ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဓမ္မလက်ဆောင်


ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်မှာ (၂၇) ကြိမ်မြောက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ္မ စာဖြေစာပြန်ပွဲတော်ကြီးကို ၅.၁.၂၀၁၀ ရက်နေ့ ကစပြီး ၁၃.၁.၂၀၁၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပါခဲ့ပါတယ်. . . . တရားပွဲတွင် ဆရာတော်များက ၉ ရက်တိုင်တိုင် တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်. .

တရားပွဲရဲ့ ဒုတိယည၊ တတိယညနဲ့ စတုတ္ထည (၃) ညတိတိ ဆရာတော် ဦးသုမင်္ဂလ က သစ္စာလေးပါး တရားတော်များကို ဟောကြားခဲ့ပါတယ်. . .

ပန်းကဗျာနဲ့ မေ16 တို့လည်း ဆရာတော်ရဲ့ တရားပွဲ (၃) ညလုံး သွားနာခဲ့ပါတယ်. . .

ပထမနေ့မှာဆရာတော် က "အသျှင်စူဠပန်"ခေါင်းစဉ်နဲ့ ဟောကြားတော်မူပါတယ်. . .

ဒုတိယနေ့မှာတော့ "အသျှင်ပိလိန္ဒ၀စ္ဆ" အကြောင်း ဖြင့် သစ္စာတရားများကို ဟောကြားတော်မူပါတယ်.

တတိယည တွင် ဆရာတော် မှ "အသျှင်ရာဟုလာ" တရား ဖြင့် တရားများဖြင့် သွန်သင် ဆုံးမ ဟောကြားတော် မူခဲ့ပါတယ်..

ဘလော့ပေါ်မှ ဓမ္မမိတ်ဆွေများ အတွက် ဓမ္မလက်ဆောင် အဖြစ် ဆရာတော်ရဲ့ (၃) ည ဟောကြားခဲ့တဲ့ တရားတော်များကို ဝေမျှပေးချင်တဲ့အတွက် အခွေများကို ၀ယ်ယူခဲ့ပါတယ်. . . ဒါပေမယ့် ပထမနေ့ က အခွေက System Error ကြောင့် အခွေမထွက်ခဲ့ပါဘူး . . . . ဒါ့ကြောင့် ဒုတိယနေ့ တရား "အသျှင်ပိလိန္ဒ၀စ္ဆ"နှင့် တတိယနေ့တရားတာ် "အသျှင်ရာဟုလာ" တရားတော်များ ကို ဓမ္မမိတ်ဆွေများ နာကြားရန်အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် . . .


အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. သာဓု...သာဓု...သာဓု...
    တရားတော်များ ယူသွားပါတယ်...
    အားလုံး စိတ်ချမ်းသာကြပါစေ...

    ReplyDelete
  2. တရားတော်တွေ ဒေါင်းလုပ်ယူသွားပါတယ်အစ်မရေ.. ကျေးဇူးပါပဲ..။
    နာရီကြည့်နည်းလေးလည်း မှတ်သားသွားပါတယ်..း))
    ကျန်းမာပျော်ရွှင်ပါစေအစ်မ....။

    ReplyDelete
  3. စာလဲ ဖတ်ရတယ်။ ဟောပြီးချင်း တရားလဲ နာရတယ်။ စီစဉ်တာလေးကောင်းတယ်။

    ၁၃.၅.၂၀၁၀ လို့ ဖြစ်နေသလားလို့။

    ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

    ReplyDelete
  4. ပုသိမ်သား SFJanuary 14, 2010 at 2:22 PM

    တရားတော်မျာuးp to time နာယူရ၍ကျေးဇူးပါ..
    အမြတ်ဆုံး ဒါနကုသိုလ်တွက် သာဓု.သာဓု.သာဓု ပါ..

    ReplyDelete
  5. download links are dead please up load again , thanks

    ReplyDelete
  6. အရှင်ရာဟုလာကို ပြန်တင်ထားပါတယ်ရှင် ကျန်တဲ့ တစ်ပုဒ်ကိုတော့ ပြန်ရှာပြီးတင်ပေးပါ့မယ်
    ခုလိုလာပြီးတရားနာပေးတာကျေးဇူးတင်ပါတယ်.

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။