ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လက်ဆောင်



ကျွန်မတို့အားလုံး သူငယ်ချင်းများ ၊ မိတ်ဆွေများ၊ ဆွေမျိုးများကို လက်ဆောင်လေးတွေ ပေးခဲ့ဖူးကြပါတယ်.. . ပေးတဲ့နေရာမှာ ကိုယ်ပေးတဲ့လက်ဆောင် ဟာတန်ဖိုးရှိဖို့ မလိုဘူး.. ပေးတဲ့သူရဲ့စေတနာသာလိုအပ်ပါတယ်.. ပေးသင့်ပေးထိုက်တဲ့ အချိန်မှာ ပေးသင့်ပေးထိုက်တာကို ပေးရင် လက်ခံတဲ့သူကလေည်း ကျောက်တုံးတစ်တုံး ဖြစ်နေပါစေ စိန်တစ်ပွင့်လို တန်ဖိုးထားပါတယ်...
လက်ဆောင်ပေးရာတွင် တန်ဖိုးကြီးစရာမလိုပဲ အတွေးဖြင့်ဆင်ခြင်ပေးရန်သာလိုပါသည်.... စာဖတ်ဝါသနာ မပါသည့် သူကို စာအုပ်လက်ဆောင်ပေးခြင်းသည် အချည်းအနှီးဖြစ်ပေလိမ့်မည်. . . ဂေါက်ရိုက်ဝါသနာပါသည့် သူကိုလည်း ဂေါက်နှင့်ပတ်သက်သည့် လက်ဆောင်များ ကိုသာပေးပါ က သူ့အတွက် အလွန်တန်ဖိုးရှိမည် ဖြစ်ပါသည်. .
အောင်မြင်ချင်လျှင် ပေးကမ်းရသည်. . . "ပေးကမ်းခြင်းသည်အောင်မြင်ရာ" ဆိုသည်မှာ ရှေးကတည်းက ကျင့်သုံးလာ ကြသည့်နည်းတစ်ခုဖြစ်သည်. .
ပေးကမ်းရာတွင် အကြောင်းမဲ့ပေးခြင်းမဖြစ်ရ. . . . ဥပမာ. မွေးနေ့လက်ဆောင် နှစ်ပတ်လည်၊ နှစ်သစ်ကူး၊ ခရစ်စမတ်၊ လက်ထပ်ပွဲ စသည့် အထိမ်းအမှတ်နေ့များတွင် လက်ဆောင်ပေးသင့်ပါသည်. .
နိုင်ငံခြားသွားလျှင် ကိုယ့်နိုင်ငံနှင့်ပတ်သက်သည့် အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးသင့်ပါသည်. . . နိုင်ငံခြားသားများသည် တိုင်းတစ်ပါးမှ အထိမ်းအမှတ်ပစ္စည်းလေးများကို အထူးနှစ်သက်တတ်သည်. . . လက်ဆောင်ရသူအနေဖြင့် ကိုယ့်ကို ဂရုစိုက်သူအဖြစ် ထင်မြင်စေနိုင်ပါသည်. . . . လတ်တလော အကျိုးမခံစားရလျှင်သာရှိမည်. . . စေတနာအကျိုးကိုတော့ ခံစားရပါလိမ့်မည်. . . .

သူငယ်ချင်းများ အားလုံးလည်း ကိုယ့်ချစ်သူခင်သူများအတွက် အမှတ်တရ လက်ဆောင်လေးများရွေးချယ် ပေးနိုင်ပါစေလို့. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

14 comments:

  1. ဒိုကတော့ ယုံဘူး လက်တွေ့ ပြ မှ ယုံမယ်။
    လက်ဆောင်ရသူအနေဖြင့် ကိုယ့်ကို ဂရုစိုက်သူအဖြစ် ထင်မြင်စေနိုင်အောင်.......... ဒန်တန်
    လာထားးးးးးးးးးးးးးးးး... :n: :f:

    ReplyDelete
  2. ပေးကမ်းခြင်းသည်အောင်မြင်ရာ ဆိုတာကို လုံးဝမှန်ကန်တယ်။
    ဘာမှမကြည့်နဲ့ ရွာမှာပဲကြည့်လေ ဘယ်ရုံးပဲသွားသွား၊ ဘာပဲလုပ်
    လုပ်၊ ကိုယ်ကတောင်မပေးရသေးဘူး သူတို့က အရင်တောင်းတာ
    အားလူံးအသိပဲလေ

