ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခွင့်လွှတ်ခြင်း အနုပညာ



ခွင့်လွှတ်ခြင်းသည် အံ့ဖွယ်အပြောင်းအလဲကို ဖြစ်စေသည်. . လင်ကွန်းအား သူ့ရန်သူများကို အဘယ့်ကြောင့် မဖျက်ဆီးသနည်းဟု မေးသောအခါ လင်ကွန်းက "ကျွန်တော့အနေနဲ့ ကျွန်တော့ရန်သူတွေကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ရင် အဲဒါ သူတို့ကို ဖျက်ဆီးလိုက်တာပဲ မဟုတ်ဘူးလား. . . " ဟု ပြန်ဖြေပါသည်. .

ခွင့်လွှတ်သောအခါ သင်သည် သူတစ်ပါးကို ပြောင်းလဲစေပြီး သင့်ကိုယ်သင်လည်း ပြောင်းလဲစေပါသည်. .
ရှေးဦးစွာ ကိုယ့်အပေါ်နှင့် သူတစ်ပါးအပေါ် ကိုယ်ပြုခဲ့သော အမှားများအတွက် ကိုယ့်ကိုယ် ကိုခွင့်လွှတ်သင့်ပါသည်. . ထို့နောက် သင့်ဘ၀တာ ၌ သင့်အပေါ်တွင် အမှားပြုခဲ့သူများ အားလုံးကို ခွင့်လွှတ်ပြီး မေတ္တာပို့သင့်ပါသည်. . .

ဤသို့ဖြင့် သင်သည် သူတစ်ပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ကိုယ့်ကိုယ် ကိုလည်း လွတ်ငြိမ်းခွင့်ပေး လိုက် ပါသည် . . သင့်ကို နှောင်ဖွဲ့ထားသည့် နောင်တတစ်ဖန် ပူပန်ရခြင်းသည် သံကြိုးကိုလည်း ချိုးဖျက်လိုက်ပါသည်. . . အတိတ်၏ ၀န်ထုပ်ဝန်ပိုးမှ သင်၏စိတ်ကို လွတ်မြော်ကစေပြီ ဖြစ်၍ သင်သည် အနာဂတ်သို့အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပြီ ဖြစ်သည်. .

ခွင့်လွတ်ခံရခြင်းသည် နှစ်နည်းနှစ်လမ်းအားဖြင့် အကျိုးရှိပါသည်. . . ခွင့်လွတ်ခြင်းကို ခံရဖို့ ကိုယ်ကလည်း ခွင့်လွှတ်ရပေမည်. .

"သူတစ်ပါးကို ခွင့်မလွှတ်နိုင်သူသည် . ကိုယ်ကိုယ်တိုင် ဖြတ်သန်းရမည့် တံတားကို ချိုးဖျက်ပစ်သူ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် လူတိုင်းသည် ခွင့်လွှတ်မှုကို ခံယူလိုသောကြောင့် ဖြစ်ပါသည်. . . "ဟု အက်ဒ၀ပ်ဟာ ၀က်က ဆိုခဲ့ပါသည်.

ခွင့်လွှတ်ခြင်းသည် အကျင့်ပင်ဖြစ်သင့်ပါသည်. . အကန့်အသတ်အတိုင်းအတာမဲ့ ခွင့်လွှတ်တတ်သူသည် မည်သည့်အခါမျှ မမုန်းတတ်ပါ. .ခွင့်လွှတ်ခြင်းကို ယခုပင် စတင်သင့်ပါသည်. . . ခွင့်လွှတ်ဖို့အချိန်ဆွဲခြင်းမှာ ဒဏ်ရာကို ပို၍နက်နဲစေပါသည်. . . ခါးသည်းမှုကို ဖက်တွယ်ထားခြင်း သည် ပျော်ရွှင်မှုကို ရွေ့ဆိုင်းရာရောက်ပါသည်. . ဘ၀က တိုတောင်းပါသည်. . . အချိန်က အလျင်အမြန် ကုန်ဆုံးလျက်ရှိသည်. . .ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန်နေ့မှာ ယနေ့ပင်ဖြစ်သည်. .

ခွင့်လွှတ်ခြင်းသည် တစ်ကိုယ်ရည် ငြိမ်းချမ်းခြင်းသို့ ရှေးရှုရာလမ်းဖြစ်သည်. . . ခွင့်လွှတ်ခြင်းဆိုသည်မှာ မိမိ၏ စိတ်အတွင်းသို့ နက်နက်ထိုးနှိုက်၍ စိတ်အနာတရဖြစ်မှုများ ၊ အငြိုးဖွဲ့မှုများ ၊နာကျည်းမှုများကို ဖယ်ရှားပစ်သည့် စိတ်ကို ခွဲစိတ်မှုဖြစ်ပါသည်

ခွင့်လွှတ်ခြင်းဆိုသည် မှာ အမှားအယွင်းမျာကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို မေ့ပျောက်ပစ်ခြင်းဖြစ်သလို သင်ဘယ်တုန်းကမှ မသိခဲ့သော တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ပါသည်. . .

ဦးဝင်းတင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ကိုကိုမောင်(ပန်းရနံ့)June 18, 2011 at 7:06 PM

    ဟုတ်တယ်။ ခွင့်လွတ်ခြင်းသည် အရာအားလုံးကို အောင်မြင်ခြင်းပါဘဲ။ ဘ၀တိုတိုလေးမှာ စိတ်ကို ပျိုပျိုထားပြီး အချင်းချင်း နားလည်မှုနဲ့ ခွင့်လွတ်ကြရင် အကောင်းဆုံးပါဘဲ။

    ခင်မင်လျက်

    ReplyDelete
  2. ကိုယ့်ကိုယ့်ကိုခွင့်လွှတ်ပြီး သူတပါးကိုလည်းခွင့်လွှတ်နိုင်လာရမယ်။ ခွင့်လွှတ်လိုက်ခြင်းဖြင့် မိမိရဲ့စိတ်ကို ငြိမ်းချမ်းစေနိုင်ပြီး တပါးသူကိုလည်း စိတ်ထားပြောင်းလဲလာစေမယ်လို့ ထင်ပါတယ်။ အားလုံးလည်း ခွင့်လွှတ်မှုတွေနဲ့ ဆက်ဆံနိုင်ကြပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  3. ခွင့်လွှတ်ခြင်းရဲ့ ရလာဒ်ကတော့ မိမိရဲ့စိတ်ကိုကြည်လင်စေပြီး စိတ်ရဲ့ချမ်းသာမှုကို အပြည့်အဝ ရရှိစေတာတော့ အမှန်ပါပဲကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။