ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကျေးဇူးရှင်ကြီးပါ

တစ်နေ့တွင် ခင်ပွန်းဖြစ်သူ အပြင်မှအိမ်သို့ ပြန်ရောက်လာသည်။ ခန်းဆီးနောက်ကွယ်၌ ဖိနပ်မပါဘဲ ရပ်နေသည့် ခြေထောက်နှစ်ဖက်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ဇနီးဖြစ်သူကို ဒေါသတကြီးမေးလိုက်သည်။
"ဟေ့ -မိန်းမ ဒါဘာသဘောလဲကွ"
"မောင် --မောင်တို့ခင်တို့ တယ်လီဖုန်းရအောင် ဘယ်သူလုပ်ပေးလဲ။မောင် မှတ်မိသေးတယ်မဟုတ်လား"
"မင်းကိုမေးတာ တယ်လီဖုန်းအကြောင်းမဟုတ်ဘူး ဒီခြေထောက်နှစ်ချောင်းကို မေးနေတာ"
"မောင်ရယ် မောင်တို့ခင်တို့ ကားပါမစ်ကျအောင် ဘယ်သူလုပ်ပေးလဲ၊မောင်သိတယ်မဟုတ်လား"
"အေး မော်တော်ကားအကြောင်း မေးနေတာမဟုတ်ဘူး"
"မောင်ရယ်--- မောင်ရာထူးတိုးအောင် ဘယ်သူလုပ်ပေးလဲ"
"အေး --ငါမေးနေတာက ငါတို့တိုးတက်ကြီးပွားအောင် လုပ်ပေးတဲ့ ကျေးဇူးတွေ အကြောင်းမဟုတ်ဘူးကွ....။
ငါတို့ရဲ့ ကျေးဇူးရှင်ကြီး ဘာဖြစ်လို့ ဖိနပ်မပါဘဲ ရပ်နေရသလဲဆိုတာ မေးနေတာကွ...."

ရယ်စရာမဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

4 comments:

  1. အဟဲ ကျေးဇူးရှင်ကြီး သူမဖြစ်နေတာကိုး ဘာတွေ အလိုမကျဖြစ်လို့ ရှေးဖြစ် ဟောင်းနှောင်းတွေ ပြန်ဖော်နေသလဲတော့ မသိဘူးနော်။

    ReplyDelete
  2. ကျေးဇူးရှင်ကို အဲသလောက် သိတက်ပါလား
    ကောင်းမှကောင်း ရှယ်ပဲ ရှယ်ပဲ

    ReplyDelete
  3. ဟားဟား... တွေးတွေးပြီး တအားရယ်သွားတယ်.. တီတီကဗျာရေ... အင်း.. ကျေးဇူးရှင် စိတ်တိုင်းကျ
    ဧည့်ခံနေတာ ဖြစ်မယ်နော်.. ဟိဟိ....

    ကျေးဇူးရှင်ကို ကျေးဇူးဆပ်တဲ့နည်းလေးက... ဟိဟိ. ..တညှိုးဖဲ....

    :P :P

    ReplyDelete
  4. ကျေးဇူးရှင်တွေဆို ဝေးဝေးက ရှောင်ခိုင်းရမယ်။

    ကျေးဇူးဆပ်နည်းကလဲ ကြောက်စရာကြီးပါလား။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။