    ReplyDelete
  3. မှန်၏ ထို့ကြောင့် ကျွန်တော့်အတွက် လက်ဆောင်တစ်ခုလောက် ....ဟိ
    (ဘာမှလည်း ဆိုင်ဘူး)

    ReplyDelete
  4. အမပြောတာမှန်ပါတယ် ဒါပေမယ့် ဟေမာန့်ချစ်သူက ဘာလက်ဆောင်ပေးပေး မယူဘူးအမရယ် သူပေးတာကျတော့ အမှတ်တရဆိုပီး ယူရတယ်လေ

    ReplyDelete
  5. မမျှော်လင့်တဲ့အချိန်မှာ
    မထင်မှတ်ဘဲရခဲ့တဲ့ လက်ဆောင်လေးက
    ပိုပြီး အမှတ်တရ ဖြစ်စေတာ အမှန်ပါပဲ။

    ReplyDelete
  6. ပေးခြင်း ပေး ကိုယ်ကဘဲ ပေးချင်တယ် ပြန်တော့မယူခြင်းဘူးဗျာ :c

    ReplyDelete
  7. ပန်းကဗျာရေ
    လက်ဆောင်လေးတွေ အကြောင်းဖတ်မှတ်သွားတယ်။ သူ့အကြိုက်ကို အရင်သိမှ လက်ဆောင်ပေးရမှာပေါ့နော်

    ReplyDelete
  8. ချစ်စရာ အလေ့အထလေးပေါ့။ ဖတ်မှတ်သွားပါတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  9. လက်ဆောင်အဖြစ်
    comment ရေးပေးသွားတယ်ဗျာ
    အောင်မြင်ပါစေ

    ReplyDelete
  10. လက်ဆောင်ဆို ကိုယ်ကလည်းပေးချင်တယ် .. လက်ဆောင်ရရင်လည်းပျော်တယ် .. ဘယ်လိုလက်ဆောင်မျိုးပဲဖြစ်ဖြစ်ပါ ..း)

    ReplyDelete
  11. ကိုယ်နဲ့ ပတ်သက်သူတွေကို လက်ဆောင်ကောင်း ပေးနိုင်ဖို့ သတိရသွားတယ်။ ကိုယ်လဲ ရချင်မိတာပါပဲ။ ရလာတဲ့ လက်ဆောင် ပစ္စည်းတွေကိုတော့ တန်ဖိုးထားဖို့ တာဝန် ရှိတယ်။

    ReplyDelete
  12. ဟုတ်တယ် ညီမလေးရေ... တန်ဖိုးနည်းတာ များတာထက်... လက်ဆောင်အပေးခံရတဲ့သူ ကြိုက်တတ်တဲ့ လိုအပ်နေတဲ့ပစ္စည်းမျိုးကို သေချာစဉ်းစားပြီးပေးရင် နှစ်ဦးနှစ်ဘက်ပျော်ရသလို တကယ်လည်း အမှတ်တရ ဖြစ်ပါတယ်... ယူရတာထက် ပေးရတာ ပိုပျော်စရာကောင်းတယ်လို့လည်း အစ်မတော့ ယုံကြည်ပါတယ်။ ပို့စ်ကောင်းလေးပါ ညီမလေး ပန်းကဗျာရေ...

    ReplyDelete
  13. ဟုတ်ပ့ါနော်..။
    တန်ဖိုးဆိုတာ သတ်မှတ်သူအပေါ်မှာပဲမူတည် တယ်.. ဆိုတော့ ကာ ကိုယ့်လက် ဆောင်ကို လက်ခံတဲ့သူ အတွက်တန်ဖိုးရှိတဲံ့လက်ဆောင်ပဲဖြစ် သင့်တာပေါ့..။
    ကောင်းဧ။်..။

    ReplyDelete
  14. :K:
    ဟုတ်တာပေါ့။ တန်ဖိုးရှိတဲ့လက်ဆောင်လေးတွေ ပေးတက်ကြပါစေ
    မင်းမင်းလည်း သူ့ကို လက်ဆောင်ပေးချင်လိုက်တာ သူက ဟင်းမချက်တက်တော့ ကြက်ဥ လက်ဆောင်ပေးမလားလို့။ ဒါဆိုရင်လည်း သူ့အတွက် လက်ဆောင်ကောင်းပေါ့နော် ။ ဟုတ်တယ်မဟုတ်လားဟင်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။