ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နားလည်မှု



နေရာတကာတွင် ငါသာသိ၊ ငါသာတတ် ငါ တကော ကောနေတတ်သူတို့သည် မိမိကိုယ်ကိုယ် နားမလည်သူများ ဖြစ်ကြသည်. . . ထိုသူတို့သည် သူတစ်ပါးအပေါ် နားလည်နိုင်ရန်ခဲယဉ်းလှသည်. . . အရာရာတွင် ကိုယ်နှင့် နှိုင်းပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြသည်. . .

စင်စစ်မှု နားလည်မှုသည်. . မိမိကိုယ်တိုင် အရင် ကျင့်သုံး လိုက်နာရမည့်. . . လူမှုရေး ကျင့်စဉ်တစ်ခုသာ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် နားလည်မှသာ မိမိအပေါင်းအသင်း ၊ မိမိပတ်ဝန်းကျင်အပေါ်နားလည် နိုင်သောကြောင့် ဖြစ်သည်. . . ထို့ကြောင့် သူတစ်ပါးကို နားလည်လိုလျှင် ၊ နားလည်မှုကို ပေးလိုလျှင် မိမိကိုယ်ကို နားလည်အောင် အရင်လုပ်ရမည်ဖြစ်သည်..

ပေါင်းသင်းဆက်ဆံရေးနှင့် မကင်းသောသူသည်. . လူအချင်းချင်း ပြေလည်ချောမွေ့စွာ ပေါင်းသင်းနေထိုင်ရန် အရေးကြီးလှသည်. . တစ်ဦးသဘောကို တစ်ဦး သိမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့ဖွယ် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် လိုအပ်သည် . . . ထိုအခါ တစ်ဦးအပေါ်တစ်ဦး နားလည်မှုသည်. . မရှိမဖြစ် အရေးတကြီး လိုအပ်လာသည်. . .

ပေါင်းသင်းဆက်ဆံရေး ရှိသောလူသည် မိမိကိုယ်ကိုယ် နားလည်ထားရုံမျှနှင့် မပြီးသေးပါ. . ပတ်ဝန်းကျင်ရှိ မိမိဘ၀ခရီးဖော် အခြားလူများအပေါ် နားလည်အောင် လုပ်ရမည့် တာဝန်သည်. . . ယဉ်ကျေးသော လူသားတစ်ဦး၏မွေးရာပါ ဘ၀ပေးတာဝန်ဖြစ်သည်. . . သို့မှသာ မိမိအမြင်၊ မိမိသဘောနှင့် အခြားလူများ၏ အမြင်သဘောကို နှိုင်းချိန်ဆက်စပ်ကာ အများအကျိုး၊ လူ့လောက အကျိုးကို အောင်မြင်စွာ သယ်ပိုး ဆောင်ရွက်ကြမည်ဖြစ်သည်. . . .

အများအပေါ် နားလည်မှုရရှိနိုင်ရန် အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်ပါသည်. .

၁. မိမိကိုယ်ကို ဝေဖန်၍ နားလည်သဘောပေါက်အောင် လေ့လာခြင်း။

၂. မိမိနှင့် ထိတွေ့ဆက်ဆံနေရသူတို့အပေါ် စိစစ်လေ့လာခြင်း။

၃. ကိုယ်ချင်းစာနာစိတ် မွေးမြူခြင်း၊

၎ အကောင်းမြင် ၊ အပြုသဘောကို ဆောင်ထားခြင်း။

တို့ဖြစ်ပါသည်. . .

ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုယ် နားလည်အောင် ပထမဦးစွာ လေ့လာဆန်းစစ်ပြီး အခြားလူများ အပေါ်တွင် နားလည်သဘောပေါက်ရန် အားထုတ်သင့်ပါသည်. .

ဦးဝမ်ထိန်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. စာကောင်းပေကောင်းလေးတစ်ပုဒ် ဖတ်သွားတယ်။ လူသားအားလုံးသိသင့်တဲ့ အချက်လေးတွေပါ။

    ReplyDelete
  2. နားလည်မှုရှိဖို့အတွက် ဖော်ပြထားတဲ့ အချက် ၄ ချက်က ပြီးပြည့်စုံလွန်းပါတယ်။
    ကိုယ်လည်း တတ်နိင်သလောက် နားလည်ပေးနိင်အောင်တော့ ကြိုးစားတာပါပဲ။

    ReplyDelete
  3. ဟုတ်ပါရဲ့နော် ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်မှတော့ သူများကိုနားလည်ပေးနိုင်ဖို့ဆိုတာ ဝေးရောပေါ့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။