သားမြတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများမှာ-
-အဆီပမာဏကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ် . . . အဆီများများစားသုံးခြင်းသည် ရင်သားကင်ဆာဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်းထိ တက်လာစေပါသည်. . .
-အမျှင်များတဲ့ အစားအစာများကို ရွေးစားသင့်ပါတယ်. . .
- အရက်သောက်ခြင်းကို လျှော့ချသင့်ပါတယ်. .
- ပဲပုပ်လုပ်သည့် ပဲစေ့ကို များများ စားသုံးရပါတယ်.
- ကွာစေ့ကို နေ့တိုင်း စားသုံးပါက ရင်သားကင်ဆာ ဖြစ်မှုကို သိသိသာသာကျဆင်းစေပါတယ်.
- အကျိုးရှိသော အဆီများကို စားသုံးရပါမယ် (Omega 3 နှင့် Omega 9 Fatty Acids များကို စားပေးလျှင် ရင်သားကင်ဆာဖြစ်နေလျှင်တောင် ကျုံ့သွားစေပါတယ်. Omega 3 က တော့ ဆော်လမွန်ငါး ၊တူနာငါး စတဲ့ အေးခဲတဲ့ရေထဲ က ငါးအမျိုးအစားများပါ. . Omega 9 ကတော့ သံလွင်ဆီဖြစ်ပါတယ်)
- လတ်ဆက်သော မုန်လာထုပ်၊ ပန်းမုန်လာ၊ ကန်စွန်းရွက်စတဲ့ ဟင်းသီးဟင်းရွက်များကို လည်း စားသုံးသင့်ပါတယ်. . ဂရိတ်ဖရုလို့ခေါ်တဲ့ သစ်သီးကိုလည်း များများ စားပေးရပါမယ်. .
အစားအစာများကို စနစ်တကျစားသုံးလျှင် သန်းပေါင်းများစွာသော အမျိုးသမီးများကို ရင်သားကင်ဆာ ဖြစ်နိုင်ခြင်းမှာ ကာကွယ်ပေးပါတယ်. . . သားမြတ်ကင်ဆာကို ကာကွယ်နိုင်ရန်အတွက် အစားအစာများကို မှန်ကန်စွာ စားသောက်သင့်ပါသည်။
ဒေါက်တာ စပယ်ပွင့်ဖြူ
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကြောက်တဲ့ရောဂါထဲမှာ အဲဒါလည်းတစ်ခု အပါအ၀င်ဘဲ
ReplyDeleteအစားအသောက် ဂရုစိုက်ရပါဦးမယ်
ကျေးဇူး
မှတ်သားသွားပါ၏။
ReplyDeleteကန်စွန်းရွက်ကကြိုက်တော့အတော်ပဲ ပိုစားတော့မည်။
ကျေးဇူးနော်
သာယာချမ်းမြေ့ပါစေရှင်း
မိုး