ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကျိုးပေးတာက တစ်မျိုး ကံကတခြား



လောကတွင် လူတစ်ချို့က ဒုစရိုက်ရှောင်ပြီး ကုသိုလ်ကံတွေ လုပ်ပါတယ် ၊ ကြိုးစားပါတယ် ၊ ရိုးသားပါတယ်၊ မိဘမျိုးရိုးလည်း ကောင်းပါတယ်၊ ရုပ်ရည်လည်း သန့်ပြန့်ပါတယ်. . . ဒါပေမယ့် ဘ၀ဟောင်းက ကံအကြောင်းမလှလို့ဘဲ ဆိုရမလား . . .ကံမရှိ ဥာဏ်ရှိတိုင်းမွဲ လို့ပဲ ဆိုရမလား မသိဘူး သူတို့ခမျာ ရွှေငွေမ၀တ်နိုင်၊ အိမ်ပိုင်၊ယာပိုင်၊ မရှိ။ ကားတွေတိုက်တွေ ဆိုတာတော့ ဝေလာဝေးပါ. . . ရှာလိုက်၊ စားလိုက်၊ ပြောင်းလိုက်၊ ရွှေ့လိုက်၊ ကြွေးတင်လိုက်၊ ပြန်ဆပ်လိုက်၊ ထပ်ချေးလိုက်၊ ထပ်အဆင်မပြေနဲ့သံသရာ လည်နေပါတယ်. . .

လူတစ်ချို့က ဘာသာရေး အရေးပေးလိုက်စားတယ်၊ ငါးပါးသီလမြဲတယ်၊ သူတစ်ပါး နစ်နာအောင်လည်း ဘယ်တော့မှ မလုပ်ပါဘူး ၊ဒုစရိုက်ရှောင်ပြီး သုစရိုက်ဆောင်ပါတယ်. . . . သူများကို သူကနစ်နာအောင် မလုပ်ပေမယ့် သူများကို နစ်နာအောင် လုပ်တာကို ခံကိုခံနေရတယ်. . . မကြာခဏ ကြုံကိုကြုံ၊ ဆုံကို ဆုံရတယ် . . .

ယခုဘ၀မှာ သူဟာ လူကောင်းပါတယ် . . . ဒါပေမယ့် ငွေအလိမ်ခံရတာလည်း ခကြာခဏ၊ ဖျားနာ ဆေးရုံတက်ရတာတွေကလည်း အကြိမ်ကြိမ်ပါ. . . . သူများက စေတနာကို ဝေဒနာပြန်ပေးတာတွေမျိုးလည်း ဖြစ်ရ၊ အဲလိုလူမျိုးတွေလည်း လောကမှာ ရှိပါတယ်.. အဲလိုမျိုးတွေကြတော့ ဟိုဘ၀က သူမကောင်းခဲ့လို့ပါ. . .

အတိတ်ကံစွဲက အရိပ်သဏ္ဍာန်မည်းကြီးတွေပဲ အလိုက်ခံနေရပါတယ် . . . . ဟိုဘ၀ဟိုကိုယ်စံ၊ သည်ဘ၀ သည်ကိုယ်ခံဆိုတာမျိုးပါ. . . . သည်လိုပုဂ္ဂိုလ်မျိုးကျတော့ ဟိုဘ၀က ဘယ်လိုစံခဲ့မှန်း မသိ . . . ယခုဘ၀မှာ အမှန်ပြုပေမယ့် ကံအထုတွေ ပြန်စုပြီး ခံရရှာတယ် ထင်ပါတယ်. . . .

သုစရိုက်မဆောင်ဘဲ ဒုစရိုက်ဘောင်ထဲ သံသရာ ကျင်လည်ပြီးကြီးပွားလို့ စီးပွားတက်နေသူမျိုးလည်း ရှိပါတယ်. . . မကောင်းတဲ့ အလုပ်၊ လိမ်ညာပြီး ရှာတဲ့ စီးပွားနဲ့ ယာယီကြီးပွားနေသူမျိုးလည်းရှိပါတယ်. . . . မခံရခင်မို့ ဟန်ကျလို့ အဆင်ပြေနေပြန်ပါတယ်. . . ဘုရားမရှိခိုး၊ ဥပုသ်မစောင့်ဘဲ တစ်ကိုယ်ကောင်း စီးပွားရှာရာက ကြီးပွားနေသူလည်း ရှိတတ်ပါတယ် . . . မကောင်းကံ အကျိုးမပေးသေးတော့ ကပြောင်းကပြန် အဖြစ်ဆိုးတွေ မခံစားရသေးဘူး . . . .

ဆင်းရဲပေမယ့် လမ်းမှန်၊ ကမ်းမှန်ကိုသာ ရဲရဲလျှောက်ပါ . . . . . ယခုဘ၀တွင်မရတာ . မပြေလည်တာ မှန်သမျှ နောက်ဘ၀မှာရမယ်လို့ ယုံကြည်ထားပါ. . . . ဒုစရိုက်လုပ်သူ ၊ မတရားစီးပွားရှာသူ၊ တစ်ကိုယ်ကောင်းသမား၊ အချောင်ကြီးပွားသူများ ဟာ သံသရာလမ်းမှားကို သွားနေတာဖြစ်ပါတယ်. . . မကောင်းမှုလုပ်ပြီးကြီးပွားနေ သူများကို အထင်ကြီးအတုမယူမိပါစေနှင့်. . . . .

