ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လက်ဆောင်



ဘတ်စ်ကား တစ်စီးပေါ်မှာ. . .

အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်. .. သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက် ထိုင်ခုံမှာ မိန်းကလေး တစ်ယောက် ထိုင်နေသည်. .

ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်. . .

ခဏနေတော့ မှတ်တိုင် တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်. . . .

အဘိုးကြီးက အလျင်စလို ထက ပန်းစည်းကို ကောင်မလေး လက်ထဲ ထိုးထည့်သည် . .

"ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်. . . မင်းကိုပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလဲ ၀မ်းသာမှာပါ. . . . အဘသူ့ကိုပြောပြလိုက်ပ့ါမယ်. . . . "

ကောင်မလေးက ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်. . . ဘတ်စ်ကား ရပ်သည့် နေရာက သုသာန်တံခါးဝ အနီးမှာ ဖြစ်သည်. . . သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်. .

ဖေမြင့်

နှလုံးသားအာဟာရ

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

3 comments:

  1. တစ်ဖက်သားရဲ့ ဆန္ဒကိုဖြည့်ဆည်းခြင်းကြောင့် သုံးဦးရဲ့ ဆန္ဒများပြည့်သွားတာပေါ့နော်။ ပျော်ရွှင်အေးချမ်းပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)June 7, 2011 at 11:51 AM

    ပန်းစည်းလေးကြောင့် လူ၃ယောက်ပျော်ရတယ်ဆိုရင်လဲ အကျိုးရှိတာပါဘဲ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။