ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခြောက်ကျိပ်သော ရဟန်းတော်များကို သာသနာပြု စေလွှတ်တော်မူပုံ



မိဂဒါဝုန်တော၌ ပထမ၀ါကပ်တော်မူ၍ ၀ါကျွတ်သောအခါ ဗုဒ္ဓမြတ်စွာမှတပါး ရဟန္တာ ရဟန်းတော်ပေါင်း ၆ ကျိပ် အတိရှိလေပြီ. . . ဗုဒ္ဓမြတ်စွာသည် ထိုခြောက်ကျိပ်သော ရဟန်းတော်တို့ကို ခေါ်တော်မူ၍ "ဘိက္ခုတို့. . . . ငါသည် လူနတ်တို့၌ ဖြစ်သော တဏှာရာဂကျော့ကွင်းမှ လွတ်ကင်းတော်မူခဲ့ပြီ ၊ အသင်တို့လည်း လူနတ်တို့၌ဖြစ်သော တဏှာ ရာဂကျော့ကွင်းမှ လွတ်ကင်းခဲ့ကြကုန်ပြီ. . " ဟု စကားစချီ မိန့်တော်မူသည်မှာ. .

"သင်တို့ထိုထိုဤဤ လှည့်လည်ကြချေ၊ အစ အလယ် အဆုံး ၃ပါးလုံး ကောင်းမြတ်၍ အနက် အဓိပ္ပါယ် ပြည့်စုံသော တရားတော်များကို ဟောကြချေ . . . ကိလေသာမြူနည်းပါး၍ ပညာမျက်စိအားကောင်းသော သတ္တ၀ါများ ရှိကြပေသည်. . . ထိုသတ္တ၀ါတို့သည် . တရားမနာရသောကြောင့် ရသင့်သော တရားထူးမှ ယုတ်လျော့နေကြသည် တရားကို သိလွယ်သူတွေ ရှိကြပေလိမ့်မည် . ." ဟု မိန့်တော်မူက သာသနာပြု လွှတ်တော်မူသည်. .

BUDDHA SENDING OUT A MISSION OF SIXTY ARAHANTS

After the Buddha had kept his retreat at the Deer Park at Isipatana during the first rainy season, there were fully sixty Arahants besides the Blessed One. He called them and said."Released am I, O Bhikkhu, from fetters both human and divine. Ye also are free from fetters both human and divine. Go ye, now O Bhikkus, and wander for the gain of the many, for the good of the many, for the gain and welfare of gods and men. Preach, O Bhikkus, the doctrine which is glorious in the beginning, glorious in the middle, glorious at the end in spirit and in letter. Proclaim the Holy life altogether perfect and pure. There are beings with a little dust in their eyes, who , not hearing the Doctrine will fall away. There will be thouse who will understand the Doctrine". With this exhortaiton the Buddha despatched His first sixyt disciples in various directions.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. မြတ်ဗုဒ္ဓရဲ့ အဆုံးအမ မှတ်သားဖွယ်ရာတွေ ဖတ်သွားပြီနော် ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးချမ်းပါစေကွယ်

    ReplyDelete
  2. စစ်မှန်တဲ့ ထေရဝါဒ ဆက်လက်ပျံ့ပွား တည်တံ့ပါစေ...။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။