ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သားဖေဖေ



သား. . .

ဘ၀ဆိုတာ အချိန်ပါပဲ.
အချိန်ဆိုတာ ကုန်မြန်တယ်.
ဒါကြောင့် ဘ၀ဆိုတာ တိုတောင်း တယ်
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်စရာတွေ အများကြီး
တာဝန်တွေကလည်း မနည်းဘူး။

ကိုယ့်ဘ၀ကို တိုးတက် အောင်မြင်အောင်လုပ်ဖို့
စိတ်ငြိမ်းချမ်းမှု ရအောင် ကျင့်ကြံအားထုတ်ဖို့
နောင်ဘ၀မှာ ဖြစ်သင့်ဖြစ်ထိုက်တာတာ ဖြစ်အောင်
ဒီဘ၀မှာ ကြံစည်ကြိုးစားဖို့
နည်းတဲ့ အလုပ်တွေမှာ မဟုတ်တာ
ပြီးတော့ . . . မိသားစုတာဝန်
နိုင်ငံတာဝန်၊ လူ့တာဝန်တွေ
ကျေပွန်အောင် ဆောင်ရွက် သွားဖို့လည်း ရှိသေး။

အဲ့ဒီ အလုပ်တာဝန်တွေကို မေ့ချန်ထားပြီး
ကိုယ့်ကို ကိုယ် အရစ်ကျ သေကြောင်းကြံနေတဲ့
အကျိုးမရှိတဲ့ အရာတွေကို စွဲလန်း နေဦးမှာလားကွယ်။

ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့
အချိန်တွေ အလဟဿ ကုန်ဆုံးသွားမှာ
ဖေဖေ စိုးရိမ်မိတယ် သား. . . ရယ်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. အကျိုးမရှိတဲ့အရာတွေကို စွဲလန်းနေတဲ့ သားတွေအတွက် မှတ်သားစရာလေးပါဘဲ

    ReplyDelete
  2. အင်း.. ဟုတ်တယ်နော်။ အကျိုးမရှိတဲ့အရာတွေကို စဉ်းစားနေခဲ့မိတာ အတော်လေး ကြာခဲ့ရောပေါ့။ သတိကို ထင်ဟပ်စေတဲ့ မှာတမ်းလေးပါဘဲ။

    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. အမြဲလိုလို ရောက်ဖြစ်ပါတယ်။ ။ ကျေးဇူးတင်ပါတယ်။ ။

    ReplyDelete
  4. အင်း... ဟုတ်တယ်နော် တိုတောင်းတဲ့ ဘဝမှာ လုပ်စရာ တာဝန်တွေက အများကြီးနော်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။