ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အရှင့်မျက်နှာသာလျှင်



တစ်နေ့သ၌ ဘုရင်မင်းမြတ်သည် ခရမ်းချဉ်သီးဟင်းနှင့် ပွဲတော်တည်ရာ အပါးတွင် အမြဲခစားနေသော စကားတောင်စားအမတ်အား . . .

"ခရမ်းချဉ်သီးဟင်းနဲ့ ပွဲတော်တည်ရတာ အရသာရှိလိုက်ပါဘိ. . . "

"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ အလွန်အရသာရှိပါတယ် ဘုရား . . ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေပါတယ် ဘုရား . . . ." ဟု စကားတောင်စားအမတ်က အလိုက်သင့်လျှောက်ထား၏. . .

သို့ရာတွင် နောက်တစ်နေ့၌ ဘုရင်မင်းမြတ်သည် စကားတောင်စား အမတ်ကြီးအား အပါးတော်သို့ ခေါ်တော်မူ၍ "ခရမ်းချဉ်သီးဟာ လေနာ ထသလား အမတ်ကြီး ၊ ကိုယ်တော်မြတ် အခုလေနာ ထနေပြီ. . . "

"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ လေနာ၊ ရင်နာထတတ်တဲ့ အသီးဖြစ်လို့ ပွဲတော်တည်ရန် မသင့်ပါဘုရား . . . လေစား သက်သက် ဖြစ်ကြောင်းပါ. . . " ဟု လျှောက်တင်ပြန်သည်. .

ထိုအခါ ဘုရင်မင်းမြတ်သည်. . .
"သယ် . . ခုတစ်မျိုး . . ခုတစ်မျိုးပါလား . . . မနေ့တုန်းက တော့ ခရမ်းချဉ်သီးဟာ အစာကြေတယ်. . ဓာတ်လေးပါး ညီတယ် . ပွဲတော်တည်ဖို့ကောင်းတယ် လို့ လျှောက်တင်ခဲ့တယ်. . . ခုတော့ ခရမ်းချဉ်သီးဟာ ပွဲတော်တည်ဖို့ မသင့်ဘူး . . ဖြစ်ပြန်ပြီ. . . မောင်မင်းလျှောက်တင်တဲ့ စကား ရှေ့နောက်မညီပါကလား . . ."

"မှန်လှပါ . . . ကျွန်တော်မျိုးဟာ ခရမ်းချဉ်သီး က သူကောင်းပြုထားသူမဟုတ်ပါ. . . ဘုန်းတော်ကြီးလှသော ဘုရား သူကောင်းပြုထားတဲ့ ကျေးတော်မျိုး. . . ကျွန်တော်မျိုးသာ ဖြစ်တဲ့အတွက် ခရမ်းချဉ်သီးရဲ့ အလိုလိုက်ပြီး မတင်နိုင်ပါဘုရား . . အရှင်မင်းမြတ်ရဲ့ ကျွန်, တော်မို့ အရှင့်အလိုကို လိုက်ပြီး တင်ရကြောင်းပါဘုရား . . . "ဟု လျှောက်တင်၏။

စကားဆုံးလျှင် ဘုရင်မင်းမြတ်ပြုံးတော်မူ၍ အတွင်းတော်သို့ ၀င်၏။

စကားတောင်စားများ( သိမ့်သိမ့်နွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...

12 comments:

  1. မမရေ ............ စာကားတောင်စား အမတ်ရဲ့ အဖြေလေးကို သဘောကျ နှစ်ခြိုက်လို့ ပြုံးမိပါတယ်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ခရမ်းချဉ်သီးက တကယ်လေနာထတတ်သလား မသိဘူး။

    ReplyDelete
  3. အခုနေခောတ်များတော့ ကြိုးစင်ပဲ... ဟင်းဟင်း..


    ခင်မင်တဲ့
    ဂျပန်ကောင်လေး

    ReplyDelete
  4. အလျှောက်ကောင်းမှ အထောင်းသက်သာမှာ မဟုတ်လား အမရဲ့ :)

    ReplyDelete
  5. ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်မှ..
    အဆင်ပြေမယ်ဆိုပါတော့နော်...
    ဟုတ်ပါတယ်..အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုသလိုပေါ့ခင်ဗျာ
    ပျော်ပါစေ
    *.*.*

    ReplyDelete
  6. လူဆိုတာ အခြေနေနဲ့အချိန်ခါသိရတယ် ဆိုတဲ့သဘောပေါ့အစ်မရေ..။
း)

    ReplyDelete
  7. ပေါင်းတတ်သင်းတတ်မှ
    အရာရာ အဆင်ပြေနိုင်မယ် ...
    သူ့ ဆန်စားရဲမှ ... ဆိုသလိုပေါ့ နော်
    ဒါနဲ့  စကားမစပ် ...
    ညီမလေးလည်း ခရမ်းချဉ်သီးအရမ်းကြိုက်တယ်
    သိလား ... :P

    ReplyDelete
  8. ငါ့အစ်မတို့၊ ငါ့ညီမတို့လည်း ခရမ်းချဉ်သီး ကြည့်စားဦး။ အဟေး

    ReplyDelete
  9. အော်.. သွေးလှူတာတဲ့။ ရက်စက်ပါပေ့။

    ReplyDelete
  10. အဲလိုနည်းနဲ့ ညာစားနေသူတွေ ကောင်းစားနေကြတာပေါ့...

းဝ)

    ReplyDelete
  11. အယ်.... မမိုက်ပါဘူး မမရယ် နော်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။