ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လွမ်းနေဆဲပါ ပိတောက်ဝါ



"လွမ်းနေဆဲပါ ပိတောက်ဝါ"

နှစ်ဆန်းခါ နွေအရောက်မှာဖြင့်
ချစ်ပန်းဝါ ရွှေပိတောက်တွေက
ကြိုင်လှောက်လို့ ပွင့်ငုံစီ။

ခြွေမခူးသာဘူး
လေလူးရာ ဘယ်ညာယိုင်လို့
ပိတောက်ခိုင် ကိုယ့်ကို စိမ်းသည်မို့
နွဲ့ယိမ်းကို မပန်သာော့
ကံကြမ္မာ ဖန်လာ အနွဲ့မှာဖြင့်
ချန်ခဲ့ရပြီ။

အတွေးမှာ သံသယတွေကြောင့်
ဝေးကမ္ဘာ အပြန်မလှလေတော့
ဆွေးကဗျာ အနန္တပေပေါ့
ဆံမြ ကေရှင်ဆီ၌
ငွေမင်ရည် သီသီစွက်သော်လည်း
ငယ်ချစ်ဆွေ ရွှေတစ်ခက်ကိုဖြင့်
မေ့ရက်ဖို့ ခက်ပါသည်
ကန္တာဆီ တစ်ယောက်ထဲ (တည်း)။

သြော် . . . အချစ်ကို အချိုဆမ်းပါလို့
အပြစ်ဆို ငိုမတမ်းသာဘူး
ကိုယ့်လမ်းကိုယ်သာထွင်လို့
ခရီးနှင့် တွင်တွင်လျှောက်ရပေမယ့်
တစ်ယောက်ဆို တစ်ယောက်ထဲ (တည်း)
ပိတောက်ဆို ပိတောက်ပဲရယ်မို့
ဖောက်လွဲကာ အချစ်တွေ မဆုံးသေးပါဘူး။

ကိုယ်မုန်းလျှင် ကိုယ့်အပြစ်
ကိုယ်ချစ်တော့ ကိုယ့်စေတနာ
ကိုယ့်နေရာ ဘယ်မှာရှိစေတော့
ချစ်မိသူ ရွှေတစ်ခက်ရယ်က
ဆက်ရန်သာ လက်မကမ်းသော်လည်း
သက်ခန္ဓာ ပျက်မကျွမ်းလေသရွေ့ ပိတောက်ရယ်
လွမ်းငွေ့ဝေဆဲ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. ခုနောက်ပိုင်း ကာရံနဲ့ ကဗျာတွေ သိပ်မဖတ်ရတော့ဘူး.. ချစ်စရာ ကဗျာလေး တင်ပေးတဲ့ အတွက် ကျေးဇူး..

    ReplyDelete
  2. ကဗျာလေး ဖတ်သွားပါတယ်အစ်မရေ.။ လွမ်းစရာပါပဲ...။

    ReplyDelete
  3. လွမ်းပါတယ်ဆိုနေမှ။ ကဗျာလေးက ထပ်နှိပ်စက်ပြန်ပြီ။း(

    ReplyDelete
  4. ညီမလေးလဲ ပိတောက်တွေကို လွမ်းမိတယ် ..
    ဒီနှစ် ပိတောက်ပန်းတောင် မမြင်လိုက်ရလို့  ...

    ReplyDelete
  5. ကာရန်နဲ့ ကဗျာလေး အရမ်းကို ကောင်းတယ်ဗျာ ...

    ReplyDelete
  6. ဟန်းးးအန်းးးးးးအန်းးးးးးးးးး ရဖူးရဖူးးးးး

    စာသားပဲဆိုတော့ ဘယ်လိုသံစဉ်နဲ့ နားထောင်ရမလဲ မသိ... ဟိဟိ.........ကဗျာလိုလိုဖြစ်နေတော့ သိဘူး........

    ဒီသီချင်းကို မကြားဖူးဘူးးးးးးးးးးးတီတီရ.....

    နောက်ကျရင် သံစဉ်ရောထည့်ပေးလေနော်......

    ခုတော့စည်းကမ်းချက်နဲ့ မညီပေမယ့်ကွန်နက်ရှင်ကြောင့် နားလည်ပါတယ်......
    ခုလိုတင်ပေးတာကိုပဲ ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ပါနော် တီတီ၂ယောက်


    အာဝါးးးးးးးးးးအမြှောက်နှစ်သိန်းးးးးးးးးးးးးးးးးးးးးးးးးး

    တယောက်တသိန်းခွဲယူ.....ဟိဟိ :P

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။