ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလှကမ္ဘာမြေ


ညီမငယ် မက်မက် တဂ်တဲ့ မြန်မာသံစဉ်သီချင်းထဲက တိမ်လွှာမို့မို့လွင် ရုပ်ရှင်ထဲက ၀င်းဦး သီဆိုခဲ့တဲ့
"အလှကမ္ဘာမြေ " သီချင်းကို
ပန်းကဗျာ က အရမ်းကြိုက်ပါတယ်. . . အရင်ခေတ်က သီချင်းဆိုပေမယ့် ခုချိန်ထိ ဘယ်အချိန် ပြန်နားထောင် နားထောင် နားထဲမှာ စွဲနေဆဲမို့လို့ပါ . . . ဒါကြောင့် ဒီသီချင်းလေးကို City Fm မှာ ချိုပြုံး သီဆိုထားတဲ့ "အလှကမ္ဘာမြေ " မြန်မာသံစဉ်သီချင်း
ကို ပန်းကဗျာ က ရွေးချယ်လိုက်ပါတယ် . . .




"အလှကမ္ဘာမြေ"


ဤကမ္ဘာမြေပြင်ပေါ်တလွှားဝယ် သူငါများတို့ရယ်

အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ်

တကယ်မမောပန်းစေရန်ကိုကွယ် ပြောပြောပြမယ်

ကိုယ့်ဌာနေ ၀န်းကျင်မှာကွယ် တကယ်ပင် အလှရှိတယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


ဒီဘုံဘွေကြုံလေသမျှဝယ် သဘာဝတရားအလှရယ်

ဘ၀ရဲ့သစ္စာမည်တယ် ခိုင်မာ အမြဲမြစ်တွယ်

တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှတယ်

တကယ့်အလှနဲ့ သစ္စာမှာကွယ်

သဘာဝ အခင်းဖြစ်တယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


တေးဆို - မူရင်း (၀င်းဦး)
ချိုပြုံး၊

အားလုံးကိုချစ်ခင်လေးစားလျှက်...



10 comments:

  1.ို ကိုယ်ကျိုးမငဲ့ပဲ ကမ္ဘာမြေ ကို ပိုမို အလှဆင်နိုင်ကြတဲ့
    မောင်မယ်တွေ နိုင်ငံတဝှမ်း များပြားထွန်းကား လာနိုင်ပါစေဗျာ။
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    ReplyDelete
  2. သီချင်းလေးကို ခံစားသွားပါတယ်။
    ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ

    ReplyDelete
  3. ဒီသီချင်းလေးက ငယ်စဉ်ထဲက ကြားခဲ့ရတာ ခုထိပေမယ့် မရိုးသွားသေးဘူးနော်။
    စာသားတွေကို သေသေချာချာ ဖတ်ကြည့်မှ
    ကာရံရော အဓိပ္ပါယ်ရော သိပ်ကောင်းမှန်း ပိုပြီး သိရတော့တယ်။

    ReplyDelete
  4. ဒီသီချင်းကို နေ့အိပ်မက်လည်း တော်တော်ကြိုက်တယ်.. ၀င်းဦးဆိုတာကြောင့်ရော... အဓိပ္ပာယ်ကြောင့်ရော
    ဒါနဲ့ စိတ်ထဲမှာစွဲနေတာက စလုံးနဲ့ဟုတ်

    ReplyDelete
  5. ကြိုက်တယ် ကြိုက်တယ်....အဲ့ဒီသီချင်းကို.... စာသားက ရေလည်အဓိပါယ်ရှိတယ်။
    ကိုယ့်ပတ်ဝန်းကျင်မှာ အကယ်ကို အလှရှိပါတယ်။း)

    ကွန်နက်ရှင် မကောင်းတဲ့ကြားက တင်ပေးလို့ ကျေးဇူးပါ တီတီ.....တကယ်ပြောတာ။



    အာဝါးးးးးးးးးးးးးးးအမြှောက်ဆယ်သိန်းးးးနော်..
    အဟီးး တီတီနှစ်ယောက် တယောက် ငါးသိန်းးခွဲယူကြ........မလုနဲ့နော်....း)

    ReplyDelete
  6. ဟုတ်တယ် ညီမရေ အမလည်း အဲဒီသီချင်းကိုကြိုက်တယ်။ ပထမ အဲဒီသီချင်းတင်မလားလို့တောင် စဉ်းစားမိသေး။
    တကယ်မရိုးနိုင်ဘူး။
    နားထောင်လိုက်ရလို့....ကျေးဇူးပါ။
    အဆင်ပြေပျော်ရွှင်ကြပါစေ။

    ReplyDelete
  7. အရမ်းကောင်းတဲ့ သီချင်းလေးပါ
    ဘယ်တော့မှ မရိုးနိုင်တဲ့ သီချင်းလေးပေါ့

    ReplyDelete
  8. အဓိပ္ပာယ်ပြည့်ဝတဲ့ စာသားနဲ့ သီချင်းတပုဒ်ပဲ...

    တကယ်တော့ သဘာဝတရားရဲ့ အလှကသာ စစ်မှန်တဲ့ အလှတရားပါ...

းဝ)

    ReplyDelete
  9. သီချင်းနားထောင်သွားပါတယ်။
    ကြိုက်တယ်အဲဒီသီချင်းလေးကို ...
    ပျော်ရွှင်ပါစေနော်။

    ReplyDelete
  10. ငယ်ဘ၀ ရဲ့ လွမ်းမောဖွယ် အသံတွေကို

    ပြန်ကြားလာမိပါရဲ့ ...

    ကျေးဇူးပါ ဗျာ ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။