ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နှလုံးသားမှ မျက်ရည်စ



အပြစ်ငါ့တွင် ၊ ရှိသည်ထင်၍
နာကျင်စေနိုး၊ သူ့အငြိုးကို
စိတ်ဆိုးစိတ်မာန် ၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အမှားင့ါတွင် ၊ ရှိသည်ထင်၍
ငြိုငြင်ဆူဆဲ၊ ပြင်းစွာမဲကာ
နင်ဘဲငဆ၊ သူရှုတ်ချလည်း
ဒေါသခက်ထန်၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အပြစ်အမှား၊ ရှိလိမ့်လားဟု
ယုံမှားတွက်ဆ၊ သံသယဖြင့်
ငါ့ကို အငြိုး၊ ကြိမ်ကြိမ်ပျိုးလည်း
မိုးတိမ်လွင့်စင်၊ လစန်းရှင်သည်
ကြည်လင်ညံ့နု၊ရွှေရည်ဥသို့
သူ့တွင်ဒေါသ၊ မာန်မာနတို့
ကွယ်ပကင်းပျောက် ၊ အမှန်ရောက်သော်
ချောက်ချောက်ချားချား၊ နှုတ်စကားဖြင့်
ငါ့အားတစ်ဖန်၊ သူတောင်းပန်သော်
သည်းခံလျက်သာ ၊ခွင့်လွှတ်ပါ၏

သို့ပါသော်ငြား ၊နှလုံးသားမှ
လှုပ်ရှားဝေ့လည်၊ စမ်းနှယ်ကြည်သည့်
မျက်ရည်တစ်စက်၊ လွင့်ကြွေသက်၏
ရက်စက်သူတို့ မမြင်နိုင်။ ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ်နော်။ မျှဝေပေးတာ ကျေးဇူးပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကဗျာလေးကိုဖတ်ပြီး ရင်နင့်အောင် ခံစားရတယ်။ လူတွေဟာ ချစ်မြတ်နိုးတဲ့သူတွေရဲ့စကားတွေ. အပြုအမူတွေ.ရက်စက်မှုတွေကို ချစ်တဲ့စိတ်နဲ့ ဘယ်လောက်ပဲ သည်းခံ ခွင့်လွှတ်နိုင်ပေမယ့် နှလုံးသားထဲကတော့ မျက်ရည်စတွေနဲ့ပါ.
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။