ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပုသိမ်မြို့တွင် ပထမဆုံးအကြိမ်မိုးသည်းထန်စွာ ရွာသွန်း

ဧရာဝတီတိုင်း မြို့တော်ပုသိမ်တွင် ၂၀၁၀ခုနှစ် အတွက် ပထမဆုံး အကြိမ်အဖြစ် ယနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ပြင်းထန်သော လေနှင့်အတူ သည်းထန်သော မိုးသည် မေလ ၁၈ ရက်နေ့ မနက်အစောပိုင်းဖြစ်သော မနက် ၃ နာရီခွဲခန့် အချိန်တွင် ရွာသွန်းခဲ့ခြင်ဖြစ်ပြီး ရွာသွန်းချိန် မကြာမြင့်သော်လည်း မိုးသည်းထန်သည်ဟု သိရသည်။

“မနက် ၃ နာရီလောက် လေတွေတအားတိုက်လာလို့ တစ်အိမ်လုံးလန့်နိုးကုန်တယ်။ လေကပြင်းတော့ တစ်အိမ်လုံး သိမ့်သိမ့်ခါ နေတာ။ အဲဒါနဲ့ ရှိသမျှ ပြတင်းပေါက်တွေ လိုက်ဖွင့်ရတယ်။ ပြီးတော့ မိုးပါရွာလာတာ။ ရွာတာ သိပ်အချိန်မကြာပေမယ့် မိုးသည်းတယ် ရေလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် မိုးရွာလိုက်တော့ တော်တော်လေးတော့ နေရထိုင်ရတာ သက်တောင့် သက်သာရှိသွားတယ်” ဟု မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောပါသည်။

ပုသိမ်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းအထိ နေမထွက်သေးဘဲ မိုးဖွဲလေးများ ကျလျက်ရှိသေးသည်။ နွေရာသီကာလ တစ်လျောက် ပြင်းထန်ဆိုးရွားသော အပူဒဏ်ကို ခံခဲ့ရသော ဤဒေသအတွက် မိုးရွာသွန်းမှုကြောင့် အပှုရှိန် အတော်အသင့် လျော့နည်းသွား၍ လူအများ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်လာသော်လည်း မိုးဆက်လက် မရွာပါက ပိုမိုပူပြင်းလာမည်ကို မြို့နေလူထုက စိုးရိမ်လျက်ရှိသည်။

ယခုကဲ့သို့ မိုးရွာသွန်းမှုသည် မေလ ၁၇ ရက်နေ့တွင်ပင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအား နည်းရပ်ဝန်းတစ်ခု စတင်ဖြစ်နေသောကြောင့် ဖြစ်ပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါက မုန်တိုင်းမိုးအဖြစ် ဆက်လက် ရွာသွန်းဖွယ်ရှိသည်ဟုလည်း သိရှိရပါသည်။ မိုးရွာသွန်းမှုကြောင့် စိတ်ချမ်းသာရသော်လည်း လေပြင်းတိုက်ခတ်၍ မုန်တိုင်းဝင်မည်ကိုတော့ အထူးစိုးရိမ်ကြောင်း မြို့နေလူထုအချို့က ပြောကြားသည်။

အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော မြို့တော်ရန်ကုန် တွင်လည်း ယခုနှစ်၏ ပထမဆုံးအကြိမ်အဖြစ် မနေ့က နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင် မိနစ် ၂၀ ခန့် မိုများ စတင်ရွာသွန်းခဲ့ကြောင်း သိရသည်။

မြို့တော် ပုသိမ်သတင်းစဉ် မှ ကူးယူဖော်ပြပါသည်

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. မိုးရွာပြီ ကြားရလို့ တော်တော်ပျော်သွားတယ်။
    အဲဒါမဟုတ်ရင်တော့ မတွေးရဲစရာနော်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  2. အမပန်းကဗျာ ရန်ကုန်မှာလဲ ၁၇ရက်နေ့ မနက်ပိုင်း၁၁နာရီ လောက်ကစပြီးမိုးရွာတယ် ဒီကနေ့ မနက် ၁ နာရီမှာ လေတွေ အပြင်းအထန်တိုက်ပြီး ဒီကနေ့လဲ မိုးဆက်ရွာနေတယ် အားလုံးအတွက်နဲ့ အထူးသဖြင့် ရေဒုက္ခရောက်နေသူ အတွက် ဝမ်းသာမိတယ် အမရေ။

    ReplyDelete
  3. ရန်ကုန်မှာလည်း ရွာလို့ တော်တော်ပျော်နေတယ် အမရေ..

    ReplyDelete
  4. မြန်မာမှာ မိုးရွာပြီလို့ သိရတာ ၀မ်းသာလို့မဆုံးဘူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။