"ခရီးသွားကြသူများ"
ခရီးသွားမည် ၊
ဆီးတားလက်ပြ၊ ထိုနေ့ကတည့်
လမ်းမဘေးကပ်၊ ကားကြီးရပ်သော်
ဖျတ်လတ်မြန်လျင်၊ သတိယှဉ်၍
တိုးဝင် ရုတ်ရုတ်၊ ကားကြီးလှုပ်လည်း
အထုပ်ကလေး ရင်မှာထွေး။
ကျွန်ုပ်ခရီး ဆက်ခဲ့သေး။
ခရီးသွားချင်း၊ စကားခင်းကာ
ရင်းနှီးချစ်သွေး၊ လောကရေးနှင့်
ရှေးဖြစ်နောက်ကြောင်း ၊ အတိတ်ဟောင်းကို
ပြန်ပြောင်းဆွေးနွေး၊ သူတို့တွေး။
တချို့ပြောဆို နေကြသေး။
ခရီးသွားချင်း၊ စကားတင်းကာ
ငြင်းခုန်ရန်ပြု ၊ နေရာလု၏
သူ့ထက်ငါရ ၊ သာလိုကြ၍
ကာလတိုလေး ရင်မအေး။
တချို့ရန်စောင် နေကြသေး။
ခရီးသွာချင်း၊ ရင်းလိုရင်းစေ
ခရီးသွားချင်း၊ ငြင်းလိုငြင်းစေ
မသွေလမ်းကြောင်း၊ မတိမ်းစောင်းဘဲ
ယာဉ်မောင်းဦးဆောင်၊ ညဥ့်အမှောင်ဝယ်
လရောင်ဖြာလိုက်၊ ငုပ်လျှိုးလိုက်နှင့်
တိမ်တိုက် ဆီးတုံ ၊ မဆီးတုံနှင့်
အရုဏ်နီအား၊ မြင်ရငြားစဉ်
ကားကြီးစက်သတ် ရပ်လေပြီ။
ခရီးဆုံးလျှင်၊ ထိုအခါတွင်၌
ပြင်ဆင်အသင့်၊ ရှိနှင့်သူက
ဦးစွာထ၏။
ပြင်ဆင်အသင့်၊ မရှိလင့်က
နောက်ကျပေ၏၊ သို့ဖြစ်ဘိလည်း
ကိုယ်၏အထုပ်၊ သူ့အထုပ်တည့်
အထုပ်လေးများ၊ ထားရာမှယူ
သူလည်းသုတ်သုတ်၊ ကိုယ်သုတ်သုတ်ပင်
ရုတ်ရုတ်ရက်ရက်၊ ခရီးဆက်ဖို့
ခွဲထွက်ခဲ့ကြ ပြန်ပါသတည်း။
မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ကောင်းလိုက်တဲ့ ကဗျာလေးပဲနော်။
ReplyDeleteတကယ်တမ်းတော့ အားလုံးဟာ ခရီးသွားတွေပါ
ReplyDeleteခရီးသွားဘ၀လေးနဲ့ ကျေနပ်မနေကြပါနဲ့
ReplyDeleteခရီးနားဘ၀ဖြစ်အောင် ကြိုးစားဘို့
အရေးကြီးပါတယ်
ဟုတ်ပ..
ReplyDeleteလူတွေအများစုက ခရီးသွားဘ၀လေးနဲ့တင်
ကျေနပ်နေကြတာများတယ်..
နိဗာန်ရောက်မှ ခရီးသွားဘ၀ကနေ
လွတ်မြောက်ကြမှာ
သံသရာခရီးသွားဘ၀မှ ရုန်းထွက်နိုင်ကြပါစေလို့
အညတြခရီးသည်
ခရီးသွားတွေထဲက ခရီးသည်တစ်ဦး လာဖတ်ပါတယ်။
ReplyDelete