လောကမှာ လူအမျိုးမျိုး ၊ကံအမျိုးမျိုး၊ ဘ၀အမျိုးမျိုး ၊ အဖြစ် အမျိုးမျိုးပါပဲ၊ အမှန်တော့ မိမိပြုခဲ့ဖူးတဲ့ ကံအတိုင်း ပါ ပဲ . . . . ကံဆိုတာ အလွန် နူးညံ့ဆန်းကြယ်တဲ့တရား ဖြစ်ပါတယ်. . . . အကျိုးပေးက တစ်မျိုး ကံကတခြားဖြစ်နေပေမယ့် စိတ်မညစ်ပါနဲ့ . . . လူ့ဘ၀ရခိုက်မှာတော့ ကောင်းကံတွေကို ရအောင် အတတ်နိုင်ဆုံး ကြိုးစားရမှာ ဖြစ်ပါတယ်. . . .

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်...


11 comments:

  1. လက်ရှိကံကို ပြောင်းလဲလို့ရတယ်လို့တော့ ကြားဖူးပါတယ်။ မိမိပြုတဲ့ ကုသိုလ် အကုသိုလ်ကံက လက်ရှိ ကံတရားကို ပြောင်းလဲ စေနိုင်သလို နောက်ဘ၀တွေမှာလည်း လိုက်ပါနိုင်မယ်လို့ ဆိုတာပဲ အမရယ်...။
    ဘ၀အကျိုးပေးတွေပေါ့နော်။ တချို့လည်း ဖြစ်ချင်တာတွေ မဖြစ်လာပဲ မဖြစ်ချင်တာတွေ ဖြစ်လာရင် ကံကိုသာ ရိုးမယ်ဖွဲ့တတ်ကြတယ်နော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. အသေအချာကို မှတ်သားသွားပါတယ်ခင်ဗျာ...

    သံသရာဆိုတာ ကြောက်ဖို့ကောင်းပါတယ်...

    ReplyDelete
  3. တကယ်ကောင်းတဲ့ အနှစ်သာရစာစုလေးပဲဗျာ......

    ReplyDelete
  4. သိပ်ကောင်းတဲ့ ပို့ စ်လေးပါ ခုချိန်မှာကိုယ်ဖြစ်နေရတာ
    ရှေးကုသိုလ်ပေါ့ နောင်သံသရာအတွက်ကတော့ခုတည်း
    က ကုသိုလ်စုဖို့ လိုတယ်ဆိုတာ ဒီပို့ စ်လေးကသက်သေပါဘဲ

    ReplyDelete
  5. မှန်ပါတယ် ... ကံဆိုတာ မိမိတို့ရဲ့စိတ်ကိုအရင်းခံပြီး ပြုလုပ်လိုက်တဲ့အရာသမျှက မိမိကိုပြန်အကျိုးပေးတာပဲ၊ ချက်ချင်းပေးတာနဲ့ အချိန်ယူပြီးပေးတာပဲကွာပါတယ်။ အားလုံးဟာ အတူတူပါပဲ။

    ReplyDelete
  6. စာကောင်းပေမွန်လေး ဖတ်လိုက်ရလို့ ကျေးဇူးအထူးပါ

    ပျော်ရွှင်ပါစေ

    ReplyDelete
  7. ကြွေးဟောင်းကိုလည်း ဆပ်ရတယ်။ ကြွေးသစ်ကိုလည်း ချရတယ်လို့ ပြောရမှာပေါ့နော်

    ReplyDelete
  8. အမှန်တရားတွေပဲနော် ကိုယ်ပြုခဲ့တဲ့ကံတရားဟာ မျက်နှာမလိုက်ပဲ ပြန်ဆိုက်ရောက်လာတာမျိုးပေါ့ အမရယ်

    ReplyDelete
  9. ဗုဒ္ဓဘာသာ တိုင်း ကံ ကံရဲ့ အကျိုး ရှေးဘဝကံ နောက်ဘဝကံ ကို လေးလေးနက်နက် ယုံကြည်ကြပါတယ်။

    ဝိသမ လောဘသားတွေကတော့ ဘနဖူးလည်း သိုက်တူးမှာဆိုတော့ နောက်ဖြစ်နောက်ခံ ပဲ သဘောထားကြတာပါပဲ

    ReplyDelete
  10. မရေ....
    အရမ်းကောင်းတယ်နော်။ မှတ်သားသွားပါတယ်။
    လူ့ဘဝရခိုက် ခဏမှာတော့ ကိုယ်ရိတ်ချင်တဲ့အတိုင်းပဲ စိုက်မိဖို့ လိုအပ်တာပေါ့နော်။

    ReplyDelete
  11. ပိုစ့်ကောင်းတစ်ပုဒ်ပါပဲ။ မျှဝေတာကျေးဇူး
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။