ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကောင်းဆုံးကံကြမ္မာ



ကံကောင်းအောင် ကံကြမ္မာက မဖန်တီးပေးဘူး လူကပဲ ဖန်တီးပေးတယ်. .

ကံပွင့်တယ် . . . ကံမြင့်တယ်ဆိုတဲ့ . . . အရာဝတ္တုတိုင်းဟာ ကိုယ့်ဘာသာ ကိုယ် လုပ်ယူရတဲ့ကိစ္စများဖြစ်ပါတယ်. .

မိမိရဲ့ အတိတ်ဘ၀ပေါင်းများစွာက ပြုခဲ့တဲ့ ကောင်းမှုတွေ . . . ပစ္စုပ္ပန်ဘ၀မှာ ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ အမြဲတမ်း ပွင့်လန်းလာစေဖို့ရာ အမြဲတမ်း စေတနာကောင်းရှိရပါတယ်. . .

စေတနာကောင်းနဲ့ လုပ်နေတဲ့သူတွေဟာ ကံကောင်းတဲ့ သူတွေပါပဲ. . .

ဒါပေမယ့် . . . (တစ်ခါတစ်ခါ)

သစ်ပင်မျိုးစေ့ကောင်းကို မြေသြဇာကောင်းကျွေးပြီး စိုက်ပျိုးတာတောင်မှ ပေါင်းပင်များထွက်လာတာ ရှိသေးတာ ပိုးကျသလို အဖြစ်မျိုးတွေ ရှိတာကိုလည်း တွေ့ရလေ့ရှိပါတယ်. . .

အဲဒီအချိန်မှာ သစ်ပင်စိုက်တဲ့လူဟာ ပေါင်းသင်ပေးရပါတယ်. . . ပိုးသတ်ပေးရပါတယ်. . မြေသြဇာထည့်ပေးရပါတယ်. . . . .

သည်လိုပါပဲ . . ကုသိုလ်ကံကောင်း အကျိုးပေးနေတဲ့ အချိန်အခါမျိုးမှာလည်း သောကတွေ ဖိစီးမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်. . အဲဒီအခါမှာ သောကနဲ့ ဖိစီးမှုကို စေတနာကောင်းနဲ့ ပယ်သတ်ဖို့ ကြိုးစားပါ. . . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

5 comments:

  1. မိမိရဲ့ အရိပ်လို ကပ်ပါလာတဲ့ အတိတ်ကံကို ကောင်းအောင် ဆိုးအောင် မြင့်အောင် နိမ့်အောင် ပြုလုပ်နိုင်တဲ့သူဟာ မိမိသာဖြစ်တယ်ဆိုတာ အမှန်ပဲနော်။ မှတ်သားဖွယ်ရာလေးတွေ မျှဝေပေးတာကျေးဇူးတင်ပါတယ်ကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မှန်လိုက်တာ။ ဒါဟာ သဘာဝတရားဘဲပေါ့။

    ခင်မင်လျက်

    ReplyDelete
  3. မှတ်သားသွားပါတယ်ဗျာ....


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  4. ကံကောင်းအောင် ကံကြမ္မာက မဖန်တီးပေးဘူး လူကပဲ ဖန်တီးပေးတယ်. .

    ကံပွင့်တယ် . . . ကံမြင့်တယ်ဆိုတဲ့ . . . အရာဝတ္တုတိုင်းဟာ ကိုယ့်ဘာသာ ကိုယ် လုပ်ယူရတဲ့ကိစ္စများဖြစ်ပါတယ်. .


    ဒီစကားလုံးကို ကျနော် နှစ်သက်တယ် မမေး)

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  5. သာကနဲ့ ဖိစီးမှုကို စေတနာကောင်းနဲ့ ပယ်သတ်ဖို့ ကြိုးစားပါ. . . .

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။