
သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တွေကတော့
၁။ ပေါ်ပေါက်လာတဲ့ ပြာသာနာတွှေကို အခက်အခဲရယ်လို့ မမှတ်ပါနဲ့. . သင့်အတွက်အခွင့်ကောင်း လို့ထင်မှတ်ပါ။
၂။ အလုပ်တစ်ခုကို သင်အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတဲ့အခါ ဘယ်လိုတွေ၊ ဘယ်ပုံတွေ ဖြစ်လာမယ်ဆိုတာ ကို မတွေးပါနဲ့. . အဲသည်အလုပ်ကို မေ့ပြီး အလုပ်အသစ်ကို ဆက်လုပ်ပါ။
၃။ အလုပ်တစ်ခုခုကို လုပ်နေပါ. သင့်ရဲ့ တစ်နေ့တွက် (၂၄) နာရီ ကို အချက်သုံးချက်နဲ့ ကုန်ပါစေ
(၁) အလုပ်လုပ်၊
(၂) အနားယူ၊
(၃) အိပ်။
(အကျိုးမရှိသော အတွေးအခေါ်များ၊ စကား၊ အလုပ်များနှင့် အချိန်မဖြုန်းပါနှင့်)
၎။ သင်မလုပ်နိုင်သော အလုပ်အတွက်ကြောင့် ကြောင့်ကျမှု မရှိပါစေနှင့်. . . (မလုပ်နိုင်တာကိုတွေးလျှင် သောကကြီးသည်၊ လုပ်နိုင်တာကို လုပ်ပါ. . သို့မဟုတ်ပါက စိတ်ချောက်ချားမှုဖြစ်စေပါတယ်)
၅။ လေထဲတွင် တိုက်အိမ်မဆောက်ပါနှင့်။
၆။ အချိန်တွေကို ဟိုရွှေ့သည်ရွှေ့မလုပ်ပါနှင့်။
၇။ သင့်ရဲ့ ၀မ်းနည်းခြင်းတွေ ၊ သင့်ရဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကို အခြားသူများကို မပြောပြပါနှင့်။
၈။ နံက်အိပ်ရာက နိုးနိုးခြင်း ထလိုက်ပါ. . . အိပ်ရာထဲ လှဲလျောင်းနေခြင်းအတွက် တစ်နေ့တာ အလုပ်လုပ်ရန် အတွက် သင့်စိတ်အင်အားကို ကြိုတင်ဖြုန်းတီးရာ ရောက်ပါတယ်. .
၉။ ဘယ်အလုပ်ကို မဆို အလျင်စလို မလုပ်ဘဲ ကြိုတင်စီမံပြီးမှသာ လုပ်ပါ. . အလျင်စိလို လုပ်ခြင်းသည် စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေနိုင်ပါတယ်. . . ကိုယ့်ကိုယ်ကို သံသယရှိလာပြီး ယုံကြည်မှုများ ပျက်စီးစေပါတယ်.
၁၀။ သင်ရင်ဆိုင်နေရတဲ့ပြသာနာ က ကြီးနေလား . . ကြီးနေရင် သင့်စိတ်ပိုင်းမှာ တစ်ကန့်စီ၊ တစ်ပိုင်းစီ ဖြေရှင်း ရန် အားထုတ်ပါ. . . တစ်ကန့်စီ ဖြေရှင်းယူမှ ပြသာနာ ထုတည် တစ်ရပ်လုံး အမြန်ပြီးစီးမှာ ဖြစ်ပါတယ်.. .
နှစ်သစ်မှာ အားလုံး သောကကင်းဝေးနိုင်ပါစေရှင်. .
ထူးအောင်မြင်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဒီပို့စ်လေး တန်ဖိုးရှိတယ်
ReplyDeleteနံပါတ် ၃ အချက်ကို ဂရုစိုက်ရမယ်။
နံပါတ် ၈ လည်း ဆင်ခြင်ရမယ်။
Very valuable post. Thank you so much.
ReplyDeleteအလုပ်မှာ သောကတွေ များနေလို့ လူလည်း အိုရုပ် ထွက်လာပြီ။ ဒါကြောင့် အခု ဝေမျှထားတဲ့ အချက် ၁၀ ချက်စလုံးကို ကြိုးစားကြည့်ပါမယ်။ ဝေမျှပေးတဲ့သူကိုလည်း ကျေးဇူးတင်မိပါတယ်။
ReplyDeleteHappy new year 2011.
This comment has been removed by the author.
ReplyDelete