ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး



"ပေါ်ဦး"

"ခစားလျှက်ရှိကြောင်းပါ ဘုရား"

"ဤရာသီတွင်……….ခရမ်းသီးကို ကြော်စားရသော်………မကောင်းပေဘူးလားကွယ်………"

ဘိုးတော်မင်းတရားကြီးက မေးသည်။ နိမိတ်ပြမေးခွန်းဖြစ်သည်။မင်းကြီးကိုယ်တိုင်က စားချင်သောဆန္ဒ ကရှိနေသည်။ ထို့ကြောင့်စကားဦးသမ်း၍မေးနေခြင်းဖြစ်သည်။

"သင့်မြတ်လှကြောင်းပါဘုရား"

စင်စစ်………ယင်းရာသီတွင်ခရမ်းသီးသည်ရာသီစာမဟုတ်။မသင့်လှ။သို့သော်ဦးပေါ်ဦးက အလိုက်သင့် ဖြေသည်။

နောက်တစ်နေ့ ညီလာခံတွင်ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးသည် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။

"ဟဲ့………. ပေါ်ဦး"

"အမိန့်တော်သံ နာခံလျှက်ရှိကြောင်းပါ ဘုရား"

"ခရမ်းသီးကြော်ကို ပွဲတော်တည်တာ ချောင်ဆိုးးလှသကွယ်….၊ ညကလည်းကောင်းကောင်းမအိပ်ရဘူး. . . "

"မှန်လှပါ ။ဤရာသီတွင် ခရမ်းသီးကို ပွဲတော်တည်ပါက …….ချောင်းဆိုးတတ်ပါသည်ဘုရား……."

"ဟဲ့…….. ပေါ်ဦး၊မောင်မင်းပဲ မနေ့က သင့်မြတ်လှကြောင်းပါဆို……."

"မှန်လှပါ အရှင်ဘုရား၊ ကျွန်တော မျိုးသည် …….ရေမြေ့သခင် ဘ၀ရှင်မင်းတရားကြီး၏ကျေးဇူးကိုသာ စောင့်သိသည့် …အရှင်၏၀န်သာဖြစ်ပါသည်ဘုရား။ ခရမ်းသီးကျွန်တော်မျိုး၏အပေါ်တွင် ကျေးဇူးမရှိ၊ ခရမ်းသီး၏ကျေးဇူးကိုစောင့်သိစရာမလိုပါဘုရား၊ကျွန်တော်မျိုးဟာ ခရမ်းသီးဝန်မဟုတ်ပါဘုရား။ ထို့ကြောင့်… ကျေးဇူးရှင်မင်းတရားကြီး၏ဆန္ဒအလိုလိုက် လျှောက်ထားခြင်းဖြစ်ကြောင်းပါဘုရား။"

ဦးပေါ်ဦးက ၀ံ့စားစွာ လျှောက်ထားသည်။ ညီလာခံပရိတ်သတ်တို့မှာ တိတ်ဆိတ်စွာနားစွင့်နေကြသည်။ ဘိုးတော်မင်းတရားကြီးမှာ ကျိတ်ပြုံးလေးပြုံးမိရှာသည်။ဦးပေါ်ဦး လျှောက်လိုက်တိုင်း ချမ်းမြေ့စရာပင်။ ဦးပေါ်ဦးသည်ကား အရှင့်ကျေးဇူးကိုစောင့်သိသောကျွန်ဝန်။

ဦးပေါ်ဦးသည်ကားခရမ်းသီးဝန်မဟုတ်။

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ

ပုံကို ဤနေရာမှယူပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

6 comments:

  1. အလျှောက်ကောင်းတော့ အထောင်းသက်သာပေါ့..။

    ReplyDelete
  2. ဦးပေါ်ဦးလျှောက်ထုံးတွေ မဖတ်ရတာကြာပြီ။ အခုလိုလေး ပြန်ရှယ်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  3. သဘောကျလိုက်တာ
    ဦးပေါ်ဦးလို လျှောက်တင်ချက်မျိုး မှတ်ထားဦးမှ
    နောက်ကို အသုံးလိုရင် သုံးရအောင်
း)

    ReplyDelete
  4. ဦးပေါ်ဦး လျှောက်ထုံးလေးတွေ ဖတ်ရတိုင်း သဘောကျမိတယ်။ ဒီလို တော်လို့လည်း နှစ်ပေါင်းများစွာ ကြာလာတာတောင် သူ့စကားတွေ လျှောက်ထုံးတွေကို အခါခါ ပြန်ပုံနှိပ် ဖတ်နေကြရတာပဲ။

    ReplyDelete
  5. ဟုတ်ပါ့ပေ့ စကားအရာမှာတော့ ဦးပေါ်ဦး သုံးနှုန်းပုံတွေကတော့ လေးစားလောက်ပါပေတယ် . . . ကိုယ်လိုချင်တဲ့ ပစ်မှတ်ကို အလိမ္မာဆုံး အပါးနပ်ဆုံး တဖက်သား နားဝင်ချိုအောင် ပြောတတ်တဲ့နေရာမှာတော့ စံနမူနာပါပဲ. . စကားအရာမှာ ကြွယ်သူလို့ ပြောစမှတ်ပြုလောက်ပါပေတယ် . .

    ReplyDelete
  6. ဦးပေါ်ဦးလျှောက်ထုံးလေးတွေကို အန်တီဖတ်ဖူးတယ် အတော်လေးသဘောကျတယ်။ ဦးပေါ်ဦးလို ဖြတ်ထိုးဉာဏ် ကြွယ်ဝသူတွေ အားကျဖို့ကောင်းတယ်နော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။