ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အမေ



မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော

အမေများနေ့ကို ဂုဏ်ပြုလျက်..

''အမေ''

အမေ ----လွမ်းလိုက်တာ
ပျော်စရာတွေ ကြားမှာ
အမေ့ မျက်နှာသာယာနေပါစေ။

သမီးတွေကို ချစ်ခဲ့အမေ
မရေရာတဲ့ ဘ၀တွေ အတွက်
အခက်အခဲတွေ ကျော်ဖြတ်
အချစ်အတွက် သက်သေပြ
ဒါငါ့သမီးတွေ စာတတ် ဖို့ အတွက်တဲ့ လား ။

သမီးတွေအတွက် ဂုဏ်ယူချင်တဲ့ အမေ
ဝေဒနာတွေ ကြားက မရပ်မနား
ကြိုးစားရှာဖွေနေတဲ့ ငွေ
ဒါဟာ ''ငါ့သမီးတွေ မျက်နှာမငယ်စေဖို့ "တဲ့ လား ။

အဆင်မပြေမှုတွေ နှင့် အမေ
ရင်နာတာတွေ မျိုသိပ် နှိပ်စက်နေတဲ့ လောကဓံကြား
ဒါ ငါ့သမီးတွေ အတွက် ငါပေးဆပ်ရမယ် ဆိုတဲ့
အမေ့ရဲ့ စိတ် တိတ်တိတ်လေး စိုးထိပ်ရင်း
ငါ့သမီးကြီး စာကြိုးစား တဲ့ ။

အမေ--လွမ်းလိုက်တာ
မကုန်နိုင်တဲ့ ကျေးဇူးတွေအတွက်
သမီး ဘယ်လို ပြန်ဆပ်ရမှာလဲ
ဆိုးခဲ့ မိတဲ့ အတိတ်တွေ အတွက် ကြိုးစားနေမိတယ်။

သိနိုင်ပါစေ အမေ
အရာရာတိုင်းကို အမေ့ စိတ်တိုင်းကျ
ကြိုးစားနေတဲ့ သမီးအတွက်
ဂုဏ်ယူ ကြွေးကြော်လိုက်စမ်းပါ။

ဝေဒနာတွေနှင့် အမေ့ အတွက်
သမီးရဲ့ ခံယူချက်ဟာ
အားဆေးတစ်ခွက် ဖြစ်ခဲ့ မယ်ဆိုရင်
သိမ်ငယ်မှု တွေ ကြားက
အမေ့ မျက်နှာ သာယာ နေပါစေ
အမေ----လွမ်းလိုက်တာ။ ။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကဗျာလေးကို လာဖတ်သွားပါတယ်။ အဆင်ပြေ ကျန်းမာပါစေ။

    ReplyDelete
  2. အမေတွေအားလုံး ကျန်းမာချမ်းသာကြပါစေ..

    ReplyDelete
  3. ဒီလိုမှန်းသိ အစောကြီးကတည်းက အမေနေ့ ကဗျာစာအုပ်အတွက် ကဗျာ တောင်းလိုက်ပါတယ်ဗျာ..
    အဟေးဟေး

    ReplyDelete
  4. အမေဆိုတာနဲ့တင် ကဗျာတစ်ခုလုံး တောက်ပနေလိုက်တာဗျာ အံ့မခမ်းနိုင်အောင်ပါပဲ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။