ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မရှိမဖြစ်. . . . ရေ ( ၂ )

ကျွန်မတို့ ရဲခေါင်ကြီး(တောင်) ကျေးရွာမှာ လူဦးရေနဲ့ အိမ်ထောင်စုတွေ ပိုမိုများပြားတာကြောင့် ရေပေးဝေမှု ကို အချိန်ကြာမြင့်စွာ ပေးဝေခဲ့ပါတယ်. . . ရှေ့မှာ ပေးဝေခဲ့တဲ့ရွာတွေထက်လည်း ရေဝေရတာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါတယ်. . ဒါကြောင့် မြင့်မြတ်အလင်းအဖွဲ့သားများနဲ့ ရွှေစင်ကြယ် (၂) သဘောင်္မှ မိသားစုများ က ညစာကို ည ၁၀နာရီမှ အားလုံး တစ်စုတစ်ဝေး တည်း စားဖြစ်ကြပါတယ်. . .

အဖွဲ့သားတွေလည်း တော်တော် မောသွားပြီး ခဏနားပြီး နောက်နေ့ ရေပေးဝေမှု အစီအစဉ်များ ဆွဲသူက ဆွဲ သဘောင်္ဝင်လို့မရသော နေရာများသို့ စက်လှေဖြင့်ရေဗုံးများဖြင့် ပို့ရန် စီစဉ်သူ က စီစဉ်လျှက်ရှိပါတယ်. . . ကျွန်မတို့ (၂) ယောက်က တော့ ည ၁၂ နာရီခန့်မှာ အိပ်ရာဝင်ဖြစ်ပါတယ်. . .



"ကန့်ဘလာ" ကျေးရွာ
ကန့်ဘလာကျေးရွာသို့ လှေများဖြင့် ရေလာယူနေပုံ

မနက် (၅) နာရီမှာတော့ ရဲခေါင်ကြီး (တောင်) ကျေးရွာကနေပြီး ဆက်လက်ထွက်ခွာလာရာ ဟိုင်းကြီးမြို့နယ်ခွဲ "ကန့်ဘလာ" ကျေးရွာသို့ မနက် ၇ နာရီမှာ ရောက်ရှိခဲ့ပါတယ်. .. အဲဒီရွာလေးမှာလည်း ရွာရှိရေတွင်းများ ခန်းခြောက်သွားတဲ့ အတွက် သောက်ရေ သုံးရေ ရှားပါးခြင်း ဒုက္ခတွေ ခံစားနေရပါတယ်. . . . ရွာနဲ့ ဝေးကွာတဲ့ နေရာမှာ စမ်းချောင်းသေးသေးလေးတွေ မှ လည်းကောင်း တွင်းလေးများတူးပြီးရေကို မျှသုံးနေရပါတယ်. . . . ဒါပေမယ့် ၀ယ်မသုံးနိုင်သောသူများ နှင့် လှောင်စရာ ရေတိုင်ကီမရှိတဲ့ လူတွေ အတွက်ကတော့ သုံးစရာ ရေကို လုံးဝမရှိဘူးလို့ပြောပါတယ်. . .

ကန့်ဘလာကျေးရွာအနားမှာရှိတဲ့ ရေကျော်၊ ဘုရားလှ၊ သုံးခွ နှင့် အနီးရှိရွာများ ကိုတော့ သဘောင်္မ၀င်နိုင်တဲ့ အတွက်. . စက်လှေများငှားပြီး ဖြင့် ရေဗုံးများ တွင် ရေထည့်ပြီး ပို့ဆောင် ရေဝေပေးခဲ့ပါတယ်. . . အချို့ရွာများမှလည်း လှေငယ်လေးများဖြင့် တစ်ပိုင်တစ်နိုင် ရေဗုံးများဖြင့် လာရောက် သယ်ယူခဲ့ပါတယ်. . . မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့မှ ရောက်ရှိရာ ရွာများတွင် ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် ကိုလည်း သီးသန့် ရေများ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်. . . ကန့်ဘလာကျေးရွာ အနားမှာရွာများ မှာ ရေရှားပါးပြီး ရွာငယ်လေးများ များသဖြင့်. . .. ကန့်ဘလာရွာတွင် ရေပေးဝေမှု အချိန်ပိုကြာခဲ့ပါတယ်. .
.
အနီးရှိရွာများသို့ စက်လှေများဖြင့် ရေဝေငှနေပုံ

မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပြင်ခရိုင်မြို့နယ် ချောင်းဝကျေးရွာသို့ဆက်လက် ထွက်ခွာလာပြီး ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . . ကန့်ဘလာနှင့် ချောင်းဝ ကျေးရွာကြားတွင် . . နာဂစ် မုန်တိုင်းတိုက်ခိုက်မှု အခံရဆုံး ဘုန်းတော်ပြည့်ရွာ၊ ကျောက်ကလပ် ၊ဒီဒူးကုန်း၊ စသည့် အလယ်ကျွန်းတစ်လျှောက် ကျေးရွာများကို တွေ့ခဲ့ရပါတယ်. . . . နာဂစ်တိုက်တုန်းက ခုကျွန်မတို့ မြင်ရတဲ့ ရွာတွေက လက်ရှိ ပင်လယ်ရဲ့ ၂၈ ပေ အမြင့်ကို တက်အောင် တိုက်ခိုက်ခဲ့ပါတယ်တဲ့ . . . . . ချောင်းဝရွာမရောက်ခင် သာယာလှတဲ့ ဟိုင်းကြီးကျွန်းကိုလည်း လှမ်းမြင်နိုင်ပါတယ်. . .

ဟိုင်းကြီးကျွန်း

ချောင်းဝကျေးရွာ

ချောင်းဝကျေးရွာရောက်တော့ ရွာသားတွေက ရေအလှူ အဖွဲ့ကို လှိုက်လှဲ ပျူငှာစွာ ကြိုဆိုကြပါတယ်. . . . ချောင်းဝကျေးရွာက ပုဇွန်ခြောက်၊ ဂဏန်း၊ စသည့် ပင်လယ်ရေထွက်ပစ္စည်းများ ပေါများပါတယ်. . . . အိမ်ခြေလည်း များပြီး စီးပွားရေးကောင်းတဲ့ ကျေးရွာထဲမှာ ပါဝင်ပါတယ်. . . ချောင်းဝ ကျေးရွာမှာတော့ မြင့်မြတ်အလင်း အဖွဲ့မှ တစ်ချို့တစ်ဝက်မှာ ရေအလှူပေးရန်ကျန်ခဲ့ပြီး ကျွန်မတို့ (၂) ယောက်ကတော့ ကျန်သော မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ပြင်ခရိုင် မြောက်ကျောင်း ဘုန်းကြီးကျောင်းသို့ ဆရာတော် အခေါ်လွှတ်သော ကားနှင့် လိုက်ခဲ့ပါတယ်. . . . . ကားမှာ ချောင်းဝရွာထဲမှ ထွက်ပြီး ပြင်ခရိုင်သို့ အသွားတွင် နာဂစ် အတွက် ပြန်လည် တည်ဆောက်ပေးထားသော အိမ်များ ပြင်ခရိုင်မြို့အ၀င်တွင် Cyclone Shelter ကိုပါ တွေ့ခဲ့ရပါတယ်. . .


Cyclone Shelterr

မိနစ် ၃၀ ခန့် မောင်းပြီး ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ရေချို ထွက်ရှိပြီး ဆရာတော်မှ ရေမရသော အနီးအနားရွာများသို့ စက်လှေဖြင့် တစ်မျိုး ၊ ကားဖြင့် တစ်သွယ် လိုက်လံဝေ ငှပေးလျှက်ရှိပါတယ်. . . . ပြင်ခရိုင် မြောက်ကျောင်းမှ ကျွန်မတို့ ညနေ ၃ နာရီခန့်တွင် ပြန်လာပြီး ချောင်းဝရွာမှာ ညနေ ၃နာရီ ၂၀မိနစ်တွင် ပုသိမ်သို့ပြန်လည် ထွက်ခွာခဲ့ပါတယ်. . . .




ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း


မြောက်ကျောင်းဆရာတော် မှ ရေပေးဝေနေပုံ

လပွတ္တာမြို့နယ် တူးမြောင်းရွာ

ညနေ ၆ နာရီ ၃၀ ခန့်တွင် လပွတ္တာမြို့နယ် တူးမြောင်းရွာသို့ ၀င်ပြီး ရေများကို ပေးဝေခဲ့ပါတယ် ယခုအကြိမ်နှင့် ဆိုလျှင် တူးမြောင်းရွာ ကို ဒုတိယ အကြိမ်ပေးဝေခြင်းဖြစ်တယ် လို့ သိရပါတယ်. . . သဘောင်္ပေါ်မှ ရေဗုံးများဖြင့် ရွာသို့ အကုန်ပေးဝေခဲ့ပါတယ်. . . . ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆက်လက်ထွက်ခွာလာခဲ့ရာ ပုသိမ်မြို့သို့ . . . ည ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . .


တူးမြောင်းရွာတွင် ရေဗုံးနှင့်ရေများ ပေးဝေနေပုံ

ပုသိမ်မြို့ မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ရွေစင်ကြယ်သဘောင်္ အဖွဲ့သားအားလုံးက ရေအလှူ အတွက်ကို အားလုံး အမျှပေးပြီး သာဓု ခေါ်ဆိုခဲ့ပါတယ်. . . . . . ကျွန်မတို့နှင့် ရေလှူဒါန်းသော သူများ အားလုံးလှူဒါန်းသော ကုသိုလ် အဖို့ဘာဂ ကို စာဖတ်ပရိသတ်များကိုလည်း ကုသိုလ် အမျှ ပေးဝပါတယ် ရှင်. . . အားလုံး အမျှရ ပြီး သာဓု ခေါ်ဆို နိုင်ပါစေရှင်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...



9 comments:

  1. သာဓုခေါ်ရင်း လင့်ပါယူသွားကြောင်းရှင်...
    ရှေ့ဆက် အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေနော်..

    ReplyDelete
  2. သာဓု ခေါ်သွားပါတယ် ခင်ဗျား ... :)

    ReplyDelete
  3. ရေအလှူပေးဝေတာ တွေကြည့်ရမြင်ရတာ အားရ၀မ်းသာ စရာကြီးပါလား ညီမတို့..။
    အလှူဓါတ်ပုံများနဲ့တကွ ဖော်ပြပေးတာ ကျေးဇူးပါ။

    ReplyDelete
  4. သာဓု . . သာဓု. . .သာဓု . .

    ReplyDelete
  5. မွန်မြတ်သူတို့အလုပ်မို့ တကယ်လို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်ဗျာ။

    ReplyDelete
  6. သာဓု သာဓု သာဓု စိတ်ပါလက်ပါ သာဓုခေါ်သွားပါတယ်နော်မမ

    ReplyDelete
  7. ရေအလှူအတွက်အားကျိုးမာန်တက်လုပ်ကိုင်ပေးနေတာ
    ကိုတွေ့ရတာဝမ်းသာကြည်နူးမိပါတယ်။
    သာဓုခေါ်ပါတယ်..။အခက်အခဲရှိနေတဲ့သူတွေအားလုံး
    လည်းအဆင်ပြေချောမွေ့ကြပါစေ.။
    ကျန်းမာရွှင်လန်းပါစေ..
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  8. လှိုက်လှိုက် လှဲလှဲနဲ့ သာဓု ခေါ်သွားပါတယ်ရှင်

    ReplyDelete
  9. အဲဒီရေငန်ဒေသတွေ၊ ပင်လယ်ပိုင်းတွေဘက် မရောက်ဖြစ်လို့ .. ပင်လယ်ပျော် ရေငန်နေ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုတော့ စိတ်ပေါ့သွားပြီဗျာ။ သာဓု..အကြိမ်ပေါင်းများစွာ ခေါ်ဆိုလိုက်ပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။