ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရိုးသားမှု



"ရိုးသားမှု မရှိလျှင် . . .
လွပ်လပ်မှု မရှိဘူး . . . "

လူ့ဘ၀တွင်
ကြိုးစားအားထုတ်မှုဟာ အရေးကြီးသလို
ကြိုးစားမှုနဲ့ အတူ
ရိုးသားမှုဟာလဲ ပိုပြီးတော့ အရေးကြီးတယ်။

ကြိုးစားမှုသာရှိပြီး
ရိုးသားမှု မရှိတဲ့သူကို
အယုံအကြည် နည်းကြလို့ပဲ။

ဘယ်သူမဆို
ကြိုးစားသူထက်
ရိုးသားသူကို ပိုပြီးတော့ အလိုရှိတယ်။

မရိုးသားတဲ့သူတွေဟာ
အနေအထိုင် ကျဉ်းကြုတ်တယ်
ဘာနှောင်ကြိုးမှ မရှိဘဲနဲ့
သူတို့ဘ၀ဟာ မလွတ်လပ်ဘူး
သူတို့ရတဲ့ အောင်မြင်မှုကိုလဲ
မသာယာ မမက်မောဘူး
လိပ်ပြာမသန့်ဘူး
ဘာကြောင့်လဲဆိုတော့
စစ်မှန်မှု မရှိလို့ဘဲ။

စစ်မှန်တဲ့ အကြောင်းအရာတိုင်းမှာ
ရိုးသားမှုဟာ အလိုအလျောက်
ပါပြီးသားဖြစ်တယ်။
ဒါကြောင့် မင်းတို့အနေနဲ့
စစ်မှန်တဲ့ လွပ်လပ်မှုရအောင်
ရိုးသားမှုနဲ့ ကြိုးစားကြပါ။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ကောင်းလိုက်တဲ့ ကဗျာ
    ဘယ်လောက်ကြိုးစားသူဖြစ်စေ ရိုးသားမှုမရှိရင် အောင်မြင်လဲ ခဏတာဘဲဖြစ်မှာပါ။
    ငွေနဲ့ဝယ်ယူလို့မရတဲ့ ရိုးသားခြင်းတွေ ကိုယ်တိုင်စိုက်ပျိုးမှ အသီးအပွင့်ကို ကိုယ်တိုင်ရိတ်သိမ်းစားသုံးရမှာပါ။

    ReplyDelete
  2. ရိုးသားမှုသာမရှိတော့ရင် ဘာမှမရှိတော့တာနဲ့တူတူပါပဲနော်။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။