ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပီတိမင်းသားနှင့် ပျံလွှားငယ်(၃)

အငိုတိတ်သွားသော ကလေးငယ်

နောက်တစ်နေ့ မိုးသောက်တဲ့အခါပျံလွှားငှက်ငယ်က မြစ်ဆိပ်သို့ ပျံသွားပြီးရေချိုးတယ်။ ပြီးတော့ "ငါအီဂျစ်နိုင်ငံ ကိုသွားတော့မယ်ဟေ့လို့ "ဟစ်ကြွေးလိုက်ပါတယ်...မိုးချုပ်ပြီး လမင်းပေါ်ထွက်လာတဲ့အခါမှာ ပီတိမင်းသားထံ ပျံလွှားငှက်ငယ် ပျံသွားပါတယ်... "အရှင်မင်းသား . . . ကျွန်တော်နှုတ်ဆက်ဖို့လာခဲ့တာပါ... ကျွန်တော် ကနေ့ည အီဂျစ်ကိုသွားတော့မယ်. . . . " "ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညလောက်ခိုနားပါဦးလားကွယ်. . "
"ဆောင်းရာသီရောက်နေပြီသခင်ရဲ့၊ အီဂျစ်နိုင်ငံမှာနေရောင်တွေက ပူနွေးတယ်. . . ထန်းပင် အုန်းပင်များ ထက်မှာ ကျွန်တောတို့ခိုနားပြီး နေစာလှုံနိုင်တယ်. . . ကျွန်တော်တို့ရဲ့အဖော်တွေက ဘားလတက် ဘုရားရှိခိုးကျောင်းရဲ့ အမိုးထက်မှာ အသိုက်တွေဆောက်ကြမယ်. . . ကျွန်တော်လည်း ၀ိုင်းကူဆောက် ပေးရမှာပါ.. ကျွန်တော်ဆက်နေလို့မဖြစ်တော့ ဘူး အရှင်မင်းသားရဲ့ . . " လို့ပြောတယ်. . .
မင်းသား က "ပျံလွှားငှက်ငယ် . . ဟိုးကုန်းမြင့်အောက်က စတုရန်းကွက်မြက်ခင်းပေါ်မှာ ကလေးမတစ်ယောက မတ်တတ်ရပ်ပြီးငိုနေရှာတယ်. . . သူ့ဖခင်က သူ့ကိုမီးခြစ်တွေရောင်းခိုင်းလိုက်တာ. . . မီးခြစ်တွေက ရေမြောင်းထဲ ကျသွားလို့ ပျက်စီးကုန်ပြိး ငွေမပါဘဲ အိမ်ပြန်သွားရင် သူ့အဖေကသူ့ကို ကြိမ်လုံးနဲ့ရိုက်တော့မယ်ကွယ့် . . ဒါကြောင့်သူငိုနေတာ.. ကျန်နေတဲ့ ငါ့နီလာမျက်လုံး တစ်လုံးကိုဖြုတ်ယူပြီး ကလေးမကို ပေးလိုက်ပါ. . ငှက်ငယ်ရယ် . . နီလာလုံးပါလာရင် သူ့ဖခင်က ၀မ်းသာပြီး သမီးကိုဖက်လှဲ တကင်း ကြိုဆိုမှာပေါ့ကွယ်.."
"ငှက်ငယ်က ကောင်းပါပြီ အရှင်မင်းသား . . . ကျွန်တော်သည်မှာ တစ်ညထပ်မံပြီးခိုနားပါမယ်. . . ဒါပေမယ့်အရှင်မင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကျွန်တော်မဖြုတ်ရက်ဘူး.. ဖြုတ်လိုက်ရင် အရှင်မင်းသား အကန်းဖြစ်သွားမှာပေါ့ . . . " "ပျံလွှားငှက်ငယ် . . ငါအမိန့်ပေးသလိုလုပ်စမ်းပါကွာ...... "ငှက်ငယ်က မလွဲသာတော့ ဘဲ နီလာမျက်လုံးကို ဖြုတ်ယူလိုက်ရတယ်. . . ပြီးတော့ အရှိန်နဲ့ပျံဆင်းသွားပြီး ကလေးမရဲ့လက်ထဲကို နီလာလုံး ထည့်ပေးလိုက်တယ်....
"ဟင်. . .သိပ်လှတဲ့ ဖန်လုံးလေးပါလား ဖေဖေ့ကို ငါပြန်ပြမယ်. . " ကလေးမလေးကအငိုတိတ်ပြိး မြူးမြူးကြွကြွနဲ့ အိမ်သို့ပြန်ပြေးသွားပါတယ်. . . သူ့အဖေက နီလာလုံးမှန်းသိတော့ သမီးကိုဖက်ထားတာပေါ့ . . .

