ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရုပ်အဆင်းလှပခြင်း


"ရုပ်လှရင် အကုသိုလ်ကံ အကျိုးပေးခွင့်မသာတော့ဘူးဆိုတဲ့"

စကားဟာ သိပ်စိတ်စားဖို့ကောင်းတာပါ။ ဒါကိုထောက်ပြီး လူတစ်ယောက်ဟာ ရုပ်လှဖို့လည်းလိုနေပြန်ပါတယ်။

သီဟိုဠ်ကျွန်းမှာ ဘာတိကမင်းဆိုတာ ရှိပါတယ်။ ဘာတိကမင်းကပြည်သူတွေကို နွားသားမစားရဘူးလို့ အမိန့်ထုတ်ထားပါတယ်။ တကယ်လို့နွားသားစားတာမိခဲ့ရင် ဒဏ်ငွေတပ်ပါတယ်။ ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲခေါ်ပြီး အမှိုက်လှည်းတာစတဲ့ အလုပ်ဒဏ်ကိုပေးပါတယ်။

တစ်နေ့တော့နွားသားခိုးစားတဲ့သူတွေအများကြီးကိုမင်းချင်းတွေကမိပါတယ်။မိတဲ့သူ တွေကိုဘာတိမင်းကဒဏ် ငွေဆောင်နိုင်လားလို့မေးတော့ အားလုံးကမတတ်နိုင်တဲ့အကြောင်းလျှောက်ကြ ပါတယ်။ ဒိတော့ဘာတိမင်းက နွား သားစားတဲ့သူတွေကိုနန်းတော်ထဲမှာ အမှိုက်လှဲတာ၊သန့်ရှင်းရေးလုပ်တာ စသည်တွေကို ခိုင်းပါတယ်။

ဒဏ်ထမ်းနေတဲ့သူတွေထဲမှာ ရုပ်အလွန်လှတဲ့ အမျိုးသမီးကလေးတစ်ယောက် ပါလာပါတယ်။ အဲ့ဒီ အမျိုးသမီး လေးကိုဘာတိမင်းကမြင်သွားပါတယ်။ဘာတိမင်းက အမျိုးသမီးလေးကို ''သူ့ရုပ်ရည်လေးနဲ့ ဒီဒဏ်တွေကို မလုပ်သင့်ပါဘူးလေ'' ဒဏ်ကလွှတ်စေပါတယ်။

ပြီးတော့သူ့အနားကိုခေါ်ပြီးအကျွမ်းဝင်တဲ့နေရာကိုထားလိုက်ပါတယ်။တစ်ဆက်တည်း သာမာဒေ၀ီ ဆိုတဲ့ဘွဲ့ ကိုလည်း ပေးလိုက်ပါတယ်။ ဒါတင်မကပါဘူး။အမျိုးသမီးငယ်လေးရဲ့ အရှိန်အ၀ါနဲ့ပဲ သူနဲ့ ဆွေမျိုးတော်စပ် သူတွေကိုလည်းဒဏ်က လွှတ်စေပြီး ချမ်းချမ်းသာသာ အသက်မွေးနိုင်လောက်အောင် စီစဉ်ပေး လိုက်ပါသတဲ့။

ဒါ ဥပဓိသမ္ပတ္တိက အကျိုးပေးလိုက်တာပါ။ အမျိုးသမီးငယ်တင်မကပါဘူး။ အမျိုးသမီးငယ်နဲ့ဆက်နွယ်နေတဲ့ ဆွေမျိုးတွေပါအကျိုး ပေးသွားတာပါ။နွားသားစားချင်တာချင်းအတူတူ ရုပ်လှတဲ့သူက အကျိုးပေးသွားတာပါ။

ဥပမာ - ကုမ္ပဏီ တစ်ခုမှာ အမျိုးသမီးငယ်နှစ်ယောက် အလုပ်လာလျှောက်တယ်ဆိုပါစို့။ ပညာအရည်အချင်း လည်း အတူတူပဲဆိုပါစို့။ ဒါပေမဲ့တစ်ယောက် က ရုပ်အလွန်လှတယ်။ တစ်ယောက်ကရုပ်မလှဘူး။ ဒါဆို ဘယ်သူ့ကိုရွေးမလဲ?

ရုပ်လှရင်အခွင့် အရေးက သူများထက်သာနေတော့တာပေါ့ ။ရုပ်လှရင် ပြုခဲ့တဲ့အကုသိုလ်ကံတွေက အကျိုးပေးခွင့်မသာတော့ဘူးဆိုတော့ လူတစ်ယောက်ဟာ ရုပ်လှဖို့လဲလိုနေပြန်ပါတယ်။

ဒီတော့ ရုပ်လှအောင်ဘယ်လိုလုပ်မလဲ? အလှပြင်ဆိုင်သွားမလား?

