အလုပ်လုပ်တဲ့သူကို
သူ ပြုတဲ့ အလုပ်က
သူ စေတနာထားသလောက်
ပြန်ပြီးတော့ အကျိုးပေးပါတယ်
ဘ၀တစ်ခုကိုရရှိလာပြီဆိုတာနဲ့ လူတိုင်း လူတိုင်းဟာ အလုပ်တစ်ခုကိုတော့ မဖြစ်မနေ လုပ်ကြရတာ အမှန်ပဲ. .
ကျောင်းသားက စာကျက်ရမယ့်အလုပ်
ကျောင်းဆရာက စာသင်ရမယ့်အလုပ်
ဆရာဝန်က ဆေးကုရမယ့်အလုပ်
လက်သမားက အိမ်ဆောက်ရမယ့်အလုပ်
လယ်သမားက စိုက်ပျိုးရေးအလုပ်
စသည်ဖြင့် မိမိတို့ကျင်လည်ရာ ဘ၀ပတ်ဝန်းကျင်မှာ အလုပ်တစ်ခုခုကို လုပ်နေကြရမှာ မလွဲပါဘူး . . အလုပ်မလုပ်ရတဲ့ လူဆိုတာ မရှိပါဘူး. . . .
နောက်ဆုံးပြောရရင် အပြင်ထွက်မယ့်လူတောင် လမ်းလျှောက်ရတဲ့ အလုပ်ကိုတော့ မဖြစ်မနေ လုပ်ဆောင်ကြပါတယ်. . .
အလုပ်လုပ်ပြီဆိုတာနဲ့. . အလုပ်နဲ့တူတဲ့ အကျိုးပေးမှုက ပေါ်လာပါတယ်. . . မိမိလုပ်တဲ့ အလုပ်ကို စေတနာဆိုးနဲ့ ပြုလုပ်လိုက်လို့ အဲဒီအလုပ် ပြီးစီး အောင်မြင်သွားပြီဆိုရင် လဲ အဲဒီလူကို ပြန်ပြီး အကျိုးပေးပါတယ်. . . .
ဒါပေမယ့်
မကောင်းတဲ့ စေတနာနဲ့ ပြုလုပ်လို့
မကောင်းတဲ့ အကျိုးပေးခံရမှာ မလွဲပါဘူး . .
ကောင်းတဲ့ သူကိုတော့
ကောင်းတဲ့ အကျိုးပဲ ပေးမှာပါ. .
ဒါကြောင့် အလုပ်လုပ်လျှင် စေတနာကောင်းပါပါစေလို့ . .
အိန်ဂျယ်(လ်)
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
မှန်ပါ၏
ReplyDeleteကောင်းပါ၏
မကောင်းတဲ့ စေတနာနဲ့ ပြုလုပ်လို့
ReplyDeleteမကောင်းတဲ့ အကျိုးပေးခံရမှာ မလွဲပါဘူး . .
ကောင်းတဲ့ သူကိုတော့
ကောင်းတဲ့ အကျိုးပဲ ပေးမှာပါ.
တကယ်ကို မှန်ပါတယ်... လက်ခံတယ်
ဒါကြောင့် လုပ်နေချိန်တွင်းမှာတော့ အလုပ်ကို စေတနာပါပါနဲ့ မှန်မှန်ကန်ကန်ဘဲ လုပ်ချင်ပါတယ်..