သစ္စာရှိသော ပျံလွှားငှက်ငယ်

ပျံလွှားငှက်ငယ်က အဲသည်အဖြစ်ကလေးကို လိုက်ကြည့်ပြီးမြင်လိုက်ရတော့ သိပ်ပျော်သွားတယ် ပြီးတော့ မင်းသားထံ ပြန်လာတယ်. . . "အရှင်မင်းသား သခင်က မျက်စိနှစ်ဘက်လုံး ကန်းနေပြီမို့ သခင်နားမှာပဲ ကျွန်တော် အမြဲနေပါတော့မယ်. . . " မင်းသားက "မဖြစ်ဘူး ပျံလွှားငှက်ငယ်ရဲ့ . . ရာသီဥတုပူနွေးတဲ့ အီဂျစ်နိုင်ငံကို မင်းသွားမှဖြစ်မယ်. . " " ဟင့်အင်း အရှင်မင်းသားနဲ့ပဲ အမြဲအတူနေမယ် " လို့ပြောပြီး ငှက်ငယ်က မင်းသားရဲ့ ခြေဖမိုးထက်မှာ နားဝပ်ပြိး အိပ်စက်ပါတော့တယ်.. .
နောက်နေ့မှာ မင်းသားရဲ့ပခုံးပေါ်မှာ နားပြီးသူမြင်တွေ့ခဲ့တဲ့ အဖစ်တွေကို တစ်နေကုန်ပြောပြပါတယ်. . . အဲဒီမှာ မင်းသားက "ချစ်ဖွယ်ကောင်းတဲ့ ပျံလွှားငှက်ငယ် အမောင်ပြောတဲ့အကြောင်းအရာတွေထက် အံ့သြစရာကောင်း တာက ယောကျာ်းများနှင့် မိန်းမများ ခံစားနေရတဲ့ ဒုက္ခများ အကြောင်းပေါ... သင် ငါတို့မြို့ပေါ်ကို အမောင်ပျံသွားပါ. . ဘာတွေမြင်ရသလဲဆိုတာ ငါ့ကို ပြောပြနော် လို့ပြောသတဲ့.. . "
ပျံလွှားငှက်လေးလည်း မြို့ကြီးပေါ်ကို ပျံသွားလိုက်ကြည့်တယ်. . . ချမ်းသားတဲ့လူတွေက ကလှပတဲ့ အိမ်ကြီးထဲမှာ ပျော်၂ရွင်၂ ခံစားနေခိုက်မှာ သူတောင်းစားများက သူတို့အိမ်ဝမှာ ရပ်စောင့်နေတာကိုတွေ့ရတယ်.. . မှောင်နေတဲ့လမ်းကြားမှာ အာဟာရပြတ်ပြိး မျက်နှာဖြူဖပ်ဖြူရော်နဲ့ တစာစာ ငိုကြွေးနေတဲ့ ကလေးတွေကိုတွေ့ရတယ်. . .


အပိုင်း(၄) ကိုဆက်ဖတ်ပါရန်..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

3 comments:

  1. ပျံလွှားငှက်ငယ်လေးက နောက်ထပ် ဘာတွေသွားရောက်ကြည့်ရှုပြီး ပီတိမင်းသားလေးကို ပြန်ပြောပြမလဲ မသိဘူး။

    နှစ်ယောက်လုံး(နှစ်ကောင်လုံး) အဲ... မပြောတတ်တော့ပါဘူး။ သနားစရာလေးတွေရယ်ပါ။
    ရေးရင်းနဲ့ ငိုမနေနဲ့ဦးနော်။

    ReplyDelete
  2. ဦးဇင်းပြောသလိုဘဲ ရေးရင်းနှင့်ငိုကြွေးမနေနဲ့ဦးနော်။
    စာဖတ်သူတွေ မျက်ရည်ကျဖို့လဲ ချန်ထားဦး။

    စာရေးတဲ့သူတွေ မု(ဒ်)၀င်လာရင် စာဖတ်သူ မျက်ရည်မကျခင် အရင်မျက်ရည်ကျလေ့ရှိတယ်။

    ရွှင်ရွှင်ပျပျနဲ့ ရေးသားနိုင်ပါစေ။

    ReplyDelete
  3. တကယ်ကောင်းတဲ့ ပိုစ်လေးကို မျှဝေပေးတဲ့ အတွက် ကျေးဇူးပါဘဲ..အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။