ရုပ်လှရင်ပြုခဲ့တဲ့အကုသိုလ်ကံတွေက အကျိုးပေးခွင့်မသာတော့ဘူးဆိုတော့ အလှပြင်ဆိုင်ကိုသွားသာသွားပါ။
တကယ်လို့ ကိုယ့်အိမ်သား,မိဘတွေက အလှပြင်ဆိုင်သွားလို့ မြည်တွင်တောက်တီးလာရင် ပြန်ပြောလိုက်ပါ။
"ကျွန်မ သွားချင်လို့သွားတာမဟုတ်ဘူး။ရုပ်လှရင် အကုသိုလ်ကံတွေက အကျိုးပေးခွင့်မသာဘူးလို့ စာမှာဆိုထားလို့ အကုသိုလ်ကံတွေရဲ့ အကျိုးပေးခွင့်ကို တားတဲ့အနေနဲ့ သွားတာပါ။ သွားချင်လို့သွားတာ မဟုတ်ဘူး" လို့ပြောလိုက်ပါ။

ရုပ်လှဖို့ ခေတ်ပေါ်နည်းတွေနဲ့လည်းပြင်ပါ။ တရားသဘောနဲ့လည်းပြင်ပါ။

ဘုရားရှေ့မှာ အချိန်သီိးခြားယူပြီး ပွားရမှာဖြစ်သလို အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ တစ်ခါတလေ အလုပ်အားနေတဲ့အခါလေးတွေမှာပဲဖြစ်ဖြစ် ပွားနေရမှာပါ။

"အရဟံ=ဆိပ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား" အရဟံဂုဏ်တော် လေးကို ပွားနေလို့လည်း ရပါတယ်။ပုံမှန်အထုံဖြစ်အောင် ပွားနေလိုက်ရင် တစ်လပြည့်တဲ့အခါ ကိုယ့်မျက်နှာကိုမှန် ထဲပြန်ကြည့်ပါ။ ပြောင်းလဲလာတာကိုတွေ့ပါလိမ့်မယ်။ကိလေသာလျော့နည်းလာတာနဲ့အမျှ ရုပ်မှာ အအေးဓာတ် ပေါ်လာတော့တာပါ။

ဒါ့ကြောင့်ရုပ်လှဖို့ အလှပြင်ဆိုင်လည်းသွားပါ။ ဂုဏ်တော်လည်းပွားပါ။


ရဝေနွယ်(အင်းမ)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

7 comments:

  1. ဒါ့ကြောင့်ရုပ်လှဖို့ အလှပြင်ဆိုင်လည်းသွားပါ။ ဂုဏ်တော်လည်းပွားပါ။
    ဖတ်ရှုမှတ်သားသွားခဲ့ပါတယ်ဗျာ။။။

    ReplyDelete
  2. ဟုတ်ပြီ.. နှစ်မျိုးစလုံးလုပ်မယ်။ ပထမ တစ်ခုကို ပိုလုပ်မယ်း)

    ReplyDelete
  3. ၇ုပ်လှပြီးသူများအပေါ်ကောက်ကျစ်ယုတ်မာတဲ့သူဆိုလည်းအကုသိုလ်ကံအကျိုးမပေးဘူးလား

    ReplyDelete
  4. နှစ်သက်မိပြီးလိုက်နာနိင်သည့်ပို့စ်လေးဖြစ်သောကြောင့်ကျေးဇူးတင်ပါသည်။
    ကိုမိုးခ

    ReplyDelete
  5. အတိတ်ဘဝ ကုသိုလ်ကံအကျိုးပေးက ကောင်းလို့ပေါ့နော်။
    လူချင်းယှဉ်လို့ရပေမယ့် ကံချင်းယှဉ်လို့မရတော့ ကုမ္ပဏီမှာ ရုပ်ဆိုးသူလေး ဘယ်အရွေးခံရပါ့မလဲကွယ်။
    ဂုဏ်တော်ပွားတာလည်း နှလုံးမှာကိန်းမှ ထိရောက်မှာပေါ့နော်း)

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. သေသေသပ်သပ်နေတတ်မယ်။ ဘုရားတရားကြည်ညိုတဲ့ စိတ်အေးချမ်းသူ အတွက်တော့ နေရာတိုင်းမှာ ချစ်သူခင်သူ ပေါများမှာပါပဲ။

    ReplyDelete
  7. လိုက်နာပါ့မယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။