

ငှက်ကျား ဟာ ဘယ်စားလို့ရပါ့မလဲ. . . ဒီတော့ အစာငတ်ပြီးနေရော. . . ပေါ.
"၀မ်းနည်းပါတယ်ဗျာ၊ ဒီစွပ်ပြုတ်ကို ခင်ဗျားမကြိုက်ဘူးထင်ရဲ့" . . . လို့ မြေခွေးကပြောသတဲ့ . . .
ဒီတော့ ငှက်ကျားက "တောင်းပန်စရာမလိုပါဘူး၊ အခုလိုဖိတ်တဲ့ အတွက် ကျွန်တော့ဆီလည်း မကြာခင် အလည်လာပြီး ညစာလာစားပါအုံး" လို့ ချိန်းဆိုလိုက်သတဲ့ . . ..
ငှက်ကျား ချိန်းဆိုတဲ့နေ့ကို မြေခွေးက ညစာစားဖို့လာသတဲ့. .
ထမင်းစားပွဲမှာ သူတို့ထိုင်လိုက်တယ်. . ညစာဟာ အ၀ကျဉ်းကျဉ်းလည်တံ အလွန်ရှည်တဲ့ ကရားထဲရှိသတဲ့. . . ဒီကရား မှာ မြေခွေးရဲ့ နှာသီးကို ဘယ်သွင်းလို့ရမလဲကွယ်. . . ဒါကြောင်းမြေခွေးဟာ ကရားရဲ့ နှုတ်ခမ်းအပြင်ဘက် ကိုသာလျက်ရုံပဲလေ. . .
ဒီတစ်ခါငှက်ကျားက ဆိုသတဲ့ "အခုလိုညစာကျွေးရတာ ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး " လို့ပြောလိုက် သတဲ့ . . .
လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ)"၀မ်းနည်းပါတယ်ဗျာ၊ ဒီစွပ်ပြုတ်ကို ခင်ဗျားမကြိုက်ဘူးထင်ရဲ့" . . . လို့ မြေခွေးကပြောသတဲ့ . . .
ဒီတော့ ငှက်ကျားက "တောင်းပန်စရာမလိုပါဘူး၊ အခုလိုဖိတ်တဲ့ အတွက် ကျွန်တော့ဆီလည်း မကြာခင် အလည်လာပြီး ညစာလာစားပါအုံး" လို့ ချိန်းဆိုလိုက်သတဲ့ . . ..
ငှက်ကျား ချိန်းဆိုတဲ့နေ့ကို မြေခွေးက ညစာစားဖို့လာသတဲ့. .
ထမင်းစားပွဲမှာ သူတို့ထိုင်လိုက်တယ်. . ညစာဟာ အ၀ကျဉ်းကျဉ်းလည်တံ အလွန်ရှည်တဲ့ ကရားထဲရှိသတဲ့. . . ဒီကရား မှာ မြေခွေးရဲ့ နှာသီးကို ဘယ်သွင်းလို့ရမလဲကွယ်. . . ဒါကြောင်းမြေခွေးဟာ ကရားရဲ့ နှုတ်ခမ်းအပြင်ဘက် ကိုသာလျက်ရုံပဲလေ. . .
ဒီတစ်ခါငှက်ကျားက ဆိုသတဲ့ "အခုလိုညစာကျွေးရတာ ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး " လို့ပြောလိုက် သတဲ့ . . .
ကိုယ်ကမကောင်းကြံလျှင် သူကလည်း မကောင်းကြံသည်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
ပန်းကဗျာ=အီစွတ်
ReplyDeleteစိတ်ထားမမှန်သူနှစ်ယောက်ရဲ့
တူသော အကျိုးပေးလေး လာဖတ်ပါတယ်။
စိတ်ရင်းမှန်နိုင်ကြပါစေ
တစ်ဦးနဲ့ တစ်ဦးကြား ကောင်းမွန်သော တုံ့ပြန်မှုများ ဖြစ်နိုင်ကြစေ ဆန္ဒပြုသွားပါတယ် မပန်းကဗျာ။
ReplyDeleteပန်းကဗျာ
ReplyDeleteအဲဒီသဘော ပြောခဲ့တာ မဟုတ်ပါဘူး။ စာကြည့်တိုက်က စာတိုင်းကို နှစ်သက်ပါတယ်။ နှစ်သက်တဲ့ အကြောင်းလဲ အမြဲ ပြောခဲ့ပါတယ်။ =အီစွတ်ဆိုပြီး စခဲ့တာပါ။ စိတ်ဆိုးပါနဲ့။ ဘွာတေး။
ဒီလိုပါဘဲ။ သတ္တ၀ါတိုင်းမှာ အတုံ့အလှည့်ပြုလုပ်တတ်ကြပါတယ်။ သတိသံဝေ ယူစရာပေါ့လေ။
ReplyDeleteသား သား ကိုရေ ည စာဖတ်ကျွေးမှာလား ဟင် ..။
ReplyDeleteကြိုက်ဧ။်..။ (စာ)
အတုယူသင့်ပါတယ် ကိုယ့်ဘက်က ကောင်းနေတယ်ဆို အနည်းဆုံးတော့ ကိုယ့်လိပ်ပြာ လုံပါတယ်။ ဆက်ရေးပါအုံး
ReplyDeleteမှတ်သားစရာလေးမို့ မှတ်သားသွားပါတယ်။
ReplyDeleteThanks for sharing.
မဖတ်ဖြစ်တဲ့ စာတွေ အကုန်စု ဖတ်သွားတယ်နော်
ReplyDeleteအမြဲအားပေးနေပါမယ်။
အလွန်ခင်မင်တဲ့ မိတ်ဆွေတွေလည်းဆိုသေး
ReplyDeleteမြေခွေးက ကျီစားတာလို့ လည်း ဆိုသေး
ဧည့်သည်ပြန်တဲ့ထိ ကျီစားတာပါကွာလို့ လည်းမပြော
ငှက်ကျားကလည်း ကလှည့်စားချေတယ်။
အလွန်ခင်မင်တဲ့ မိတ်ဆွေတွေ မဟုတ်တော့ဘူး။
လစ်သလို ဆော်မယ်ဆိုတဲ့ မိတ်ဆွေတုတွေပဲ။
လောကမှာ မိတ်ဆွေစစ်ရှားတယ်။