
သမီး. . .
လောကကြီးမှာ မလွယ်တာတွေ အများကြီးပဲ
မုန်းတဲ့လူကို ချစ်အောင်လုပ်ဖို့
ကိုယ့်အမှားကို ၀န်ခံတောင်းပန်ဖို့
သူများအမှားကို သည်းခံ ခွင့်လွှတ်ဖို့
ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်ကို ပြင်ဖို့
သူတစ်ပါးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲဖို့
စိတ်ညစ်စရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့
လောဘ၊ ဒေါသ၊ မာနတွေကို ထိန်းသိမ်းဖို့
လောကကြီးကို အမြဲတမ်းအကောင်းမြင်တတ်ဖို့
အချိန်ကို အကျိုးရှိရှိ သုံးတတ်ဖို့
မိမိကိုယ်မိမိ နှိမ့်ချစွာ ဆက်ဆံတတ်ဖို့
အလုပ်တစ်ခုကို အောင်မြင်အောင် စတင်လုပ်ကိုင်ဖို့
မိမိရဲ့မှားယွင်း နေတဲံ အယူအဆတွေကို
စွန့်လွှတ်လိုက်ဖို့
မချစ်သင့်တဲ့သူကို ယတိပြတ် အဆက်ဖြတ်ဖို့
အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့
မလွယ်တာတွေ အများကြီးပဲ သမီးရေ
အဲ့ဒီမလွယ်တာတွေကို လုပ်နိုင်တဲ့သူဟာ
တကယ့်လူစွမ်းကောင်းပါပဲ
သမီးလေးကို လူစွမ်းကောင်းဖြစ်စေချင်တယ်
ကြိုးစားကြည့်ပါလား ကွယ်. . .
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

thanks for your post.
ReplyDeleteبسبب مشكلة الخط، لا استطيع ان ارى ما لديك كتب هنا. ولكن أعتقد أن هذه المادة مثيرة للاهتمام بالنسبة للمجتمعات وطنك. البقاء بصحة جيدة
ReplyDelete