ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရွှေပါရမီယဉ်ကျေးမှုသင်တန်း









ဧရာဝတီစာကြည့်တိုက် ၀န်ထမ်းမိသားစုများက ကြီးမှူးဖွင့်လှစ်သည့် ရွှေပါရီ ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁) ကို ဧရာဝတီတိုင်း ၊ ပျဉ်းကတိုးကုန်း ကျေးရွာ၊ အ.မ.က (၂၁၁)တွင် (၂၆.၁၂.၂၀၁၀) မှ (၂၈.၁၂.၂၀၁၀) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါတယ်. . . သင်တန်းမှူးဆရာတော် အဖြစ် ဘဒ္ဒန္တဣန္ဒောဘာသ -မဟာမြိုင်ကျောင်း၊ မငြိမ်းလှကုန်း၊ ပုသိမ်မြို့မှ ဦးစီးသင်ကြားခဲ့ပါတယ်. .



ဦးထုပ်များ ဝေပေးနေစဉ်

သင်တန်းတက်ရောက် သူများ အား စာအုပ်၊ခဲတံ၊ပေတံ ၊ သင်တန်းစာအုပ် များ နှင့် ဆောင်းတွင်းကာလတွင် ကလေးများ နွေးထွေးစေရန်အတွက် သိုးမွေး ဦးထုပ်များကိုလည်း ပေးဝေခဲ့ပါတယ်...အဲဒီအပြင်...နေ့စဉ် အာဟာရအလှူ လည်းရှိသလို၊ ဆေးကုမ္ပဏီ တစ်ခုက လည်း Decolgen ၊ Vicee နှင့် အခြားဆေးဝါးများကို လည်း ပေးဝေလှူဒါန်းခဲ့ပါတယ်. . . .သင်တန်းစတင်ဖွင့်လှစ်သည့် ပထမနေ့မှစ၍ မုန့်ဟင်းခါး၊ ဒုတိယနေ့တွင် ကြာဇံကြော်၊ တတိယနေ့တွင် သာကူ စသည့် အာဟာရများကို ကျွေးမွေးလှူဒါန်းခဲ့ ပါသည်. .

အာဟာရကျွေးမွေးနေစဉ်



ရွှေပါရမီယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကတော့ . . . .

၁။ လူငယ်များ၏ သန္တာန်မှာ မှန်ကန်သော အသိဥာဏ်များ တိုးတက်ဖွံ့ဖြိုးလာစေရန်။

၂။ ယင်းအသိဥာဏ်ဖြင့် မိမိဆောင်ရွက်ချက်များအပေါ်တွင် အမှားအမှန်ကို ခွဲခြားဝေဖန်တတ်ပြီး အတ္တလွန်ကဲ သော လုပ်ရပ်များကို ရှောင်ကြဉ်ရန်။

၃။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်လိုသော စိတ်ကောင်း၊ စိတ်မြတ်များ ဖြစ်ပေါ်လာစေရန်။

၎။ ထူးခြားသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို တန်ဖိုးထားတတ်ပြီး ယင်းမြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ မြန်မာ့ လူငယ်လောကထဲ၌ ပြန်လည်ရှင်သန်လာစေရန်။

၅။ မိဘ၊ဆွေမျိုးစသော ပတ်ဝန်းကျင် လူသားများနှင့် ယဉ်ကျေးစွာ ဆက်ဆံတတ်ပြီး ကျစ်လျစ်ခိုင်မာလျက် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်အဖြစ် တည်ဆောင်နိုင်ရန်။

၇။ ဆင်းရဲအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အခြေခံလမ်းစရရှိရန်။

စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. သာဓု သာဓု သာဓု ... ၀မ်းမြောက်ဝမ်းသာဖြင့်


    ရည်ရွယ်ချက်လေးများကို အလွန်နှစ်သက်မိပါ၏။ ရည်မှန်းချက်များ အောင်မြင် ပေါက်မြောက် နိုင်ကြပါစေ

    ReplyDelete
  2. ခုမှ ရောက်ရ နှုတ်ဆက်ခွင့်ရတာကို နားလည်ခွင့်လွှတ်ပေးပါနော်ညီမငယ်။
    ပြီးခဲ့တဲ တလလုံး ဘယ်လိုမှ မအားလို့ပါနော်.။
    နှစ်သစ်မှာ ကျန်းမာရွှင်လန်းပျော်ရွှင်ပြီး လိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုမွန်တောင်း
    ပါတယ်။
    ခင်မင်တဲ့
    မသဒ္ဓါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။