်. . . .

ဒေါက်တာဇော်သန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. အခုလို ရာသီဥတုဖောက်ပြန်လာချိန်မျိုးမှာ အရေပြားပေါ် ကျလာတဲ့ နေရောင်ခြည်က .. ပို ဆိုးမလားလို့ဗျာ။ လူကြီးတွေတောင် မခံနိုင်ဘူး။ ကာယလုပ်သားကြီးတွေလည်း ကရုဏာဖြစ်မိတယ်။

    ReplyDelete
  2. ဟုတ်ကဲ့ မှတ်သားစရာပါ။
    နေပူရင် အကျီလက်ရှည်ဝက်တာ အကျင့်တောင်ဖြစ်နေတယ်။
    ကြာလာရင် နေပူထဲ သွားရင် လက်ရှည်မဝတ်ပဲ မနေနိုင်တော့ဘူးလေ။

    ReplyDelete
  3. ကျန်းမာရေး ဗဟုသုတလေး မျှဝေတာကျေးဇူးပါညီမ။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  4. အမလေးဟယ်.. အခုမှသာအရေပြား ကင်ဆာတွေဘာတွေဖြစ်နေတာ အဲလိုပြောကြေးဆို လမ်းပြင်တဲ့ လုပ်သားတွေ၊ တောင်သူလယ်သမားတွေ၊ လမ်းတကာလျှောက်သွားပြီး ဈေးရောင်းနေတ့သူတွေ ဘယ်လိုလုပ်မလဲ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။